Part 10

55 4 1
                                    

Nao၏ အမေက သူတို့နှစ်ယောက်ကို ကြည့်ပြီး ရယ်လိုက်သည်။ Ryuက ငယ်စဉ်ကတည်းကNaoနှင့် သူငယ်ချင်းဖြစ်သည့်အပြင် သူတို့နှစ်ယောက်၏ မိဘများကလည်း ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။ Nao၏ မိခင်၊ Michikoနှင့် Ryu၏မိခင်၊ Izanamiတို့မှ ကျောင်းနေဖက်သူငယ်ချင်းများ ဖြစ်ကြသည်။ Izanamiသည် Ryuကိုမွေးပြီး ၂လအကြာတွင် အားနည်းလွန်ကာ ဆုံးပါးသွားခဲ့သည်။ Ryuထက် ၆နှစ်ကြီးသော အစ်မတစ်ယောက်မှလွဲ၍ အိမ်သားအားလုံးမှာ ယောကျ်ားသားများ ဖြစ်ကြသဖြင့် ၂လအရွယ်ကလေးကို Michikoကသာ ပြုစုပေးခဲ့သည်။ Naoနှင့်အတူထမင်းကျွေး၊ Naoနှင့်အတူ နို့တိုက်ပြီး Naoနှင့်အတူ အိပ်စက်စေသည်။ ထို့ကြောင့် Ryuသည်လည်းပဲ သူမသားအရင်းလို ဖြစ်နေသည်။

"ကဲပါ၊ အမေ ဆရာဝန်ကြီနဲ့ စကားပြောပြီး ခွင့်တိုင်လိုက်ဦးမယ်။ ခဏလောက်ဒီမှာ စောင့်ကြဦးနော်။"
"ဟုတ်ကဲ့ပါ။"
"ဟုတ်ကဲ့ပါ။"
သူတို့နှစ်ယောက် ညီညာစွာပြန်ဖြေလိုက်ကြသည်။ ထို့နောက် Michikoသည် အခန်းထဲက ထွက်သွားတော့သည်။

"မင်းကို အဲဒီလိုဖြစ်အောင်လုပ်တဲ့ကောင်တွေကို ငါမနက်ဖြန် ခေါင်းပြန်လိုက်ခွဲပစ်မယ်။"
Ryuက ရုတ်တရက်ကြီး ထပြောသည်။
"မလုပ်ရဘူး။"
"လုပ်မှာပဲ။"
"ငါပြောထားတယ်လေ။ မတော်မဆပါပဲဆို။"
"မတော်မဆလည်း မင်းကိုထိခိုက်တာက ထိခိုက်တာပဲ။"
"အပြစ်တင်ချင်ရင် အားနည်းလွန်းတဲ့ ငါ့ကိုပဲ အပြစ်တင်။"
"အားနည်းတာက မင်းရဲ့ ချစ်စရာတွေထဲက တစ်ခုပဲကို။ ဘာကိစ္စအပြစ်တင်ရမှာလဲ။"
".....Ryu၊ မင်းငါ့ကို သဘောကျတယ်ဆို ငါပြောတာ နားထောင်ရမှာပေါ့။"
Naoက အရဲစွန့်၍ မရဲတရဲ ပြောလိုက်သည်။
"မင်းငါ့ကို ပြန်ကြိုက်မယ်ဆိုမှ နားထောင်မှာပေါ့။ မဟုတ်ရင် ငါ့ဘက်ကချည်းပဲဆိုရင် ဘယ်လိုလုပ်တရားပါ့မလဲ။"
"ပြန်မကြိုက်ပါဘူး။"
"နားမထောင်ပါဘူး။"
"မင်း....."
"ဘာဖြစ်လဲ။"
"ဒါဆိုရင် ငါမစဉ်းစားပေးဘဲ နေမှာနော်။"
ဒီတစ်ခါတော့ Ryuဆီက ဘာသံမှ ပြန်မထွက်လာ။ Naoလည်း မတော်မဆ ပြောလိုက်မိသော မိမိကိုယ်ကို ကြိမ်ဆဲနေမိသည်။
"ဒါဆိုရင် မင်းက စဉ်းစားပေးမယ်ပေါ့။"
"....."
"ကောင်းပြီ။ ငါမင်းပြောတာတွေ နားထောင်ပေးမယ်။"
Ryuက တည်ကြည်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"အဲဒါကြောင့် မင်းခေါင်းအေးအေးထားပြီး စဉ်းစားပေးပါ။"
"....."
Ryuသည် ထိုင်နေရာမှ ထလိုက်သဖြင့် Naoသူ့ကို မော့ကြည့်လိုက်သည်။
"ခဏလေးနော်။"
"ဘယ်သွားမလို့လဲ။"
"toilet။"
"ဪ၊ အင်း။"
Ryuသည် အခန်းတံခါးကိုဖွင့်၊ အပြင်ထွက်ပြီး သေချာစွာ တံခါးပြန်ပိတ်လိုက်သည်။

He's mine Where stories live. Discover now