Part 12

48 3 0
                                    

"လုပ်လိုက်ရင် ကောင်းမလားလို့ တွေးတာပါ။ တကယ်မလုပ်ပါဘူး။"
"တွေးလည်း မတွေးနဲ့။"
"အင်းပါ။"
"ငါရေသွားချိုးဦးမယ်။ အောက်ထပ်မှာ သွားစောင့်နေ။ ခဏနေရင်ဆင်းလာခဲ့မယ်။"
"ဒါနဲ့ Nao..."
"ဘာလဲ ပြောစရာရှိတာ မြန်မြန်ပြော။"
"အဖြေရပြီလား။"
Naoမျက်နှာပူလာသည်။
"မရသေးဘူး။ ဒီလို ကိစ္စမျိုးက ခဏတွင်းချင်း ဆုံးဖြတ်လို့ရတာမျိုးမှ မဟုတ်တာ။"
"မဟုတ်ဘူးလား။"
"ဇာတ်လမ်းတွေထဲမှာဆိုရင် အနည်းဆုံး တစ်ပတ်နှစ်ပတ်လောက်တော့ အချိန်ယူရတယ်လေ။"
Naoပြောသည့် စကားကို Ryuသေချာစဉ်းစားကြည့်သည်။ ဒီလိုကိစ္စမျိုးအတွက် သူ့မှာ အတွေ့အကြုံ သိပ်မရှိသည့်အတွက် အချိန်ဘယ်လောက်ယူပြီး စဉ်းစားရလဲ သူမသိ။ Naoပြောသလိုပဲ၊ ဇာတ်လမ်းထဲမှာဆိုရင် တစ်ပတ်နှစ်ပတ်လောက်တော့ အချိန်ယူကြစမြဲ။
"ကောင်းပါပြီ။ ငါမလောတော့ဘူး။ မင်းလုပ်စရာရှိတာလုပ်ပြီး ဆင်းလာခဲ့တော့။"
Ryuသည် Nao၏ နားရွက်ဖျားလေးကို ထိပြီး အခန်းထဲက ပြေးထွက်သွားပါတော့သည်။
.
.
.
.
.
"နာနေသေးလား။"
Hagumiက Nao၏ ခေါင်းကို ကြည့်ပြီး စိတ်ပူပန်စွာ မေးလိုက်သည်။
"အဆင်ပြေပါတယ်ဟ။"
"တော်သေးတာပေါ့။ ငါ့မှာ မနေ့တုန်းက လွယ်အိတ်သွားယူနေတုန်း ပျောက်သွားတော့ မျက်လုံးတွေတောင် ပျာသွားတာပဲ။ သွားမယ်ဆိုလည်း ပြောသွားတာမဟုတ်ဘူး။"
"နင့်ကို စောင့်ပြောရရင် Naoသေသွားလိမ့်မယ်။"
"အဲဒီလောက်လည်း မပြင်းထန်ဘဲနဲ့ ငါ့ကို သင်္ချိုင်းကုန်းအရောက်ပို့နေတယ် မသာကြီးရဲ့။"
"ငါက ဖြူစင်တဲ့ စိတ်ပူခြင်းနဲ့ပါ။"
"မင်းကြီးတော်ဖြူစင်တဲ့ စိတ်ပူခြင်း။"
"ဘာပဲပြောပြော နင်ဘာမှမဖြစ်ဘူးဆိုလို့ တော်သေးတာပေါ့ဟာ။.......ဒါနဲ့၊ နင်နဲ့ ဟိုဟာမကြီး ဘာတွေဖြစ်သွားပြီလဲ။"
"ဘယ်လိုဖြစ်ရမှာလဲ။ ပြတ်ပြီပေါ့။"
"အဲဒီလိုကြီးလား။"
"အဲဒီလိုကြီးပေါ့။"
