Part 20

36 2 0
                                    

"စကားလေး ခဏလောက် ပြောလို့ရမလား။"
သူမ စကားပြောလိုက်မှ Naoသတိဝင်လာသည်။
"အင်း။ ဝင်ပါ။"
Nao သူမကို အထဲသို့ ဖိတ်ခေါ်လိုက်ရာ သူမက ပြုံးပြပြီး အထဲသို့ ဝင်လာသည်။

Nao သတိထားမိသည်က Shinobu သည် ရုပ်ချောရုံသာမက အပြုအမူတွေကလည်း ယဉ်ကျေးသိမ်မွေ့လှသည်။ တော်ဝင်မင်းသမီးလေးတစ်ယောက်လိုမျိုး။ သူမအပြုအမူတွေကိုကြည့်ပြီး Naoကိုယ့်အပြုမူတွေကို ပြန်မြင်ယောင်လာမိသည်။ သူမနှင့် Naoသည် အိမ်ထဲက စားပွဲမှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
"လက်ဖက်ရည်ဖြစ်ဖြစ် သောက်ဦးမလားဟင်။"
"ရပါတယ်။ စကားပြောပြီးတာနဲ့ ပြန်တော့မှာပါ။"
"ဘာအကြောင်းလဲ။"
သူမသည် သူမအိတ်ထဲက ဖုန်းကိုထုတ်ပြီး Naoကို တစ်ခုခု ဖွင့်ပြလိုက်သည်။

၎င်းမှာ video တစ်ခုဖြစ်ပြီး Shinobu တို့ အခန်းထဲ၌ ရိုက်ထားခြင်းဖြစ်သည်။ မနီးမဝေး၌ ထိုင်နေသော Shinobu နှင့်တကွအခန်းတံခါးကို ရှင်းလင်းစွာ တွေ့နေရသည်။ များမကြာမီ အခန်းတံခါး ပွင့်လာပြီး တစ်စုံတစ်ယောက် အခန်းဝမှာ ရပ်နေသည်။ ....Ryu...။ Ryuပါလား။
"Shinobu။"
Ryuက Shinobu နာမည် ခေါ်လိုက်သောအခါ Naoနည်းနည်းတော့ ကြက်သီးထသွားသည်။
"ဘာလဲ။"
ဘေးက ကျောင်းသားတွေက သူတို့နှစ်ယောက်ကို စိတ်ဝင်တစား ကြည့်နေကြသည်။ ထိုအချိန်မှာပဲ Ryuက သူတို့အားလုံးရှေ့တွင် ဒူးထောက်ချလိုက်သည်။
"ငါနဲ့ ပြန်တွဲပေးပါ။"
black holeထဲ စုပ်ယူခံလိုက်ရသလို Nao ခံစားလိုက်ရသည်။ Ryuသူ့ကို ကြိုတင်သတိပေးပြီးပြီဆိုပေမဲ့ အခုလို ကိုယ်တိုင် မြင်လိုက်ရတော့ နာကျင်ရတာက နာကျင်ရတာပါပဲလား။ ပြီးတော့ Ryuက ဘာကိစ္စ လူတွေအများကြီးရှေ့မှာ ဒူးထောက်တောင်းပန်နေရတာလဲ။
"နင်ကိုယ်တိုင်ပဲ ငါနဲ့ ဖြတ်မယ်လို့ ပြောခဲ့တာလေ။ အခုတော့ ဘာဖြစ်ရပြန်တာလဲ။"
"ငါတုံးအမိလို့ပါ။ ငါနဲ့ ပြန်တွဲပေးပါ။"
"ငါနဲ့ တစ်သက်လုံး မခွဲဘူးလို့ ကတိပေးနိုင်လား။"
"ပေးနိုင်ပါတယ်။"
Nao၏ စိတ်ထဲ၌ ပိုပိုပြီး စိုးရိမ်လာသည်။ Ryuတကယ်ပဲShinobu ကို သဘောကျနေခဲ့တာလား။ အဲဒါကြောင့် Naoသူ့ကို နမ်းဖို့ ကြိုးစားတော့ သူလက်မခံခဲ့တာလား။
"ဒါဆိုရင် ကောင်းပါပြီ။ နင်ထလို့ ရပါတယ်။ အခြားလူတွေရှေ့မှာ ကိုယ့်ကိုယ်ကို အရှက်ကွဲခံမနေပါနဲ့တော့။"
Shinobu ဆီက ခွင့်ပြုချက် ရတော့မှ Ryu ထလိုက်သည်။ ထိုအချိန်မှာပဲ Shinobu က ဖုန်းကို ပြန်သိမ်းလိုက်သည်။

He's mine Where stories live. Discover now