Part 1

242 11 1
                                    

"Nao~"
အသက်၁၇နှစ်အရွယ် ကောင်လေးတစ်ယောက် နှစ်ထပ်အိမ်အပေါ်ထပ်ကို ကြည့်ပြီး အသံဆွဲအော်ခေါ်နေလေသည်။

မကြာမီ တံခါးပွင့်ပြီး ကောင်လေးတစ်ယောက် ဝရံတာသို့ ထွက်လာကာ အသံကုန် ဟစ်လိုက်သည်။
"ဘာလို့ ဖင်ကွဲမတတ် အော်နေတာလဲ မအေဘေးရဲ့။ လာပါမယ်ဆို နားမလည်..."
"Nao~....Nao~...။"
ပြောနေရင်းနှင့်ပင် ဘာမှ မလုပ်ထားသည့် မျက်နှာပေးဖြင့် အဆက်မပြက် ခေါ်နေပြန်သည်။
"သေခြင်းစိုး.....တော်တော့လို့ ငါပြောနေတယ်နော်။...ရော့။..သေစမ်း။"
ပြောရင်းဆိုရင်း Naoတစ်ယောက် အိမ်ထဲက အအေးဘူးခွံတစ်ခု သွားယူကာ ပစ်ပေါက်လိုက်သည်။

baseball ရိုက်တာရော ဖမ်းတာရော ကျွမ်းကျင်သော Ryuက အခွံကို အလွယ်တကူပဲ ဖမ်းပြီး ပြန်ပစ်ပေါက်လိုက်ရာ Nao ၏ နဖူးကို တည့်တည့်မှန်သွားလေသည်။
"အား။..."
"သေပြီလား ကျက်သရေတုံး။"
"..."
Nao၏ မျက်ရည်စတွေ မျက်လုံးမှာ ဝေ့လို့။ နဖူးကို လက်ဖြင့်အုပ်ရင်း Ryuကို ကြည့်လိုက်သည်။
"......မကောင်းဆိုးဝါးကြီး.....ငါ့ကို.....(ရွှတ်)...နာအောင်လုပ်တယ်။.."
Nao အိမ်ထဲကို ပြေးဝင်သွားသည်။ Ryuကတော့ သူ့ကို ကြည့်ပြီး ရယ်ချင်နေသည်။