"မိန်းကလေးတစ်ယောက်ကို တွဲချင်တုန်းက ကောက်တွဲပြီး မတွဲချင်တော့ လွှင့်ပစ်လိုက်တာ တော်တော် အောက်တန်းကျတဲ့ လုပ်ရပ်ပဲ။"
"အေးလေ။ အောက်တန်းကျတယ်။"
"မင်းနဲ့ မဆိုင်သလို ဝင်မပြောနေနဲ့ဟ Naoရဲ့။ ပြီးတော့ ငါက သူ့ကို ကန်တော့်ဆွမ်းနဲ့ သွားတောင်းပန်ရဦးမှာလား။"
"အေးပေါ့။ တောင်းပန်ကြောင်း အမှတ်တရ ကျောက်စာတိုင်ပါယူသွားရင် ပိုတောင်ကောင်းမှာ။"
"မင်းတို့တွေ.....ထားပါတော့။ သူ့ကို အဲ့နေရာတင် ဆွဲမထိုးခဲ့တာ သူ့အတွက် ပိုတောင်ပိုနေပြီ။"
"မိန်းကလေးတစ်ယောက်ကို ရိုက်နှက်ဖို့ကြိုးစားနေတယ်။ တကယ်ကို အောက်တန်းစားပဲ။"
"အောက်တန်းစား။"
"...."
.
.
.
.
.
Hagumiသည် သန့်စင်ခန်းက ထွက်လာပြီးနောက် ဖုန်းကြည့်ရင်း ကော်ရီဒါပေါ်ကနေ ဖြည်းဖြည်းချင်း လျှောက်လာသည်။ ထိုအချိန်တွင် ယောကျ်ားလေးနှစ်ယောက်က သူမလက်မောင်းကနေဆွဲပြီး လူရှင်းသော နေရာဆီသို့ ဆွဲခေါ်သွားကြသည်။
"နင်တို့ဘာလုပ်တာလဲ။ ငါ့ကို လွှတ်။"
"Satou Hagumi။"
သူမနာမည်ခေါ်သံလာရာဘက်သို့ ကြည့်လိုက်ရာ သူမဆီ တစ်လှမ်းချင်း လျှောက်လာနေသော Shinobuကို မြင်လိုက်ရသည်။ သူမသည် လက်ပိုက်ထားပြီး သူ့မျက်လုံးထဲက ဘဝင်မကျမှုတွေကို Hagumi တွေ့နေရသည်။
"Ryuနဲ့ သူငယ်ချင်း။ တစ်ခန်းတည်းနေပြီး Ryuဘဝရဲ့ ဒုတိယ အရေးကြီးဆုံး မိန်းကလေး။"
Shinobuပြောသော ဒုတိယအရေးကြီးဆုံး မိန်းကလေးဆိုသော စကားကို Hagumiမငြင်းပါ။ ထိုစကားသည် Ryuကိုယ်တိုင် သူ၏ အက်ဆေးထဲတွင် ထည့်ရေးခဲ့သော စကားဖြစ်သည်။ Ryuရေးခဲ့သည်မှာ သူ့ဘဝ၏ အရေးကြီးဆုံး မိန်းကလေးသည်ကား သူ့အစ်မအရင်းဖြစ်ပြီး ဒုတိယကတော့ Hagumiဖြစ်သည်ဟု ဆိုထားသည်။ ထိုအက်ဆေးကြောင့် သူတို့နှစ်ယောက် တွဲနေသည်ဆိုသော စကားသည် တောမီးလို ပျံ့နှံ့သွားဖူးသည်။
"ဪ၊ လက်စသတ်တော့ လူအိုမကြီးဖြစ်နေတာကို။"

