Part 19

35 2 0
                                    

လောလောလောလော ထွက်သွားသည်မို့ သူတို့ ဟိုတယ်ထဲက ထွက်လာပုံကို ခိုးရိုက်ထားသော Shinobu ကိုတော့ သတိမထားမိကြပါ။
.
.
.
.
.
"ဟဲ့၊ ဟဲ့၊ ဘယ်လို နေသလဲ။"
Hagumiက Nao၏ အနားကပ်ပြီး မေးလိုက်သည်။
"ဘာကိုလဲ။"
"ငါဘာကိုမေးလဲ နင်သိပါတယ်။ ကောင်မလေးနဲ့ ကိစ္စလေ။ ဘယ်လိုလဲ။ အဆင်ပြေသွားတယ်မဟုတ်လား။"
".......အဆင်တော့ ပြေခဲ့ပါတယ်။"
"ဟမ်း! ငါပြောသားပဲ။ ငါ့အကြံတွေက အလုပ်ဖြစ်မှာပါလို့!"
"ဒါပေမဲ့....."
"ဒါပေမဲ့ ဘာဖြစ်လဲ။"
"ဒါပေမဲ့ မနမ်းဖြစ်ခဲ့ဘူး။"
"ဘာလို့လဲ။"
"အရှေ့က ကိစ္စတွေတောင် ငါ့အတွက် အတော်များနေပြီဟ။ ဘယ်လောက်ထိ ရှက်ဖို့ကောင်းလဲ နင်မသိပါဘူး။"
"ရှက်တာကတော့ ရှက်မှာပဲလေ။ နင်သဘောကျတဲ့လူဆို တွဲတာ ဘယ်လောက်ပဲကြာကြာ ရှက်တာကတော့ သဘာဝပဲ။"
"တကယ်လား။"
"တကယ်ပေါ့။"
'ဒါဆိုရင်....ငါRyuကို သေချာပေါက်....'
"ရော့၊ ဒီမှာ စတော်ဘယ်ရီနို့။"
"Waa!!!"
Ryuက မပြောမဆိုဘဲ ရုတ်တရက် ပြန်ရောက်လာသောကြောင့် Naoလန့်ပြီး အော်လိုက်မိသည်။
"ဘာတွေ မဟုတ်တာ လုပ်ထားလို့ ဒီလောက် လန့်နေရတာလဲ။"
"ဘာမှမလုပ်ပါဘူး။"
"Ryu၊ နင်သိလား။ Naoကလေ...."
Naoသည် အချိန်မီ Hagumiကို ပါးစပ်ပိတ်လိုက်နိုင်သည်။
"Naoက ဘာဖြစ်လို့လဲ။"
"imm.....hmm..."
"ဪ၊ ဟုတ်သားပဲ။ ငါပြောရဦးမယ် Hagumi။ Naoနဲ့ ငါနဲ့လေ....."
Naoသည် နောက်ထပ် လက်တစ်ဖက်နှင့် Ryu၏ ပါးစပ်ကို လှမ်းပိတ်လိုက်သည်။
"hmm....Imm...."
"Imm...hmm...omm...."
"တော်ကြပါတော့!!"
.
.
.
.
.
"ဒီတော့ မင်း Hagumiကို မပြောသေးဘူးပေါ့။"
"အင်း။ ငါတို့ကြားက သံယောဇဉ်ကို ဒီအတွက် ပျက်စီးသွားမှာ မလိုချင်ဘူး။"
".....ဒါဆိုရင်လည်း ကောင်းပါပြီ။ ငါကတော့ အိုကေပါတယ်။"
"ရေဆာလိုက်တာ။ pocari sweat တစ်ဘူးလောက် သွားဝယ်ပေး။"
"ဟာ...."
"ဘာလဲ။ ငါပြောတာ မလုပ်ပေးချင်ဘူးလား။"
"လုပ်ပေးပါ့မယ်။ စိတ်လျှော့ပါ။ သခင်ကြီးကလည်း။"
Ryuသည် Nao၏ အမိန့်ဖြင့် အအေးဝယ်ရန် ထွက်သွားရာ Naoတစ်ယောက်ပဲ ကျန်ခဲ့သည်။

