Ep-25

699 27 2
                                    


ဒင်နာကလူငယ်တွေပွဲမို့ လွပ်လွပ်လပ်လပ်ပျော်ပျော်ပါးပါး။ မနက်ကတည်းကပင်ပန်းနေတာကြောင့် ဝိုင်လေးနည်းနည်းသောက်ရုံနဲ့တင်လူကမူးနေပြီ။ ဟိန်းသူအတင်းလာတိုက်တဲ့ဘီယာတွေတစ်ခွက်ပြီးတစ်ခွက်သောက်ရင်းလူကလစ်နေပြီ။

ကိုကိုကသူ့သူငယ်ချင်းတွေနဲ့တစ်ခြားဝိုင်းမှာ။ ဒါနဲ့ဇိမ်းကဘယ်ပျောက်သွားတာလဲ။ ယိုင်တိုင်တိုင်နဲ့ ဟိုတယ်ထဲပြန်ဝင်ပြီး ဇိမ်း​အခန်းဘက်ခြေဦးလှည့်လိုက်တယ်။ အခန်းရှေ့ရောက်တော့ ဟနေတဲ့တံခါးကမြင်ကွင်းကြောင့် အမူးတွေပါပြေပြီး မျက်လုံးတွေပါပြူးလို့။

"What the Fuck"

အမလေး....။ ကြက်သည်းတွေပါထတယ်။ နံရံမှာသတိုးကိုဖိကပ်ထားပြီး ဇွတ်တွေနမ်းနေတဲ့ ဇိမ်း​ပါပဲ။ ဟိုကရုန်းလေ သူကဇွတ်တိုးနမ်းလေ။ ဟဲ့... လောကကြီးဘယ်လိုတွေဖြစ်သွားတာလဲ။ ကျေနပ်လိုက်တာဟယ်။

ရှေ့ကိုငမ်းနေတုန်း​ နောက်ကအသံတွေကြားတာကြောင့် အခန်းတံခါးကိုသာသာလေးပြန်ပိတ်ပေးပြီး နောက်ပြန်လှည့်လာလိုက်တယ်။ အခန်းထောင့်ကဘွားခနဲထွက်လာတဲ့သူကြောင့်ပိုပြီးမျက်လုံးပြူးရပြန်တယ်။

"သဲ... ဘယ်တွေလျှောက်သွားနေတာလဲ"

"ဟို... ဟို.... ဇိမ်းဆီလာတာ​ ကိုကိုကကော"

နောက်ကအခန်းဘက်လက်ညှိုးညွှန်ပြပြီး ပြန်မေးလိုက်တယ်။

"ကိုလဲ​ဧကရာဇ်​ဆီလာတာ​အဲ့ကောင်ဘယ်လောက်ထိမူးနေလဲ အခြေနေကြည့်ဖို့"

"အာ... ဒါဆိုသွားကြည့်မနေတော့နဲ့ သူအိပ်နေပြီ သဲလဲပင်ပန်းနေပြီ သွားအိပ်ရအောင်"

ရုံးပတီသီးဆီသုတ်ထားတဲ့အသံနဲ့ပြောပြီး ရင်ခွင်ထဲပစ်ဝင်လိုက်တယ်။ ဘာဖြစ်ဖြစ် ခုချိန် ဧကရာဇ်​အခန်းဘက်ကိုမသွားဖို့ကအဓိက။

နှုတ်ခမ်းကိုလာထိတဲ့ နွေးထွေးတဲ့အထိအတွေ့။ နည်းနည်းတော့ကြောက်ပေမယ့်​လက်ထပ်ပြီးသားမို့ မလွှဲသာတဲ့အဖြစ်။ ဇိမ်းရေ... နင်ဇိမ်နဲ့နှပ်ဖို့ ငါ့ဘဝကြီးပေးဆပ်ရတော့မယ်ထင်တယ်...။ ကယ်တင်ကြပါဦး​ဟဲ့။

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now