Part 18

39 2 0
                                    

"သူက လက်ခံရင်တော့ ....အဟီး...ဟီး...ဟီး။")
"ကိုယ်နဲ့....မြတ်ပင်တွေနောက်သွားပြီး နှလုံးရောဂါရစရာ ကိစ္စတွေလုပ်ဖို့ အဆင်သင့်ဖြစ်ပြီးလား!"
"အယ်?"
"အယ်?"
"အာ?"
"အာ?" 'သွားပြီ! မှားပြောလိုက်မိပြီ။'
"Nao၊ မင်းနေရောကောင်းရဲ့လား။ ခေါင်းတွေပါတွေရော ကိုက်နေလား။"
"...ငါမရူးဘူးဂြိုလ်ဆိုးရဲ့။ အင်းလားဟင့်အင်းလားပြော။"
"အဲဒါက..."
.
.
.
.
.
"Nao။"
"ဘာလဲ။"
"ငါတို့က....ဘာကိစ္စ....ဟိုတယ်ကို ရောက်နေတာလဲ။"
Ryuသည် အခန်းကို ဝေ့ကြည့်ပြီး စိတ်ဆင်းရဲစွာ ပြောလိုက်သည်။
"သူငယ်ချင်းတစ်ယောက်ပြောလို့။...ကဲပါ၊ လာ။"
"ဘာလဲ...။"

Naoသည် Ryu၏ လက်ကို ဆွဲပြီး ကုတင်ဘက်သို့ ဆွဲခေါ်သွားဖို့ ကြိုးစားနေသော်လည်း Ryuက တုတ်တုတ်မလှုပ်။
"ဘာလုပ်မလို့လဲ။"
"ကုတင်ဆီသွားမလို့ပေါ့။ သောက်ကျိုးနည်း။ မင်းခြေထောက်က ကော်နဲ့ ကပ်ထားတာလား။"
"Nao၊ အခုမင်းကိုယ်မင်း ဘာတွေလုပ်နေလဲဆိုတာရော သိရဲ့လား။"
"ငါသိတာပေါ့။ ဒီနေ့ မင်းနဲ့ ချိိန်းတွေ့တာလည်း ဒါအတွက်ပဲကို။"
"တကယ်လား။"
"တကယ်။"
".....မင်းစိတ်လည်းမဆိုးဘူး။ နောင်တလည်း မရဘူးနော်။"
"အင်း။"
ထိုအခါမှ Ryuသည် အလိုတူစွာ လိုက်လာပြီး ကုတင်ပေါ်တွင် Naoနှင့် ဘေးချင်းကပ်ပြီး ထိုင်လိုက်သည်။

