Part 21

33 2 0
                                    

ကိစ္စတွေ အကုန်ရှင်းပြီးသွားမှသာ Naoကို ပြောပြမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုနေ့တစ်ရက်လုံး Naoသည် Ryuကို ဥက္ခောပြုခဲ့သည်။ Hagumiကိုသာ စကားပြောသည်။ ထိုကိစ္စကြောင့် Ryuတော်တော် စိတ်အနှောက်အယှက် ဖြစ်ရသော်လည်း ကျောင်းဆင်းသည်အထိ သည်းခံပြီး နေနိုင်ခဲ့သည်။
.
.
.
.
.
("သူ့ကို အချိန်ဆွဲထား။")
Ryuက Hagumiကို အသံမထွက်ဘဲ လှမ်းပြောလိုက်သည်။
("အချိန်ဆွဲလို့ မရရင်ရော။")
("Summer boat ကို ခေါ်သွားလိုက်။")
("ရေခဲမုန့်ဝယ်ကြွေးရမယ်နော်။")
("deal။")
နှစ်ယောက်သား အဝေးကနေပြီး လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

ပြီးသည်နှင့် Ryuသည် အခန်းထဲကနေ အမြန်ပြေးထွက်သွားသည်။ သူ Shinobu တို့ အခန်းကို သွားကြည့်တော့ သူမက သူငယ်ချင်းတွေနဲ့ စကားပြောရင်း ပစ္စည်းတွေ သိမ်းနေတုန်း။
"Shinobu။"
သူမက သူ့ကို လှည့်ကြည့်သည်။
"ဪ၊ Ryuပါလား။ အိမ်အတူ ပြန်မလို့လား။"
"ငါ နင့်ကို ပြောစရာရှိလို့။"
"ကောင်းပြီ။"
Shinobu သည် သူငယ်ချင်းတွေကို လက်ပြပြီး Ryuနှင့်အတူ လူရှင်းသော နေရာဆီသို့ ထွက်လာခဲ့သည်။

"ပြော၊ ဘာကိစ္စလဲ။"
Ryuသည် လွယ်အိတ်ထဲက ဓာတ်ပုံအား Shinobu ကို ထုတ်ပြလိုက်သည်။ ထိုပုံကို မြင်သည်နှင့် Shinobu ဒေါသလည်းထွက်၊ ရှက်လည်းရှက် ဖြစ်သွားသည်။ သူမ ရေချိုးတုန်းက အဝတ်ဗလာ ဖြစ်နေသော ပုံကို Ryuဘယ်တုန်းက ခိုးရိုက်ထားလဲမသိ။ သူမ ထိုဓာတ်ပုံကို ဆွဲယူဖို့ ကြိုးစားတော့ Ryuက မြှောက်လိုက်သည်။
"မလုပ်ရဘူးလေ။"
"ဒါက ဘာသဘောလဲ။"
"ဘာသဘောဖြစ်ရမှာလဲ။ နင့်ကို blackmail ဖို့လေ။"
"ဟမ်?"
"နင်က ယောကျ်ားလေးတွေ ကြားထဲမှာ တော်တော် နာမည်ကြီးတာဆိုတော့ ဒါကိုသာ ကော်ပီရောင်းလိုက်ရင် ငါတော်တော် မြတ်သွားမှာပဲ။"
"Haruto Ryu! နင် ဒါ မိန်းကလေးတစ်ယောက်ကို သက်သက်မဲ့ အရှက်ခွဲပြီး ညစ်တာပဲ။ နင့်မှာ သိက္ခာ မရှိတော့ဘူးလား။"
"နင်ကပဲ ပြောရသေးတယ်။ ဒါတင် မကသေးဘူး။ ငါကြိုက်တဲ့အချိန် အိမ်ကလူတွေကို ထပ်ရိုက်ခိုင်းလို့ ရတယ်။"
"နင်...."
"ငါတို့ကိစ္စ ခဏလေးနဲ့ ပြန်ငြိမ်သွားမှာ။ နင့်ပုံသာ လူတွေကြားမှာ ၂၄နာရီ ပျံ့နေရင်တော့...."
"နင်တို့ပုံတွေကို ဖျက်စေချင်တာ မဟုတ်လား။ ငါဖျက်ပေးမယ်။"
"ရှိသေးတယ်။"
"ဘာလဲ။"
"ငါနဲ့ Naoနားကို ဘယ်တော့မှ ထပ်မလာနဲ့။"
"ရတယ်။"
Shinobu သည် သူမဖုန်းထဲက ပုံတွေကို ချက်ချင်းလက်ငင်းပဲ ဖျက်ပေးလိုက်သည်။
"ကျေနပ်ပြီလား။ ပေးတော့။"
Ryuက ပုံကို အိတ်ထဲ ပြန်ထည့်လိုက်သည်။
"နင်ဘာလုပ်တာလဲ။"
"စိတ်မပူပါနဲ့။ ငါဒီပုံကို ဘယ်သူမှ မမြင်အောင် သိမ်းထားမှာပါ။ ငါက ငါ့စကားကို တည်တဲ့အတွက် နင် ဒီပုံကို အစတည်းက မရှိဘူးလို့ သဘောထားလို့ရတယ်။"
"ငါက ဘယ်လိုလုပ် အဲသလို သဘောထားနိုင်ရမှာလဲ။ ငါ့ပုံက ယောကျ်ားလေးတစ်ယောက်ဆီမှာလေ။"
"ငါစိတ်ချဆိုရင် စိတ်ချလိုက်တော့။ အစတည်းက ငါ့ကို လာခြိမ်းခြောက်ခဲ့တာ နင်ကိုယ်တိုင်မှားတာပဲလေ။"
Ryuသည် Shinobu ကို ဥပေက္ခာပြုရင်း ထိုနေရာမှ ထွက်လာခဲ့သည်။ သူ့စိတ်တွေ အရမ်း ပေါ့ပါးနေသည်။

He's mine Where stories live. Discover now