Ep-22

664 24 2
                                    


"အ​သဲလေး.... ဒီမှာလာကြည့်စမ်း ဒါတွေနဲ့ဆိုကိုကြီးအချစ်ကလေးနဲ့သိပ်လိုက်မှာ"

နောက်တစ်ပတ်ဆို အလုပ်​ကိစ္စ​နဲ့​စင်္ကာပူပြန်ရမှာမလို့ ညီမလေးကိုအချိန်ပေးပြီး shopping ထွက်လာတာ။ ဂျီးများလွန်းတဲ့ကလေးမက ဟိုဟာလဲမကြိုက် ဒီဟာလဲမကြိုက်နဲ့ရွေးလို့မပြီးနိုင်။ နောက်ဆုံးကျွန်တော်ညွှန်ပြတဲ့အဝတ်တွေကိုပဲရွေးလိုက်တယ်။

"​ကိုကြီး... ရေခဲမုန့်စားချင်တယ်"

နှုတ်ခမ်းလေးဆူပြီးကလေးတစ်ယောက်လိုပူဆာနေလေရဲ့။ ဝယ်လာတဲ့အထုပ်တွေဆွဲရင်းရေခဲမုန့်ဆိုင်ပြန်ရှာရပြန်တယ်။

တစ်နေကုန်​ ဝယ်ချင်တာဝယ် စားချင်တာစားပြီးပြန်လာတော့ညကိုးနာရီပင်ထိုးပြီ။

မောင်နှမနှစ်ယောက်လုံးရေမိုးချိုးအဝတ်လဲပြီး​ တစ်နေကုန်ပင်ပန်းထားတာကြောင့် ဒီညတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာအသေချာ။


...................................

"အဟုန်.....​နှိုင်း.....​ထကြတော့ဟ ပြဿနာတက်နေပြီ"​

အခန်းတံခါးလာထုပြီးအော်ပြောနေတာကြောင့်အမြန်ထကာ တံခါးဖွင့်ပေးရင်း

"ဟာ... သုတရာ... စောစောစီးစီးဘာဖြစ်လာတာလဲကွာ"​

"ငါတော့ ဘာမှမဖြစ်ဘူး ဖြစ်တာ​က​မင်းတို့"​

"ဘာလို့လဲ"

မျက်ခုံးလေးပင့်ပြီးမေးလိုက်တော့သုတကစိတ်မရှည်စွာနဲ့ အပြင်ထိဆွဲခေါ်လာပြီးဆိုဖာပေါ်ထိုင်ခိုင်းကာ​ ဖုန်းဖွင့်ပြီးလက်ထဲထိုးထည့်ပေးတယ်

"ရော့... ကြည့်လိုက်"​

ကြည့်ဆိုလို့ကြည့်တာဘာများလဲပေါ သူ့​ news feed ကြီးတက်လာသမျှထိုင်ကြည့်ခိုင်းနေသလိုပင်။

"ဘာလဲကွာ အာရုံလာနောက်နေ"

တစ်ချက်မျှသမ်းဝေပြီး ကျောဆန့်ရင်းပြောလိုက်မှ သုတကပြန်လှည့်လာကာ

"မင်းကကျော်ကြည့်နေ တစ်မနက်ခင်းလုံးနှိုင်းနဲ့မင်းသတင်းတွေပဲတက်နေတာ ဒီကိစ္စ​ကမင်းရှင်းမှရတော့မှာ စင်္ကာပူမပြန်ခင်အပြီးရှင်းသွား"​

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now