"ရေမချိုးတော့ဘူးပေါ့။"
"အဲဒါလုပ်ဖို့က ရေချိုးစရာ လိုလို့လား။"
"မဟုတ်ပါဘူး။ မလုပ်မဖြစ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဒီတိုင်းဆိုလည်း အဆင်ပြေပါတယ်။"
"ကောင်းပြီ။....ငါစတော့မယ်နော်။"
Ryuခေါင်းညိတ်လိုက်တော့ Naoက သူ့ကို ရှိသမျှအားနှင့် တွန်းလှဲလိုက်သည်။
"Nao?"
Naoကမျက်လုံးမှိတ်ပြီး နှုတ်ခမ်းကြီး ထော်လာချိန်တွင် Ryuက သူ့နှုတ်သီးကို လက်ဖြင့် ကာလိုက်သည်။
"ဘာလုပ်တာလဲ။ ဖယ်လေ။"
"နေပါဦးNao၊ မင်းကို ဒီလိုတွေ လုပ်ဖို့ Hagumi အကြံပေးလိုက်တာ မဟုတ်လား။"
"မဟုတ်ပါဘူး! အခြားသူငယ်ချင်းတစ်ယောက်။"
"မင်းမှာ သူငယ်ချင်းအရင်းဆိုလို့ သူနဲ့ငါပဲရှိတာ။ ပြီးတော့ ဒီလို ပေါက်ကရအကြံမျိုး ထွက်တတ်တဲ့ ဦးနှောက်က သူ့အပြင်အခြားဘယ်သူမှ မရှိဘူး။"
"အဲဒီတော့ ဘာဖြစ်လဲ။"
"ဘာဖြစ်ရမှာလဲ။....အဲဒါကြောင့် ထူးဆန်းပါတယ်လို့ တွေးနေတာ။.......မင်း မဟုတ်မှလွဲရော၊ မင်းကိုယ်မင်း topလို့ ထင်နေတာလား။"
"......အွမ်?....."
"အွမ်လုပ်မနေနဲ့ဟ။"
"ငါက bottom မှမဖြစ်ချင်တာ။ ပြီးတော့ အရပ်ပုတဲ့လူကလည်း topဖြစ်နိုင်ပါတယ်။"
"မင်းသိလား။ topနဲ့bottom ဘယ်လိုခွဲလဲဆိုတာ။"
"....ဒါ...ဒါက....ဒီလိုပဲဖြစ်သွားတာ မဟုတ်ဘူးလား။"
Ryuသည် Nao၏ နားနားကို ကပ်ပြီး ပြောလိုက်သည်။
"dickအရွယ်အစားကိုကြည့်ပြီး ဆုံးဖြတ်ရတာ။ ပိုကြီးတဲ့လူက topပဲ။"
"....အဲ....အဲဒါမတရားဘူး။"
"ဘာဖြစ်လို့လဲ။ မင်းဟာလေးက လူတွေ မတွေ့ခံရဲလောက်အောင် သေးနေလို့လား။"
"မသေးပါဘူး။ မင်းကရော ဘယ်လောက်ကြီးလို့လဲ။"
Naoသည် ပြောရင်းဆိုရင်း Ryu၏ ညီလေးကို လှမ်းဖမ်းဆွဲကိုင်ကြည့်လိုက်သည်။ ဒါပေမဲ့ အရွယ်အစားကို သိလိုက်ရသည်နှင့် Nao၏ မျက်နှာပေါ်က အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
"ကဲ၊ ကျေနပ်ပြီလား။ လွှတ်တော့။"
"မဖြစ်နိုင်တာ.....မဖြစ်နိုင်.....ငါ့ထက်...၃ဆ....၃ဆ...။"
"အဲဒါတောင် အကြီးဆုံးအရွယ်အစား မရောက်သေးဘူး။ အခြေနေပေါ် မူတည်ပြီး ဒီ့ထက် ပိုကြီးသွားနိုင်တယ်။"
"မဖြစ်နိုင်တာ!"
Ryuသည် Nao၏ ခေါင်းကို ဖွဖွလေး ပုတ်ပေးလိုက်သည်။
"ကိုယ်တွေ့ကြုံမှ ယုံလိမ့်မယ်။ ဒါဆိုရင်လည်း ပြန်ကြရအောင်။ ဒီမှာ ဆက်နေနေရင် မင်းအတွက်ရော၊ ငါ့အတွက်ရော မကောင်းဘူး။"
"နေဦး။"
"ဘာဖြစ်လို့လဲ။"
"လုပ်စရာရှိသေးတယ်။"
"ဘာလုပ်စရာလဲ။"
"အဒါက....မထူးတော့ပါဘူး။ ဒီလိုတွေ ဖြစ်လာတော့မှ အမှန်တိုင်းပဲ ပြောလိုက်ပါတော့မယ်။....ငါ့အမေက...."
.
.
.
.