အအေးဝယ်နေတုန်း တစ်ယောက်ယောက်က သူ့ပခုံးကို လက်ဖြင့် တို့လိုက်သဖြင့် လှည့်ကြည့်လိုက်ရာ Shinobu ဖြစ်နေသည်။
"မင်းကိုး။"
"ငါ့မှာ နင့်ကို ပြောစရာရှိတယ်။"
"အားမနေဘူး။ နောက်မှပြော။"
"Naoအကြောင်းဆိုရင်ရော။"
Shinobu က ပြုံးပြုံးလေး ပြောလိုက်သဖြင့် အခြေနေ မကောင်းဘူးဟု Ryuခံစားလိုက်ရသည်။
"ဘာလဲ။"
Shinobu သည် Naoနှင့် Ryuအား ရိုက်ထားသည့်ပုံကို ပြလိုက်သည်။
"ဒါက...."
"ယောကျ်ားလေးနှစ်ယောက် တည်းခိုခန်းထဲဝင်ပြီး မိနစ်နှစ်ဆယ်လောက် အကြာမှ ပြန်ထွက်လာကြတယ်။ ဒီပုံတွေသာ ပျံ့သွားရင် လူတွေဘယ်လို မြင်ကြမလဲ။ ဘယ်လို ပြောကြမလဲ။"
"နင်ငါ့ကို လာခြိမ်းခြောက်နေတာလား။"
"ဟုတ်တယ်။ စကားလှအောင် ပြောရရင် နှစ်ဦးနှစ်ဖက် မထိခိုက်စေခြင်းဖြင့် အကျိုးပြုခြင်းပေါ့။"
"ငါကြောက်မယ် ထင်နေတာလား။"
"နင်မကြောက်ရင်တောင် Naoလေးအတွက် စဉ်းစားရမှာပေါ့။ Naoလေး ဘယ်လောက်တောင်မှ ရှက်သွားမလဲ တွေးကြည့်ပါဦး။"
"နင်လုပ်ရဲလုပ်ကြည့်လေ။ Naoမျက်ရည်တစ်စက်ကျရတဲ့နေ့ နင့်အလောင်းကို နေ့မကူးခင် ငါးမန်းစာကျွေးပြမယ်။"
"ငါ့ကို နင်မသတ်ခင် Naoအရင် အရှက်ကွဲရမှာနော်။"
".....နင်ဘာလိုချင်တာလဲ။"
"Naoနဲ့ လမ်းခွဲပြီး ငါနဲ့ ပြန်တွဲရမယ်။ မတွဲခင် ငါ့ကို ခွင့်လွှတ်ပေးပါဆိုပြီး တစ်ခန်းလုံးရှေ့မှာ ဒူးထောက်တောင်းပန်ရမယ်။"
"ဒါပဲလား။"
Ryuက ခပ်ပေါ့ပေါ့ပဲမေးတော့ Shinobu နည်းနည်းတော့ သံသယ ဝင်မိသည်။
"ဒီတော့ နင်လုပ်ပေးမယ်ပေါ့။"
"လုပ်ပေးမယ်။ အဲဒါကြောင့် အဲဒီဓာတ်ပုံကို ဖျက်ပေးမယ်လို့ ကတိပေးမှာလား။"
"ငါစကား တည်ပါတယ်။"
"ကောင်းပြီလေ။"
Ryuသည် Shinobu ကို ဝင်တိုက်ပြီး ထိုနားက ဖြတ်သွားပါတော့သည်။

Nao စောင့်နေသော နေရာသို့ ရောက်တော့ အဝေးကနေ Naoကို ကြည့်ပီး Naoဝမ်းနည်းတာ ထပ်မြင်ရမှာ တွေးရင်း စိတ်ညစ်နေမိသည်။ မတတ်နိုင်ပါ။ ဒါကလည်း သူကောင်းဖို့အတွက် ကြံရတာပဲကို။

