Part 15

40 2 0
                                    

"မေ့သွားပြီလား။ နင့်ဦးနှောက် ခွေးချီသွားပြီလား။"
"ဟုတ်တာတော့ ဟုတ်တာပေါ့။ ဒါပေမဲ့...."
"ဆက်မပြောနဲ့တော့။ အချိန်ကုန်တယ်။ နေဖင်ထိုးအောင် အိပ်နေပြီးတော့။ ထတော့။"
"ဘာလုပ်မလို့လဲ။"
"အိုက်ယား......shopping ထွက်မယ်။ အလှပြင်မယ်။ နင့်ကို အပီရွှိုင်းပေးရမယ်လေ။ ကောင်မလေးကို ကြွေသွားအောင် လုပ်ပေးရမယ်။"
"ဟမ်?"
"ဟမ်မနေနဲ့။ ထတော့ဆို။"

Hagumiသည် Naoကို အိမ်မှ အမြန်ခေါ်လာကာ အနီးရှိ ကုန်တိုက်သို့ ခေါ်လာခဲ့သည်။ Nao ကုန်တိုက်တွေကို မကြာခဏ ရောက်ဖူးပေမဲ့တော့ အဝတ်အစားဝယ်ဖို့ဆိုပြီး ရည်ရွယ်ပြီး သိပ်မလာဖြစ်။ သူ့အတွက် အဝတ်အစားများကို အမေဖြစ်သူကသာ ဝယ်ပေးပြီး လမ်းပေါ်မှာ သူအရမ်းကြိုက်တဲ့အဝတ်မျိုးတွေ့မှသာ ဝယ်ဖြစ်သည်။

အင်္ကျီဒီဇိုင်းတွေ အကုန်လုံးနီးပါး Naoမသိ။ Hagumiကတော့ တစ်ဆိုင်ဝင်တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နှင့် စိတ်ရှည်လက်ရှည် လိုက်ရှာပေးသည်။ Naoကို တစ်ချက်မမေးဘဲ သူနှင့်လိုက်ဖက်မည့်ပုံစံကို လိုက်ရှာရင်း အချိန်အတော် ကုန်သွားခဲ့သည်။ သင့်တော်တဲ့ပုံ တွေ့ပြန်တော့လည်း ဆိုဒ်က Naoအတွက် ကြီးလွန်းသည်။ ၁၀နာရီကျော်လောက်ကျမှ သင့်တော်သော အဝတ်စားတစ်စုံကို ရွေးဖြစ်ခဲ့ကြသည်။

အနက်ရောင်ကိုယ်ကျပ်အင်္ကျီလက်ပြတ်ကို အပေါ်က အဖြူရောင်လက်ရှည်တစ်ထပ်။ အင်္ကျီအသားမှာ ပွယောင်းသော်လည်း Naoနှင့် fitဖြစ်သည်။ ရင်ဘက်တွင် coolဟု ရေးထားသော စကားလုံး အကြီးကြီး ပါပြီး ဇစ်နှင့်ဖြစ်သည်။ ဘောင်းဘီကိုတော့ အနက်ရွေးချယ်ပြီး ဖိနပ်ကို ဘွတ်ဖိနပ်အနီရောင်ရွေးရသည်။ ခြေမျက်စိပေါ်နေစေသော ဘောင်းဘီမျိုး ဖြစ်သဖြင့် Naoနှင့် အတော်လိုက်သည်ဟု Hagumiက ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။ Naoကတော့ နားမလည်။ ဒါပေမဲ့ ဒီဝတ်စားဆင်ယင်ပုံက သူ့အရင်ပုံစံတွေနဲ့ လုံးဝ ကွဲထွက်စေသည်ဆိုတာကတော့ သေချာသည်။

အဝတ်အစားကိစ္စပြီးတော့ Hagumiက Naoကို beauty salon တစ်ခုဆီသို့ ခေါ်သွားပြန်သည်။ beauty salon ထဲတော့ Naoတစ်ခါမှ မရောက်ဖူး။ အပြင်ကသာ ငေးကြည့်ဖူးသည်။ ထိုက stylist တစ်ယောက်နဲ့ Hagumiက တော်တော် ရင်းနှီးသည့်ပုံ။ Hagumiက ထို stylist အမျိုးသားဆီ စိတ်ချလက်ချအပ်ပြီး အပြင်မှာပဲ ထိုင်စောင့်နေသည်။ Naoကတော့ ဘုမသိဘမသိနှင့် ထိုအမျိုးသားဆွဲခေါ်ရာနောက်သို့ တကောက်ကောက် လိုက်သွားရလေသည်။

He's mine Where stories live. Discover now