၂မိနစ်လောက် ကြာသောအခါ Nao စက်ဘီးတစ်စီးနှင့် လွယ်အိတ်ဆွဲကာ အိမ်ထဲက ထွက်လာခဲ့သည်။ Ryuနား ရောက်သောအခါ မရပ်ဘဲ ကျောင်းသို့ဦးတည်ကာ နင်းသွားတော့ Ryuက နောက်ကနေ မိမိစက်ဘီးအား အားကုန်နင်း၍ မှီအောင်လိုက်လာခဲ့သည်။
"ငလူး၊ ဖြည်းဖြည်းနင်းပါကွ။"
"မခေါ်ဘူး။"
"Naoက အရှိန်ပင် မြှင့်လိုက်သေးသည်။"
"ဟျောင့်.....အရှိန်လျှော့တော့။ လမ်းက မကောင်းဘူးနော်။"
"လာစိုးရိမ်ပြမနေ...."
စကားပင် မဆုံးသေးဘူး။ ချိုင့်ခွက်ကို ဖြတ်နင်းမိရာ Nao စက်ဘီးရော၊ လူရော လဲကျသွားတော့သည်။
"Nao။"
အနားရောက်သောအခါ Ryu သည် စက်ဘီးကို ပစ်ချပြီး Naoလဲနေသော နေရာသို့ စိုးရိမ်တကြီး ပြေးသွားသည်။ လူမှာ ပွန်းတာပဲ့တာပဲ ရှိသော်လည်း စက်ဘီးကတော့ ဘီးလိမ်သွားသည့်ဟန်ပေါ်သည်။
"ဘာဖြစ်သွားသေးလဲ။"
"နာတယ်။"
Nao၏ ပါးနုနုလေးပေါ်မှ မျက်ရည်တွေ စီးကျလာပြီး ငိုသံမထွက်အောင် နှုတ်ခမ်းများကို ဖိရင်း ရှိုက်နေတော့သည်။
"အရမ်းနာသွားလား။"
"အင်း။....သေနာ၊ အဲဒါမင်းကြောင့်။"
"-ီးမို့လို့ ငါ့အပြစ်ဖြစ်ရမှာလား။ ငါမင်းကို အရှိန်လျှော့ဖို့ ပြောနေရင်းနဲ့ နားမှမထောင်တာ။"
"ဒီတော့ ငါ့အပြစ်လို့ ပြောနေတာလား။"
ငိုနေရင်းကပင် နှုတ်ခမ်းတထော်ထော်နှင့် ပြန်ပြောနေသော သူ့ကို ကြည့်ပြီး ဘယ်သူအသည်းမယားဘဲ နေနိုင်မလဲ။
"ရှိပါစေတော့။ ...ဒီနေ့ ကျောင်းမတက်ဘဲနေမလား။"
"ပထမဆုံးနေ့ကို မသွားလို့ ကောင်းမလား၊ ဂေါက်သီးရဲ့။"
"အဲဒါဆိုရင် ဘယ်လိုလုပ်မလဲ။ မင်းစက်ဘီးကိုလည်း ကြည့်ဦး။"
"မင်းနောက်ကနေ လိုက်စီးလို့ ရတာပဲလေ။"
"ဟာ...၊ ငါ့နောက်က လိုက်စီးမယ်?....ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။"
ဖြစ်သွား၏။
.
.
.
.
.
သူတို့နှစ်ယောက် အခန်းထဲ ရောက်သွားချိန်တွင် အတန်းစဖို့ ဆယ်မိနစ်ပဲ လိုတော့သည်။ ကျောင်းထိ နှစ်ယောက်စာ နင်းလာခဲ့ရသော Ryuမှာတော့ ဟောဟဲဟောဟဲ ဖြစ်နေတော့သည်။ သူတို့နှစ်ယောက် ပြူတင်းပေါက်နားက ၅ခုမြောက် ခုံတွင် ရှေ့ဆင့်နောက်ဆင့် ထိုင်ကြပြီး Ryuက အရှေ့က ဖြစ်သည်။
"ရောက်လာကြပြီလား ကိုယ်တော်ချောတို့။"
"Hagumi၊ နင်...."
Naoသည် သူ့နားရောက်လာသော ကောင်မလေးကို သေချာ စိုက်ကြည့်လိုက်သည်။
"နင် တစ်ခုခု ပြောင်းလဲသွားသလိုပဲ။"
"ဘာပြောင်းလဲသွားလဲ။"
"နို့တွေကြီးလာတယ်။"
Ryuက ဝင်ပြောသည်။
"ငလူး။ ငရဲမှာ အခါရှစ်သောင်းလောက် ငရဲမင်းဖာ့ခ်တာ သွားခံလိုက်။"
Hagumi ကြိမ်ဆဲနေတုန်းမှာပင် Ryuက သူမရင်သားထိပ်ကို လက်ညှိုးနှင့် ဖိလိုက်သည်။
 
                          ဝုန်း

Ryu အခန်းထဲကနေ ပြေးထွက်သွားပြီး Hagumi ကလည်း ပြေးလိုက်လာသည်။
"ငိုးမ၊ ရအောင်သာပြေး။ မိလို့ကတော့ နင်ဘဝပျက်ပြီသာမှတ်။"
"ဘယ်သူဘဝပျက်မှာလဲ?"
"မသာ!.."
.
.
.
.
.

