Part 26

36 3 0
                                    

"ကဲ၊ လက်ဆောင်ပေးဖို့ အချိန်ကျပါပြီ။"
Hagumi က ပြောရင်းဆိုရင်း ခုံဘေး၌ ချထားသော အထုတ်အား Nao ကို ပေးလိုက်သည်။ Nao ကြည့်ကြည့်တော့ ps အသစ် ဖြစ်နေသည်။
"Hagumi....."
"ကြိုက်တယ်မဟုတ်လား။ ကောင်းကောင်းသုံး။"
"ဒီလောက် စျေးကြီးတာကို။ နင်ဘယ်လို......"
"စိတ်မပူနဲ့။ ငါ့မှာ လျှိုထားတာတွေ ရှိပါတယ်။"
"နောက်ဆို ဒီလောက် စျေးကြီးတာ မဝယ်ပေးနဲ့နော်။"
"ငါ့အလှည့်ကျရင်လည်း အသစ်ထွက်တာ ဝယ်ပေးရမယ်နော်။"
Ryu ကပြောတော့ Hagumi က ပြုံးပြုံးလေး လက်ခယ်ထောင်ပြသည်။ Ryu ကလည်း ပြုံးပြုံးလေးနဲ့ လက်ခလယ်နှစ်ချောင်းစလုံး ထောင်ပြသည်။

Michiko သည် Nao ၏ လက်ထဲသို့ ဆွဲကြိုးလေးတစ်ကုံး ထည့်ပေးလိုက်သည်။ ငွေဆွဲကြိုးလေးဖြစ်ပြီး လက်စွပ်လေးက လော့ကတ်အသွင်။
"ဒါက မင်းအဖေ အမေ့ကို ပေးခဲ့တဲ့ ပထမဆုံး လက်ဆောင်နဲ့ အမေ့ရဲ့ စေ့စပ်လက်စွပ်။"
"အဖေဖြစ်သူဆီက ရသည်ဆို၍ Nao ဆွဲကြိုးကို သေသေချာချာ ကြည့်လိုက်သည်။ ဆွဲကြိုးမှာ ပါးလှပ်ပြီး လက်ရာမှာ အသေးစိတ်ကျကာ လှပသည်။ တန်ဖိုးလည်း သိပ်ကြီးသည့်ပုံမပေါ်။
"မင်းအဖေက လိုတာရတဲ့ သူဌေးသားဆိုပေမဲ့ အမေ့ကို လက်ဆောင်ပေးဖို့ အချိန်ပိုင်းအလုပ် ထွက်လုပ်ပေးခဲ့တယ်။ ဒီဆွဲကြိုးလေးတစ်ကုံးရဖို့ လပေါင်းများစွာ ကြိုးစားပေးခဲ့တာ။ အမေ သူနဲ့ မပတ်သက်တော့ဘူးဆိုပေမဲ့ အမေ့အတွက် သူကြိုးစားခဲ့တာတွေကို မစွန့်ပစ်နိုင်ခဲ့ဘူး။ အမေ့အစား သားကပဲ သိမ်းပေးထားပါ။"
Nao Michiko ကို ပွေ့ဖက်လိုက်သည်။ ဘာကြောင့်မှန်းမသိ၊ Nao၏ ရင်ထဲ၌ ဝမ်းနည်းလာခဲ့သည်။ Michiko က ပါးစပ်ကသာ သူ့အဖေနဲ့ မပတ်သက်တော့ဘူးလို့ ပြောနေပေမဲ့ တကယ်တန်းကျတော့ သူ့ကိုလွမ်းနေမှန်း Nao သိသည်။ တစ်သက်မှာ တစ်ခေါက်အနေဖြင့် အဖေ သူတို့နားမှာ ရှိနေသေးရင် ကောင်းမယ်ဟု Nao ဆုတောင်းမိသည်။

"ကဲ၊ ငါ့အလှည့်ပဲ။"
Ryuက ထိုသို့ပြောပြီး အပြင်ထွက်သွားသည်။ များမကြာခင် စက်ဘီးအသစ်တစ်စီးယူပြီး ပြန်လာခဲ့သည်။ အရမ်းလှသော စက်ဘီးအဖြူရောင်လေး။ Nao ပါးစပ်မပိတ်နိုင်လောက်အောင် ဖြစ်နေသည်။
"သဘောကျလား။"
"ငါ့ဘာသာငါ ဝယ်မယ် ပြောထားတာကို။"
"မင်းမပြောခင်တည်းက ငါပြောထားတာ။ ဒီတော့ ငါပဲ ဝယ်ပေးမယ်။"
"ငါ....."
"ဘာပြောမလို့လဲ။ မယူဘူးလား။ မယူရင်လည်းပြော။"
"ဘယ်သူက မယူဘူး ပြောနေလို့လဲ။"
"အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်လို့ပြော။"
"လဲသေလိုက်လေ၊ အစ်ကိုကြီးရဲ့။"
"Nao၊ ယဉ်ကျေးကျေးပြောလေ။"
"ဟုတ်ကဲ့အမေ။"
Nao Ryuကို လျှာထုတ်ပြလိုက်သည်။
.
.
.
.
.
အရာအားလုံးမှာ အေးချမ်းပြီး ပျော်စရာအတိဖြစ်နေခဲ့သည်။ Nao အချိန်ပိုင်းအလုပ်သွားတိုင်း Ryu က လိုက်ပို့ပေးပြီး အပြန်ကျတော့လည်း အမြဲ လာကြိုပေးသည်။ ပြီးတော့ သူတို့နှစ်ယောက် ရန်ဖန်ရန်ခါ date လုပ်ကြသည်။ ဒီလိုနှင့် နောက်ထပ် အချိန်တစ်လ ကုန်သွားပြန်သည်။

He's mine Where stories live. Discover now