"Nao။"
"ကြာလိုက်တာ။ မြန်မြန် လာစမ်းပါ။"
"ငါမင်းကို ပြောစရာရှိတယ်။"
Ryuသည် Nao၏ လက်ထဲသို့ အအေးဘူး ထည့်ပေးရင်း မျက်လုံးတွေကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဘာလဲ။"
"ငါ မင်းနဲ့ လမ်းခွဲပြီး Shinobu နဲ့ ပြန်တွဲမှဖြစ်မယ်။"
"ဟမ်?"
Nao ထိုင်နေရာမှ ထရပ်လိုက်သည်။
"ဘာ....ဘာကို..."
"ဒါပေမဲ့ ငါ့ကို မင်းယုံပေးပါ။ ဒါမင်းအတွက်ပါ။"
"ငါ့အတွက်?"
"ငါ မင်းကိုပဲချစ်တယ်။ အချိန်ခဏလေးပဲ သည်းခံပြီး စောင့်ပေးပါ။ ပြီးတာနဲ့ ငါမင်းကို အကုန်ရှင်းပြပါ့မယ်။"
"ဒါပေမဲ့ ငါနားမလည်ဘူး။"
"ငါ့ကိုပဲ ယုံပေးပါ။ ဟုတ်ပြီလား။"
"......အင်း။"
Naoဘာမှန်းမသိသော်လည်း ခေါင်းသာညိတ်လိုက်ရသည်။

နောက်နေ့မနက်တွင်တော့ Naoနေမကောင်းဖြစ်၍ ကျောင်းမသွားဖြစ်ဘဲ အိမ်မှာပဲ ကွေးနေခဲ့သည်။ စိတ်ထဲ၌ Ryuနှင့် ပတ်သတ်ပြီး မတင်မကျဖြစ်ကာ စိုးရိမ်နေမိသည်။ ကျောင်းဆင်းချိန်ရောက်တာနဲ့ အိမ်ကိုလာရန် Ryuကို ဖုန်းဆက်မည်ဟုတော့ တွေးထားသည်။ အမေကတော့ ထုံးစံအတိုင်း အိမ်မှာမရှိ။

ဘယ်အချိန်ကစ၍ အိပ်ပျော်သွားသလဲမသိဘဲ ညနေ၅နာရီလောက်မှသာ Naoနိုးလာခဲ့သည်။ နိုးလာသည်ဆိုသည်ကလည်း အိမ်အောက်က တံခါးဘဲလ်သံကြောင့်သာ။ အိပ်ချင်မူးထူးထရင်း Ryuဖြစ်မည်ဟု ထင်လိုက်သည်။ အဲဒါကြောင့် ကုတင်ပေါ်ကနေ လှစ်ခနဲဆင်းပြီး အောက်ထပ်သို့ ပြေးသွားသည်။

ဒါပေမဲ့ တံခါးဖွင့်လိုက်ချိန်မှာတော့ သူ၍ အထင်နှင့် လက်တွေ့ လွဲမှားနေကြောင်း တွေ့လိုက်ရသည်။ တံခါးဝမှာ ရှိနေသည့် လူကတော့ သူ့ကို ပြုံးပြုံးလေး ရပ်ကြည့်နေသော Shinobu သာ ဖြစ်နေသည်။
"မင်္ဂလာ ညနေခင်းပါ Touko-san။"
သူမက ကျောင်းဝတ်စုံ ဝတ်ထားသည်ဖြစ်ရာ ကျောင်းက တန်းလာခဲ့သည်ဟု Naoထင်သည်။သူမသည်ကား တကယ်ကို လှပသော မိန်းကလေးတစ်ယောက်ဆိုတာတော့ Naoဝန်ခံရမည်။ တစ်နေကုန် ကျောင်းတက်ပြီး ပြန်လာတာတောင် မနက်ခင်းမှာရှိသည့် အလှမျိုးနှင့် သပ်ရပ်လှပနေသေးသည်။

To be continue........

He's mine Where stories live. Discover now