Ep-18

705 27 2
                                    

*UNICODE*

မမနှိုင်းအပေါ် ဘာလို့ဒီလောက်သဲသဲလှုပ်နေလဲ သိချင်စိတ်ကထိန်းမရတော့။ မမနှိုင်းဘေးရှိသမျှလူတိုင်းက မမနှိုင်းကိုသိပ်ကောင်းကြတာ။ အကြောင်းတော့ရှိမယ်ဆိုတဲ့အတွေးနဲ့။

"နှိုင်းကခုတလော​ မျက်နှာသိပ်မကောင်းဘူး အဲ့တာကြောင့် သူ့အတွက် ဒီလိုသီးသန့်ကမ္ဘာ​လေးဖန်တီးပေးချင်တာ"

ကောင်းကင်ကိုမော့ကြည့်ပြီး အဓိပ္ပာယ်​ပါတဲ့အပြုံးတွေနဲ့ ပြောနေပုံက တကယ်ကို မြင်သူတိုင်းငေးချင်စရာ။သိပ်ခန့်ငြားလိုက်တာအစ်ကိုရယ်။

"ဒါနဲ့အစ်ကို... ကျွန်တော်စည်းကျော်သလိုဖြစ်ပေမယ့်​ တစ်ခုလောက်သိချင်လို့ မေးလို့ရမလား"

နှုတ်ခမ်းလေးတွန့်ရုံပြုံးပြီး

"​မင်းလိုချာတိတ်က စည်းကျော်တဲ့စကားတွေဘာတွေပြောနေတာဆိုတော့ မေးကြည့်​ပေါ့​ ငါမဖြေနိုင်တဲ့မေးခွန်းမျိုးဆိုရင်တော့ ဖြေပေးမှာမဟုတ်ဘူး"​

မျက်လုံးလေးအရောင်လက်သွားကာ သိချင်စိတ်နဲ့ရှေ့တိုးမေးမိတယ်။

"​ကျွန်တော်စာမေးပွဲမဖြေခင်ကလေ အစ်မလာအိပ်တဲ့ညကိုမှတ်မိတယ်မလား​ အဲ့ညက​ ကျွန်တော်တစ်ရေးနိုးလို့ရေထသောက်တော့... "

"​မင်းကြားသွားတာပဲ"

ဆွေးဆွေးမြေ့မြေ့အသံနဲ့ဖြတ်ပြောလိုက်တဲ့အစ်ကို့ကိုကြည့်ပြီး 'အင်း'​တစ်လုံးသာဖြေပြီးခေါင်းငုံ့ထားလိုက်တယ်။ ဘာအကြောင်းမှန်းမသိပေမယ့်​အစ်ကိုဝမ်းနည်းသွားတာသိသာလှတာကြောင့်ဆက်မမေးဖြစ်တော့။ အတော်ကြီးကိုတိတ်ဆိတ်သွားပြီးမှ​ သက်ပြင်းကြိတ်ချကာ တစ်ခွန်းခြင်းပြောလာတဲ့အစ်ကို။

"နှိုင်းက ညဆိုအိပ်ပျော်သွားမှာသိပ်ကြောက်တာ"​

ပြောရင်းဘယ်လောက်ဝမ်းနည်းနေလဲဆိုတာ​အစ်ကို့မျက်ဝန်းထဲကမျက်ရည်တွေကသက်သေပါ။

"သူအိပ်ပျော်သွားတိုင်း အတိတ်ကပုံရိပ်တွေက ရုပ်ရှင်တစ်ကားလိုအသေးစိတ်ကအစအိမ်မက်အဖြစ်ပြန်မြင်ယောင်တတ်တယ်လေ"​

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now