                      Day 3

အခန်းထဲတွင် bento နှင့် ထမင်းစားမည့် ကျောင်းသားအချို့သာ ကျန်ခဲ့သည်။ Nao၊ Ryuနှင့် Hagumi တို့သုံးယောက် တစ်ခုံတည်းတွင် စုစားကြသည်။ Naoက ကြားမှာဖြစ်ပြီး Ryu နှင့် Hagumiတို့က မျက်နှာချင်းဆိုင်ဖြစ်သည်။ သုံးယောက်သား bento တွေ သေချာနေရာချလိုက်ကြသည်။
"Itadakimasu။"
တစ်ညီတစ်ညာတည်း ပြောဆိုပြီး နောက်မှာတောင် ခုနက အိန္ဒြေတွေ ဘယ်ရောက်သွားလဲ မသိအောင် သူများပန်းကန်ထဲက ဟင်းတွေ လိုက်နှိုက်စားပြီး ကိုယ့်ပန်းကန်ကို ကာကွယ်ထားကြသည်။ စားပွဲပေါ်တွင် စားစရာများ ပျံ့ကျဲနေပြီး သုံးယောက်စလုံး၏ ပါးစပ်တွေမှာလည်း ပေကျံနေပါသည်။ တစ်ခါတစ်ရံ လက်ဆုံသွားချိန်တွင် တူတွေနှင့် သိုင်းကွက်တွေ ပြပြီး တိုက်ပွဲတွေ ဖြစ်ကြသေးသည်။ သူတို့တွေကသာ ရယ်ရယ်မောမော ဖြစ်နေကြသော်လည်း ဘေးနားက လူတွေအဖို့တော့ စိတ်ပျက်စရာပင်။

ထမင်းစားပြီးချိန်မှာ မုန့်စျေးတန်းသွားကာ မုန့်များဝယ်စားပြီး ကျောင်းခေါင်မိုးပေါ် တက်ကာ လေကောင်းလေသန့်ရှူလေ့ရှိသည်။ လမ်းတွင် Hagumi က Ren ၏ ခြေထောက်ကို တမင်တက်နင်းလိုက်သဖြင့် ဖိနပ်ကျွတ်သွား၏။ Ryuက ခြေထိုးမလို့ ကြံနေတုန်း Naoက ဖိနပ်ကို အဝေးကြီးရောက်အောင် ကန်ထည့်လိုက်သည်။ Ryuက ထော့နဲ့ထော့နဲ့နှင့် ဖိနပ်ရှိရာသို့သွားပြီး ဖိနပ်ပြန်စွပ်လိုက်သည်။ သူစွပ်လို့ပြီးသည်နှင့် Nao နှင့် Hagumi တို့က ထွက်ပြေးသွားပြီး Ryuကလည်း နောက်ကနေ  ပြေးလိုက်လာခဲ့သည်။

Hagumiသည် သူတို့နှင့် အလယ်တန်းရောက်မှသာ တွေ့ခဲ့သည်ဆိုသော်လည်း ကျောင်းမတက်ခင်ကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသော Ryu၊ Naoတို့နှင့် ငယ်သူငယ်ချင်းတွေလိုခင်သည်။ ဆံပင်ရှည်ပြီး ရုပ်ရည်ချောမောသည်ကလွဲ၍ အမူအရာတွေ အကုန်လုံးက ယောကျ်ားလေးလိုဖြစ်သည်။ Ryuလောက် အရပ်မရှည်သော်လည်း Naoထက်တော့ သာသည်။ 

ညနေကျောင်းဆင်းတော့ ကိုယ့်club မှာ လေ့ကျင့်စရာရှိတာ လေ့ကျင့်ပြီးမှ အတူတူ အိမ်ပြန်လေ့ရှိသည်။ မတိုက်ဆိုင်သည့် နေ့များတွင်တော့ လူစုံအောင် စောင့်ပြီးမှ ပြန်ကြသည်။

To be continue.........

He's mine Dove le storie prendono vita. Scoprilo ora