Part 17

37 2 0
                                    

Ryu၏ နွေးထွေးမှုနှင့် အငွေ့အသက်ကိုသာ အာရုံရောက်နေသည်။ ကိုယ့်အာရုံနှင့်ကိုယ် ဖြစ်နေကြသော သူတို့နှစ်ယောက်သည် ခုံအမြင့်တန်းကနေ သူတို့နှစ်ယောက်ကို ထိတ်လန့်စွာ ကြည့်နေသော Shinobu ကိုတော့ သတိမထားမိခဲ့ကြပါ။
.
.
.
.
.
"Nao။"
"ဟင်။"
Nao မျက်လုံးမဖွင့်ဘဲ ထူးလိုက်သည်။
"ရုပ်ရှင်ပြီးပြီ။ ထတော့။"
ထိုစကားကြားမှ သူတို့နှစ်ယောက် ရုပ်ရှင်ရုံ ရောက်နေမှန်း၊ သူ Ryuပေါင်ပေါ်မှာ ထိုင်နေမှန်း သတိရသွားသည်။

Nao လန့်လန့်နှင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ရုပ်ရှင်က စာတန်းတောင် ထိုးနေပြီဖြစ်ပြီး ပြန်သူများက ထပြန်နေပြီဖြစ်သည်။ ဘေးက ဖြတ်သွားသော လူအချို့က သူတို့ကို ကြည့်ပြီး ပြုံးသူကပြုံး၊ မဲ့သူက မဲ့ကြသည်။ Nao ရှက်လွန်း၍ မျက်နှာကို အုပ်လိုက်မိသည်။
"ငါ့ကိုဘာလို့ စောစောမနှိုးလဲ သေချင်းဇိုးရဲ့။"
"မင်းအိပ်နေတာ ငါမှမနှိုးချင်တာ။"
"ရှက်လိုက်တာ သေတော့မှာပဲ။ မျက်နှာဘယ်နားထားရမလဲ မသိဘူး။"

Naoရှက်နေတာ ကြည့်ပြီး Ryu သည် သူ၏ အပေါ်အင်္ကျီကို ဆွဲချွတ်ပြီး Nao၏ ခေါင်းကို အုပ်ပေးလိုက်သည်။
"အမြန်ထတော့။ ငါ့တစ်ကိုယ်လုံး ကျင်ပြီး သေတော့မယ်။"
Naoခပ်မြန်မြန် ထပေးတော့ Ryuက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
"အဆင်ပြေရဲ့လား။"
"ဘာမှမဖြစ်ဘူး။"