                                      ဖြောင်း!

Hagumi၏ ပါးတစ်ဖက် နီရဲထုံကျင်သွားသော်လည်း အသံတစ်သံ မထွက်သလို မျက်တောင်လည်း မခတ်ပါ။ Shinobu သည် သွေးအေးစွာဖြင့် Hagumi လက်ထဲက ဖုန်းကို ဆွဲယူပြီး ပိုင်စိုးပိုင်နက်ဖြင့် ဓာတ်ပုံ၊ ဗီဒီယိုများ ရှိရာသို့ ဝင်ကြည့်ပါတော့သည်။
"အဘွားကြီး၊ ဘယ်လိုဖြစ်လို့ သူများဖုန်းကို ယူကလိနေတာလဲ။ ကိုယ့်ဟာကိုယ် မဝယ်နိုင်ဘူးလား။"
သူမအတွက် အသုံးဝင်လောင်စရာ ရှာမတွေ့သောအခါ Shinobu သည် Hagumi၏ ဖုန်းအား ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ဖုန်းသည် အက်ကွဲရာများဖြင့် မျက်နှာပြင်ကြေမွသွားသည်။
"နင်သူနဲ့ တွဲနေတာ မဟုတ်လား။"
"ဘယ်သူနဲ့လဲ။"
"နောက်ထပ်ပါးတစ်ချက် ဆက်နာချင်ရင် ကန့်လန့်ထပ်ဖြေနေ။"
"ငါတကယ်မသိလို့ မေးတာကို။"

Hagumi၏ နောက်ပါးတစ်ချပ်ပေါ်သို့ လက်ဝါးတစ်ဖက် ခပ်ပြင်းပြင်း ကျရောက်လာသည်။
"ဒီ-ာသည်မကတော့။ လူကို စကားနဲ့ နိုင်အောင် မပြောဘဲ လက်ပဲသုံးနေတယ်။ သတ္တိရှိရင် ငါ့ကို လွှတ်လိုက်လေ။ နှစ်ယောက်ချင်း ချကြတာပေါ့။ ကိုယ့်ကိုယ်ကို ဆရာမကြီးစတိုင်နဲ့ သူများကို ခိုင်းမနေနဲ့။"
"နင်အမှန်တိုင်း မပြောဘူးဆိုရင် နင် သူနဲ့ တွဲနေတယ်လို့ ငါတကယ် ယူဆရလိမ့်မယ်။ ငါ့ကိုယုံပါ။ နင် အဲ့သည်လို ယူဆခံချင်မှာ မဟုတ်ဘူး။"
"သူက ငါ့ရဲ့ ဘာကို ကြည့်ပြီး ကြိုက်ချင်မှာလဲ လဒူမရဲ့။"
"ဒါဆိုရင် သူကြိုက်နေတဲ့ အခြားတစ်ယောက် ရှိတာလား။"
"ဒါကိုတော့ ကိုယ့်ဦးနှောက်နဲ့ကိုယ်သာ စဉ်းစားကြည့်တော့။"
"သူ ငါနဲ့ လမ်းခွဲရတဲ့ အကြောင်းကို ပေးရင်ပေး။ မပေးရင်...."
"မပေးရင် ဘာဖြစ်မှာလဲ။ ရိုက်သတ်မှာလား။ ငါ့လိုလူက နင့်ရဲ့ ကလေးကလားဆန်တဲ့ ခြိမ်းခြောက်ချက်တွေကို ကြောက်မယ် ထင်နေတာလား။ ဆုတောင်းလေ။ သုံးဘဝလောက် ဆုတောင်းလိုက်။"
Shinobu သည် Hagumiအား ပြာကျမတတ် စိုက်ကြည့်နေသည်။ Hagumiကလည်း မလျော့သော မီးတောက်များဖြင့် ပြည့်လျှံနေသည့် မျက်လုံးများဖြင့် ပြန်ကြည့်နေသည်။
"ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် Ryuကို ငါ့ဆီကနေ လုယူသွားတဲ့လူကို ငါရှာတွေ့တာနဲ့ သူနောင်တရသွားအောင် ငါလုပ်ပစ်နိုင်တယ်ဆိုတာ နင်မမေ့ပါနဲ့။"
Shinobu သည် ဆံပင်တွေကို လေထဲမြောက်သည်အထိ တစ်ဖက်သို့ လှည့်လိုက်ပြီး ကျော့မော့စွာ ထွက်သွားလေသည်။

To be continue.......

He's mine Where stories live. Discover now