Part 27

34 2 0
                                    

"ခင်ဗျားက....."
Rohito သည် Naoအား တောက်ပစွာ ပြုံးပြလိုက်သည်။
"မင်္ဂလာပါ။ ငါက မင်းအဖေ Rohito Kaitoပါ။ တွေ့ရတာ ဝမ်းသာပါတယ်။"
"ဘယ်လို...."
"ပြောရမှာတော့ အရှည်ကြီးပဲ။ ရှုပ်လည်ရှုပ်တော့ ပြောရမှာ ပျင်းတယ်။ ဒီတော့ အတိုချုံ့လိုက်မယ်ဆိုရင်တော့ မင်းအမေက ငါ bisexual မှန်း သိသွားလို့ ငါ့ကို မုန်းပြီး ထွက်သွားတာ။ ဆိုတော့ကာ ငါက မကောင်းတဲ့ အဖေ မဟုတ်ဘူး။ မင်းအမေရဲ့ အယူအဆက လွဲနေရုံပဲ။"
"ကျွန်တော် အဖေ့အကြောင်း စိတ်မဝင်စားဘူး။ ကျွန်တော့်ကို ဘာဖြစ်လို့ ဖမ်းလာတာလဲပဲ ပြောပြပါ။"
Hirohito တိတ်ဆိတ်ငြိမ်သက်သွားသဖြင့် Nao နည်းနည်းတော့ လန့်သွားသည်။
"Isuki၊ မင်းကြားလား။ ငါ့သားက ငါ့ကို အဖေလို့ ခေါ်လိုက်တယ်။"
"ကြားပါတယ်။ နားမကန်းပါဘူး။"
"ငါ့ဘဝမှာ ကြားဖူးတဲ့ ဒုတိယမြောက် အချိုသာဆုံး ခေါ်သံပဲ။"
"အပိုတွေ ပြောမနေနဲ့။ ကျွန်တော့်ကို ဘာလို့ ခေါ်လာတာလဲ ပြောပါဆို။ ဧကန္တ ကျွန်တော့်ကို ဓားစားခံ လုပ်ပြီး အမေ့ကို ခြိမ်းခြောက်မလို့လား။"
"တစ်ခါတစ်လေကျရင် မင်းဦးနှောက်ကို စပျစ်သီးလောက်လေးပဲ သုံးတတ်အောင် မင်းအမေ ဘယ်လိုသင်ကြားခဲ့သလဲ ငါသိချင်မိတယ်။"
"ဗျာ?"
"ငါ မင်းကို ဘာမှ မလုပ်ဘူး။ မင်းအမေကိုလည်း ဘာမှ မလုပ်ဘူး။ မင်းတို့နှစ်ယောက်အတွက် အန္တရာယ်ရှိလို့ ခဏ ခေါ်ထားရုံပဲ။ စိတ်ပူမနေနဲ့။ မကြာခင် Chikoလည်း ရောက်လာလိမ့်မယ်။"
"အန္တရာယ်ရှိတယ်? ဘာဖြစ်လို့ အန္တရာယ် ရှိမှာလဲ။"
"ငါ့စီးပွါးရေး ပြိုင်ဘက်က မင်းတို့နှစ်ယောက်က ငါ့အားနည်းချက်လို့ မှတ်ယူပြီး မင်းတို့နှစ်ယောက်ကို ဦးတည်တိုက်ခိုက်ဖို့ ကြိုးစားနေကြတာ။ ဆိုတော့ သူတို့ကို ရှင်းလို့မပြီးမချင်း မင်းတို့နှစ်ယောက်ကို ခေါ်ထားရမှာပဲ။"
"ဘယ်လို စီးပွါးရေးပြိုင်ဘက်မျိုးက သူများကို ထိခိုက်အောင် လုပ်မှာလဲ။"
Naoက မယုံချင်သော မျက်နှာထားမျိုးနှင့် ပြောသည်။
"လက်နက်မှောင်ခိုသမားတွေလေ။"
Hirohito က ခပ်တည်တည် ပြောချပြီးအိပ်ကပ်ထဲက ဆေးလိပ်တစ်လိပ်ထုတ်ပြီး မီးညှိလိုက်လေသည်။
"Isuki၊ အပြင်ထွက်။ ငါ့သားနဲ့ငါ ပြောစရာတွေ အများကြီးရှိသေးတယ်။"
"ဒါပေမဲ့ မင်းခုနကလိုမျိုး....."
"ငါသိပါတယ်။ ငါသိပါတယ်။ ငါကbossလား၊ မင်းကbossလား။ သွားသာသွားစမ်းပါ။"
Hirohito ၏ အမိန့်ကြောင့် Isuki စိတ်မချလက်မချ ပုံစံမျိုးဖြင့် ထွက်သွားတော့သည်။

He's mine Where stories live. Discover now