Ryuသည် Nao၏ ပခုံးကို တင်းကျပ်စွာ ဆွဲဖက်ပြီး ခုံတွေ လူတွေ ကြားကနေ ထွက်လာခဲ့သည်။ Nao၏ ခေါင်းကို အဝတ်အုပ်ထားသောကြောင့် သူ့မျက်နှာကို ဘယ်သူမှ သတိမထားမိကြတော့။
"အခု ရှက်ဖို့ကောင်းသေးလား။"
Ryuသည် Naoနားကို ကပ်ပြောလိုက်သည်။
"......ba....baka! ပိုတောင် ရှက်ဖို့ကောင်းနေတာကို။"
.
.
.
.
.
သူတို့နှစ်ယောက် ကစားကွင်းရှေ့မှာ တိတ်ဆိတ်စွာ ရပ်နေကြသည်။ နေ့လည်ခင်းမွန်းတည့်ချိန်ကို ကျော်လွန်သွားပြီဖြစ်ရာ နေကတော့ အနည်းငယ် အေးနေပြီ။ သူတို့ရှေ့တွင်ပဲ ဖြတ်သွားနေကြသော အတွဲတွေ တွေ့နေရသည်။
"Nao၊ မင်းအရင် ဘာလုပ်ချင်လဲ။"
".....မုန့်စားချင်တယ်။"
"ဟုတ်ပြီ။ မုန့်စားချင်တာပေါ့။"
"....."
"....."
"Nao။"
"ဟမ်?"
"ငါ မင်းကို လက်ကိုင်လို့ရလား။"
"အယ်....."
"မလုပ်ချင်ဘူးဆိုလည်း ရပါတယ်။ ငါက ဒီတိုင်း မေးကြည့်ရုံပါ။" 'အေးပါ။ ငါသိသားပဲ။ သူငြင်းမယ်မှန်း ငါသိသားပဲ။'
"ရ...ရပါတယ်။" 'တွေ့လား။ ငါထင်ထားတဲ့အတိုင်း...."
Ryuသည် Naoအား မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။
"လက်ကိုင်လို့ ရပါတယ်။"
"တကယ်လား။"
"တကယ်။"
"စိတ်မဆိုးဘူးလား။"
"....မင်းဆက်မေးနေရင် ငါစိတ်တိုတော့မယ် စောက်ရူးရဲ့။"
"မတိုပါနဲ့။ မတိုပါနဲ့။"
Ryuသည် Nao၏ လက်ကို ဆွဲကိုင်လိုက်သည်။ Nao၏ လက်တွေက နုနုသွယ်သွယ်။ မိန်းကလေးတစ်ယောက်၏ လက်လိုမျိုး။
'-ီး! စောက်ရမ်း ချစ်ဖို့ကောင်းလိုက်တာ။'
Naoရှက်နေသော ပုံလေးကို ကြည့်ပြီး Ryuသည် စိတ်ထဲကနေ အော်ဟစ်လိုက်သည်။
"သွားကြရအောင်။"
"အင်း။"
ဒီလိုနှင့် သူတို့၏ လည်ပတ်မှု စတင်ခဲ့သည်။ ဗိုက်တင်းအောင်လည်း စားရသလို စုံစိအောင်လည်း ဆော့ရသည်။ Hagumiနှင့် သုံးယောက်စလုံး လာခဲ့သောအချိန်တုန်းက ပျော်ရွှင်မှုမျိုးနှင့်မတူ။ အခု ခံစားနေရသည်က တစ်မျိုးထူးခြားသည်။ တစ်မျိုးလေး ထူးခြားသည်။
.
.
.
.
.
"ဝိုး! အမြင့်ကြီးပဲနော်။"
Naoသည် မှန်ဘောင်အပြင်ဘက်က မြင်ကွင်းများကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ မှောင်စပြုနေပြီဖြစ်ရာ ဟိုတစ်စဒီတစ်စ မီးအလင်းရောင် ပျောက်ပျောက်လေးများနှင့် ရောင်စုံလှပနေသည်။ Naoအမြင့်ကြောက်သော်လည်း အမြင့်ပိုင်းက မြင်ကွင်းများကိုတော့ သဘောကျသည်။ သူ့လက်ထဲတွင် ကိုင်ထားသော ရေခဲမုန့်မှ အရည်များ ပျော်ကျနေသည်ကိုပင် သတိမထားမိ။
"Nao၊ ရေခဲမုန့်အရည်ပျော်နေပြီ။ အမြန်စား။"
ဘေးနားက ထိုင်နေသော Ryuပြောလိုက်မှ Naoရေခဲမုန့်ကို သတိရသည်။
"ဟာ၊ ဟုတ်သားပဲ။ အရည်တွေ ပျော်နေပြီ။ ငါ့လက်တွေ ပေကုန်ပြီ။ မင်းမှာ တစ်ရှူးရှိလား။"
"မရှိတော့ဘူး။ ကုန်နေပြီ။ အောက်ရောက်မှ ရေဆေးပေးမယ်။"
".....အွန်း....ကောင်းပါပြီ။"
ရေခဲမုန့်စားမလို့ လုပ်နေစဉ် ဘေးနားက လေယာဉ်ဖြတ်သွားသောအသံ ကြားလိုက်ရ၍ တိမ်တွေကြားက လေယာဉ်ပျံကို လိုက်ရှာနေလေသည်။
"လေယာဉ်ပျံ။"
ရေခဲမုန့်က အရည်တွေ တစ်စက်စက်နှင့် ကြမ်းပြင်ပေါ်သို့ စီးကျကာ Nao၏ လက်တစ်ခုလုံးဟာလည်း ပေပွနေပြီဖြစ်သည်။

