Ep-04

1.3K 56 0
                                    

!Unicode!

အဆောင်ရှေ့ကားရပ်ပေးရင်း

"ဟဲ့... ဒီ​ Sunday ဆေးရုံသွားရင်ငါလိုက်ခဲ့မယ်"

"အိုခေ....အိမ်ကိုကောင်းကောင်းပြန်နော် ခြေရှည်ပြီး ဘယ်မှဝင်မေနဲ့ကြားလား"

"ဟုတ်ကဲ့ဗျ"

"ဘုန်း"

ဆရကလုပ်ပြီး ကားတံခါးဆောင့်ပိတ်ကာ ထွက်သွားတဲ့ကျောပြင်ကိုကြည့်ပြီးပြုံးရင်း အိမ်ပြန်လမ်း​ဆီသို့........

×××××××××××××××××××××××××××××××××××

" ဟဲ့.... ငါအချဥ်ပေါင်းစားချင်တယ်"

"​နင့်ပါးစပ်ကလည်း စားလဲစားနိုင်တယ်​လက်ထဲကအာလူးကြော်တွေတောင်မကုန်သေးဘူး"

"​တစ်ခါတစ်လေ ရှေ့နားမှာ အချဥ်ပေါင်းသည်လေးတွေ့တယ် ဖြည်းဖြည်းမောင်း ငါရပ်ဆိုတာနဲ့ရပ်"

ဘေးဘီကြည့်ရင်း အမိန့်တွေစွတ်ပေးနေတဲ့ သူငယ်ချင်းဖြစ်သူကိုမျက်စောင်းလှည့်ထိုးပြီး ကားကိုအရှိန်လျှော့ကာဖြည်းဖြည်းမောင်းလိုက်သည်။

"​အယ်....တွေ့ပြီ....ဒီနားမှာပဲရပ်လိုက်...ဘယ်လိုလဲ....ငါပြောတာမှန်တယ်မလား ဒီနားမှတွေ့နေကျပါဆို.... ဟဲ့​ဟဲ့....အချဥ်ပေါင်းသည်ကောင်လေးက အဆင်လေး​နော်"

"နင်က​ ဒါပဲ​ အဲ့ကောင်ကိုငမ်းချင်လို့ ရုတ်တရက်အချဥ်ပေါင်းစားချင်သွားတာမလား"

"မဟုတ်ဘူးပြောရင်လဲ လိမ်ရာကျဦးမယ် အချဥ်ပေါင်းလဲစားချင်တယ် အဆင်လဲငမ်းချင်တယ်​ ခဲတစ်လုံးတည်းနဲ့ငှက်နှစ်ကောင်ပစ်သလိုမျိုးပေါ့ အဟိ"

"​အဟင်း.... ဟုတ်မှလဲလုပ်နော် တော်ကြာ အိမ်ကဒေါသကုမ္မာရ သိလို့ မိုးမီးလောင်နေမယ်"

"​ဟယ်...ငါငမ်းတယ်ဆိုတာ ငါ့အတွက်မဟုတ်ဘူးသက်လား ချောတိုင်းလဲငမ်းတာမဟုတ်ပါဘူးဟယ်​ခုဟာက uke ရုပ်ကလေးသိလား အဟိ​ ဘယ်လိုနေနေချစ်စရာလေး အနားရောက်မှသေချာကြည့်ကြည့် နင်ပစ်ကြွေသွားမယ်"

"ဘာ​ uke​ လဲ​ ဘာတွေလာပြောနေတာလဲ ငါကကောဘာလို့ကြွေရမှာလဲ နင်ဟာလေ​ ငါအခြောက်တွေကြည့်မရတာသိရက်နဲ့"

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now