Ep-09

920 36 2
                                    

!Unicode!

ဧကရာဇ်တစ်ယောက်ရေမိုးချိုးကာ သီချင်းတအေးအေးနဲ့ အဝတ်လဲနေခိုက်

"ဧကရာဇ်... ဒီနေ့နှုိင်းဘယ်သွားမှာလဲ​ မင်းသိလား"

တနင်္ဂနွေ​နေ့ဖြစ်၍ နှိုင်းက အချဥ်ပေါင်းရောင်းမှာကြောင့် အင်ပါယာကို အပြင်သွားဖို့ငြင်းလိုက်တယ်ထင်ပါရဲ့

အမှန်တိုင်းပြောလို့ကလဲမဖြစ်သေး

"အဲ.... ဟိုလေ သေချာတော့မသိဘူး သူဒီနေ့ကောင်းတာတစ်ခုခုလုပ်မယ်လို့တော့ပြောတယ်"

"​ငါ့လဲ အဲ့လိုပြောတာပဲ ဘာတွေလုပ်ဦးမလဲမသိဘူး​"

သူ့ဘာသူငြီးတွားရင်း ဧကရာဇ်ဘက်ပြန်လှည့်ကာ

"မင်းကရော ဒါကဘယ်လဲ"

အဝတ်လဲနေတဲ့ဘက်လှည့်ပြီး​အလိုမကျစွာမေးကာ အဖြေမစောင့်ဘဲ ပြန်ထွက်သွားသည်

"​ရော... စော်ကမအားဘူးပြောတာနဲ့​ရူးများသွားပြီလားမသိ"

တစ်ယောက်တည်း​ပြောပြီး​ တစ်ယောက်တည်းကိုယ့်စကားကိုပြန်သဘောတွေကျကာ ရယ်လိုက်ပြီး နှိုင်း​ ဘယ်သူမှမသိအောင်ဝယ်ထားတဲ့ ကွန်ဒိုကိုထွက်လာခဲ့သည်

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

"အစ်မ.... ဘယ်လိုကြီးဝတ်လာတာလဲ"

ကွန်ဒိုရှေ့ကားရပ်ကာ သတိုးကိုမြင်တော့ သူ့ဆီလျှောက်သွားရင်း

"ဒီကောင်လေး​ဘယ်သူနဲ့စကားပြောနေတာပါလိမ့်"

သတိုးတစ်ယောက်ကိုပဲမြင်ကာ​ တစ်ခြားတစ်ယောက်က သစ်ပင်နဲ့ကွယ်နေ၍ မမြင်ရ

အနားရောက်မှ

"ချာတိတ်....ဘယ်သူနဲ့စကားပြောနေတာလဲ"

မျက်စိရှေ့က စုတ်ချာချာအဝတ်နဲ့ နွမ်းဖတ်ဖတ်ဦးထုပ်ဆောင်းထားတဲ့တစ်ယောက်ကိုမေးငေါ့ပြကာ

"သူက​ဘယ်သူလဲ​"

သတိုးကကြောင်တောင်တောင်ပြန်ကြည့်ပြီး

"အစ်ကိုတစ်ကယ်မမှတ်မိဘူးလား"

"ကိုယ်တို့အရင်ကတွေ့ဖူးလို့လား"

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now