Part 28

35 2 0
                                    

"ငါပါ လိုက်ခဲ့မယ်။"
"ဟင့်အင်း။ Naoတစ်ယောက်တည်း အန္တရာယ် ကျနေတာနဲ့တင် တော်လောက်ပါပြီ။ နင့်ကိုပါ ဆွဲမထည့်ချင်တော့ဘူး။ ပြီးတော့ ဒီကိစ္စက ငါတို့အဖွဲ့ကို အငြိုးထားတဲ့လူတွေလုပ်တာ ဖြစ်လိမ့်မယ်။ ဒီလိုဆိုရင် ညှိနှိုင်းလို့ ရမှာပါ။ ငါအကူညီလိုပြီဆိုရင် လှမ်းအကြောင်းကြားလိုက်မယ်။"
".....အင်း။"
Hagumiက လွန်စွာ စိတ်ပူပန်နေသော မျက်နှာ ဖြစ်နေသဖြင့် Ryu သူ့ခေါင်းကို ဖွဖွလေး ပွတ်ပေးလိုက်သည်။
"စိတ်မပူနဲ့။ ငါတို့ကောင်းကောင်းမွန်မွန် ပြန်ရောက်လာမှာပါ။"
"....အင်း။"
.
.
.
.
.
Michiko သည် Rohito ဘယ်လိုပြန်ခေါ်ခေါ် မလိုက်ဘူးဟု သံဋိဌာန် ချထားပြီး ဖြစ်သော်လည်း Naoကို ခေါ်ထားသည်ဆို၍ သူမ ချက်ချင်းပဲ လိုက်လာခဲ့တော့သည်။ Rohito ဘာတွေကြံစည်နေလဲဆိုတာ သူမ တကယ်ပဲ နားမလည်နိုင်။

သူမဘေးကနေ တစ်ဖက်တစ်ချက် လိုက်ပါလာကြသောလူကောင်ကြီးကြီး ယောကျ်ားကြီးနှစ်ယောက်က သူမကို အခန်းတစ်ခုရှေ့သို့ ခေါ်သွားသည်။ ပြီးတော့ တံခါးအား ၂ချက်ခေါက်လိုက်လေသည်။
"Boss၊ သူရောက်ပါပြီ။"
"အထဲခေါ်လာခဲ့။"
"ဟုတ်ကဲ့ပါ။"
ထိုလူက တံခါးဖွင့်ပေးပြီး Michiko အား အထဲဝင်ရန် အမူရာ ပြလိုက်သည်။

Michiko အထဲဝင်ဝင်ချင်း Nao က သူ့ကို လှမ်းဖက်လိုက်သည်။
"အမေ။"
"Nao၊ သားအဆင်ပြေရဲ့လား။ သူတို့ သားကို ဘာလုပ်သေးလဲ။"
"အဖေ သားကို ဘာမှ မလုပ်ပါဘူး။"
"တိတ်! သူ့ကို အဖေလို့ ခေါ်စရာ မလိုဘူး။"
"Chiko ကလည်း၊ ကလေးကို မအော်ပါနဲ့။"
Rohito သူတို့နား ကပ်လာတော့ Michiko က သူ့ဘက်သို့ လှည့်ပြီး ပါးရိုက်လိုက်သည်။
"...အမေ.."
"အောက်တန်းကျတဲ့ လုပ်ရပ်တွေနဲ့ ကျွန်မတို့ သားမိကို ပြန်ခေါ်ဖို့ ကြိုးစားနေတိုင်း ပြန်လာမယ် ထင်နေလား၊ ရွံစရာ gayကောင်ရဲ့။"
"အမေ၊ အဲဒီလို မဟုတ်....."
"တကယ်တော့ biပါဆို။ မင်းက အမြဲ ငါရှင်းပြတာကို မယုံဘူး။ ပြီးတော့ ငါ့ကို ရွံစရာလို့ ပြောနေရင် Nao နဲ့ Ryuဆိုရင်ရော ဘယ်လို လုပ်မလဲ။"
Nao ကြက်သီးတွေ ထသွားသည်။ Rohito ဒီလို မြန်မြန်ဆန်ဆန်ကြီး ဖွင့်ပြောလိမ့်မည်ဟု သူမထင်ခဲ့ပါ။ Michiko ဘယ်လို တုံ့ပြန်မလဲ သူစိုးရိမ်သည်။
"နင် ဘာကို ပြောချင်တာလဲ။"
"တာဝန်ကျေလှပါတယ်ဆိုတဲ့ မိခင်ကြီးက ကိုယ့်သား။ဘယ်သူနဲ့ ရည်းစားဖြစ်နေလဲတောင် မသိဘူးပဲ။"
Michikoသည် Nao အား တွန့်ဆုတ်စွာ လှည့်ကြည့်လိုက်သည်။
"Nao။"
".....ဗျာ။"
"သူပြောနေတာတွေက အမှန်လား။"
"....."
"ကဲပါ၊ ကဲပါ၊ ကလေးကို စိတ်ဒုက္ခ ပေးမနေနဲ့။ Nao၊ အဖေ ငါးမွေးထားတယ်။ သွားကြည့်ရအောင်။"
Rohito သည် Nao၏ လက်တစ်ဖက်ကို ဆွဲပြီး အခန်းထဲက ထွက်သွားသည့်တိုင် Michiko ကတော့ တောင့်တောင့်ကြီး ကျန်နေခဲ့သည်။

He's mine Where stories live. Discover now