.
"အဲဒီလိုပဲ။ အဲဒါကြောင့်...."
"Nao၊ မင်းကိုယ်မင်း ဖိအားပေးစရာ မလိုပါဘူး။ ငါ့ကို သဘောကျဖို့ ကိုယ့်ကိုယ်ကို ဖိအားပေးဖို့ မလိုဘူး။ ငါ့နားမှာ ရှိနေဖို့အတွက် ကိုယ့်ကိုယ်ကို ဖိအားပေးစရာ မလိုပါဘူး။....ငါက.....ဒီတိုင်း......"
Ryuသည် Nao၏ ပါးနုနုလေးကို ကိုင်လိုက်သည်။
"ဒီတိုင်း မင်းကို ချစ်နေရုံပါ။"
Naoသည် Ryuအား အံ့ဩစွာ ကြည့်နေခဲ့သည်။ သူ၏ နှလုံးသားတစ်ခုလုံး နွေးထွေးပြည့်တင်းနေပြီး ဘာမှမလိုတော့သလို ခံစားချက်မျိုး။ သူအနားမှာ ရှိနေရင် ရင်တွေခုန်နေပြီး ဘာမှမလိုတော့သလို ခံစားချက်မျိုး။ ကမ္ဘာလောကမှာရှိတဲ့ အန္တရာယ်တွေ အကုန်လုံးဆီကနေ ကင်းဝေးလုံခြုံသွားတဲ့ ခံစားချက်မျိုး။ Ryuအား တစ်သက်လုံး သူ့အနားမှာပဲ ရှိစေချင်တဲ့ ခံစားချက်မျိုး။ သူ့အမေရော၊ ဒီလိုခံစားခဲ့ရပါသလား။ ဘယ်လို အချက်တွေပေါ်မူတည်ပြီး အဖေ့ကို ချစ်သည်ဟု မူတည်ပြီး ကောက်ချက်ချနိုင်ခဲ့ပါလိမ့်။
"Ryu။"
"ဟမ်။"
"......ငါလည်း....မင်းကို ချစ်နေပြီနဲ့တူတယ်။"
"......."
"......."
"ဆောရီး။ ငါနားကြားလွဲသွားလို့။ ဘာပြောလိုက်တာလဲ။"
".....မင်းကိုချစ်တယ်လို့ ထင်နေပါတယ်ဆို။"
"......."
"......."
"......"
"Ryu?"
"........"
"Ryu?!"
"......"
Ryu၏ အပေါ်ယံကသာ ကျောက်ရုပ်လို ဖြစ်နေပြီး ဘာစကားမှ မပြောနိုင်ပေမဲ့ သူ့အတွင်းစိတ်ကတော့ ပုရွက်ဆိတ်အုံထဲကို အိမ်မြှောင်နှစ်ကောင် ပစ်ထည့်လိုက်သလို ရှုပ်ယှက်ခတ်ပြီး ဘာမှတွေးမရဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်ဟာ မြေပြင်နှင့် မထိတော့သလိုမျိုး။ ကျောက်ဖြစ်ရုပ်ကြွင်းဒိုင်နိုဆောတွေထဲ ရောက်သွားသလိုမျိုး။
"Ryu! သေပြီလားဟု!"
Naoက သူ့ပါးကို ခပ်ပြင်းပြင်း ရိုက်ချလိုက်တော့မှ သူသတိပြန်ဝင်သွားသည်။
"ဪ၊.....အေး၊....ဆောရီး။"
"ရုတ်တရက်ကြီး ဘာထဖြစ်သွားတာလဲ စောက်ပေါရဲ့။"
".....အပျော်လွန်သွားလို့ပါ။"
"အဲ့လောက်လည်း ပျော်စရာမလိုတာကို။.....baka။"
"Nao၊ ငါမင်းကို မေးစရာတစ်ခုရှိသေးတယ်။"
"ဘာလဲ။"
"ငါတို့ သားလေးယူမှာလား၊ သမီးလေးယူမှာ......."

                               ဘုန်း!

Nao Ryuကို ရိုက်ချပြီး ဒေါသထွက်ထွက်၊ ရှက်ရှက်နှင့် အခန်းထဲက ထွက်သွားတော့သည်။
"စောင့်ပါဦး Nao။ ဆောရီးပါ။ ငါထပ်မမေးတော့ပါဘူး။"
"ငါ့နားမကပ်နဲ့ နှာဘူးကောင်။"
သူတို့နှစ်ယောက် ဟိုတယ်ထဲက ပြန်ထွက်လာခဲ့ကြသည်။

To be continue........

He's mine Where stories live. Discover now