Part 3

87 7 1
                                    

Naoက ပြုံးရယ်လျက် တစ်ဖက်သို့ လှည့်သွားချိန်တွင် Ryu၏ ရင်ထဲ၌ ဟာတာတာကြီး ခံစားရသည်။ ထိုဟာတာတာဖြစ်မှုကြီးကနေ ဒေါသအဖြစ်သို့ ကူးပြောင်းသွားသည်။
"မင်းကို ဘယ်သူက အိမ်ခေါ်သိပ်ချင်မှာလဲ။"

Ryuသည် Naoကို ကြမ်းပြင်ပေါ်သို့ တွန်းလှဲချလိုက်သည်။ သူ၏ လုပ်ရပ်ကြောင့် Naoသည် နားမလည်နိုင်စွာ အံ့ဩနေသည်။ Ryuသည် Naoကို ကြည့်ရင်း အပူဝင်နေသော သားရဲတစ်ကောင်လို ဝင်သက်ထွက်သက်များကို ပြင်းထန်စွာ ရှုရှိုက်နေခဲ့သည်။ သူ၏ မျက်လုံးထဲတွင် ဆာလောင်မှုတစ်ခုတည်းသာ တွေ့ရသဖြင့် Nao ကြောက်လာမိသည်။
"ဟေ့ကောင်၊...ဒါ....ဘာလုပ်နေတာလဲ။..ဖ...ဖယ်။"
Naoသည် သူ့ပခုံးအား ဖိထားသော Ryu၏ လက်ကို တွန်းဖယ်နေသော်လည်း Ryuက တုတ်တုတ်မလှုပ်ပါ။
"ဖယ်လို့ပြောနေတယ်နော်။"
"မင်း....မင်းက ယောကျ်ားတစ်ယောက်ရဲ့ ရမ္မက်ကို လျှော့တွက်လိုက်တာပဲ။"
Ryu၏ စကားက Naoကို ကြက်သီးမွှေးညှင်းများ ထစေခဲ့သည်။

Ryuသည် Nao၏ မေးကို အကြမ်းအရမ်းဆွဲပြီး သူ့ကို မျက်နှာမူစေသည်။ Nao၏ မျက်လုံးထဲတွင် မျက်ရည်စများ တွေ့နေရသည်။
"မင်း အာသာဖြေတာ ဘာလဲ သိချင်တယ်မဟုတ်လား။ မင်းကို ငါသင်ပေးမယ်။ ပြီးရင် အပိုလက်ဆောက်အနေနဲ့ ယောကျ်ားနှစ်ယောက် ဘယ်လို လုပ်ကြလဲဆိုတာပါ သင်ပေးမယ်။"
Ryu၏ အပြုံးကြီးက Naoကို မျက်ရည်တောက်တောက် တောက်​တောက် ကျစေပြီး အသံမထွက်ရဲလောက်အောင် ခြောက်လှန့်နေသည်။

Nao၏ ပါးပေါ်မှ မျက်ရည်တွေ စီးကျလာတာ မြင်တော့မှ Ryuလည်း အသိစိတ်ဝင်လာသည်။ သူ ဘာလုပ်ရန် ကြိုးစားနေမိပါလိမ့်...။

Ryuသည် လွယ်အိတ်ကိုဆွဲပြီး နောက်ပြန်မလှည့်ကြည့်မိအောင် ကြိုးစားလျက် အိမ်အပြင်ဘက်သို့ ပြေးထွက်သွားသည်။ Naoကတော့ သူထားခဲ့သည့်အတိုင်း တောင့်တောင့်ကြီး ကျန်နေခဲ့သည်။

အပြင်ရောက်သည်နှင့် မိုးရေစက်များသည် Ryu၏ ကိုယ်ပေါ်သို့ အပြေးအလွှား ခုန်ဆင်းလာကြသည်။ မိမိအိမ်ကို ရောက်သည်အထိ မရပ်မနား ပြေးလာခဲ့သည်။

"သခင်လေး...။"
ခြံဝန်းထဲကနေ အိမ်ထဲသို့ ပြေးသွားသော သူ့ကို မြင်သောအခါ ဝန်းထဲမှ ယောကျ်ားအချို့က နှုတ်ဆက်ကြသည်။ သို့သော်လည်း Ryuက လုံးဝ လှည့်မကြည့်ဘဲ ရေချိုးခန်းထဲသို့သာ တည့်မတ်စွာ ဝင်သွားခဲ့သည်။ အခန်းကို သော့ခတ်ပြီးသည်နှင့် သူသည် နံရံကိုမှီကာ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်တော့သည်။
"ငါ သူ့ကို ငိုအောင် လုပ်မိလိုက်ပြီ။"
.
.
.
.
.
Naoသည် လည်ပင်းနားထိ ရောက်နေသော စောင်ကို မျက်နှာဖုံးသည်အထိ ဆွဲတင်လိုက်သည်။ ညနေက အဖြစ်အပျက်များကို တွေးကြည့်ရင် တော်တော် ရှက်မိသည်။ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သူနားမလည်နိုင်ပါ။ သူ၏ သူငယ်ချင်းက သူ့အပေါ် အဖြူရောင်ထက် ပိုသော မေတ္တာ ရှိနေတာတဲ့လား။ ဒါမှမဟုတ် အရင်တုန်းကလို စရင်းနှင့်မှ လက်လွန်သွားတာလား။ သူမတွေးတတ်ပါ။ ဘဝမှာ အခုလို ကိစ္စများ ရှိလာလိမ့်မည်ဟု သူမထင်ခဲ့ဖူးပါ။ သေချာတာတစ်ခုကတော့ အိပ်လို့မရသည်အထိ သူ့ရင်တွေ တဒုန်းဒုန်း ခုန်နေခဲ့ခြင်းပင်။ နောက်နေ့ Ryuကို ဘယ်လိုမျက်နှာပြရမလဲဆိုတာ သူမတွေးတတ်တော့ပါ။
.
.
.
.
.
ခါတိုင်းနေ့တွေလို Naoသည် Ryuနှင့်အတူကျောင်းမသွားဘဲ မိမိဘာသာ စောစောစီးစီး ထွက်လာခဲ့သည်။ ၎င်းကို ကြိုတင်ခန့်မှန်းပြီးဖြစ်သော Ryuကတော့ အံ့ဩခြင်းမရှိဘဲ ကျောင်းကိုပဲ စက်ဘီးနင်းလာခဲ့သည်။ Naoသည်လည်း အခန်းထဲတွင် ထိုင်ရမလိုထရမလိုနှင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ Ryu အခန်းထဲ ဝင်လာချိန်တွင် သူ လိပ်ပြာလွင့်မတတ် လန့်သွားသည်။ ဖြစ်နိုင်ရင် ပြူတင်းပေါက်ကနေသာ ခုန်ချလိုက်ချင်သည်။

He's mine Donde viven las historias. Descúbrelo ahora