Ryuသည် သတိမမူမိဘဲ Nao၏ လက်ကို လျှာနှင့်လျက်ဖို့ လျှာကို တစ်လစ်လုပ်ပြီး ကိုယ်ကို ကိုင်းလိုက်သည်။
"Ryu၊ ခုနက လေယာဉ်ကြီး တွေ့လိုက်လား။ အကြီးကြီးပဲနော်။ ဒီနားကနေ ဒီလောက်မြင်ရ....."
Naoစကားတပြောပြောဖြင့် ပြန်လှည့်လာသောအခါ သူ့လက်နှင့် ထိတော့မလို ဖြစ်နေသော Ryu၏ လျှာတန်းလန်းမျက်နှာကို နီးကပ်စွာ မြင်လိုက်ရသည်။
"ဟမ်...."
"...အာ..."
Ryuလျင်မြန်စွာ နောက်ဆုတ်လိုက်သည်။
"ဆော....ဆောရီးပါ။ မင်းလက် အရမ်း ညစ်ပတ်နေလို့ပါ။ ငါ...ဒီတိုင်း...ဆောရီးပါ။ မင်းရွံသွားမှာပဲ။"
"ငါ...ငါမရွံပါဘူး။"
Naoစိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်လား။"
"အင်း။.....မင်းတောင်မှ မရွံတာကို။ ငါက ဘာကိစ္စ....."
"...."
"....."
"ဒါဆိုရင်...ငါ...ဆက်လုပ်လို့ရ....."
"ရတယ်!"
Naoသည် စက်ရုပ်မျက်နှာကြီးနှင့် ပြန်ဖြေပြီး ညာဘက်သို့ ပြန်လှည့်ကာ ဘေးက လက်ရန်းကို အားပြုဆုပ်ကိုင်လိုက်သည်။ ခေါင်းထဲမှာတော့ စိတ်လှုပ်ရှားစွာ အော်ဟစ်နေမိလေသည်။ သူ့လက်ကို နွေးထွေးနူးညံ့သော အရာတစ်ခု ထိလိုက်သောအခါ တစ်ကိုယ်လုံး တဖျင်းဖျင်းနှင့် ကြက်သီးတွေ ထသွားသည်။ ရင်တွေတအားခုန်လာပြီး Ryuကို လှည့်ကြည့်လိုက်မိသည်။ Ryuသည်ကား သူ၏ လက်တစ်ခုလုံးကို ဘာစိတ်အနှောက်အယှက်မှမရှိသော မျက်နှာထားမျိုးနှင့် လျက်ပေးနေသည်။ ဘာကြောင့်လဲမသိ။ Ryuကြည့်ရတာ အရမ်းဆွဲဆောင်မှုရှိနေသည်။
"ဟ...."
မိမိပါးစပ်မှ ထွက်လာသော အသံကို မယုံကြည်နိုင်စွာဖြင့် Naoသည် ကိုယ့်ပါးစပ်ကိုယ် ပိတ်လိုက်သည်။ Ryuကလည်း သူ့ကို အံ့အံ့ဩဩ ကြည့်နေသည်။
"ဘုရားရေ၊ ငါဘာအသံတွေ ထွက်နေတာလဲ။ ထူးဆန်းလိုက်တာ။"
"Nao။"
"ဟမ်?"
"အိမ်ပြန်ရအောင်။"
"ဘာ....။" 'ဘာသဘောလဲ။ သူငါ့ကို မတွေ့ချင်တော့လို့လား။ ငါလုပ်နေတာတွေက သူ့အတွက် နေရခက်သွားစေလို့လား။'
"မဟုတ်ရင် ငါ မင်းကို ဆွဲနမ်းမိလိမ့်မယ်။"
"ဟာ...။ ဘာ...ဘာကို..."
("အဆင့်၄ဖြစ်တဲ့ နမ်းတာကတော့ သက်ရောက်မှုအပြင်းဆုံးပဲ။ နမ်းတာကနေတစ်ဆင့် ပြင်းထန်တဲ့ နောက်ဆက်တွဲ လှုပ်ရှားမှုတွေပါ ရှိလာနိုင်တယ်။"
"ပြင်းထန်တဲ့ နောက်ဆက်တွဲ လှုပ်ရှားမှု? ဘာမျိုးလဲ။"
"နင်သိလိမ့်မယ်။ အရင်ဆုံး ကောင်မလေးက နင့်ကို နမ်းချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် သူ့ကိုမေးလိုက်။ 'ကိုယ်နဲ့အတူ လူတွေရဲ့ မျက်ကွယ်ရာကိုသွားပြီး ရင်ခုန်စရာတွေ လုပ်ချင်စိတ်ရှိလား'လို့။)

To be continue........

He's mine Where stories live. Discover now