Part 23

33 3 0
                                    

"အဖေနဲ့အမေက အဲဒီ ဒူးရင်းသီးလိုကောင်ကို ဘာလို့ ဒီလောက်သဘောကျနေကြလဲမသိဘူး။"
Hagumiသည် အဝတ်လဲပြီးသော်လည်း အိမ်ပြင်သို့ မထွက်ဘဲ အခန်းထဲမှာသာ နေနေသည်။ အပြင်ထွက်ပြီး Hikari၏ မျက်နှာကို ကြည့်ပြီး ထိုင်စကားပြောရမည့်အရေး နည်းနည်းလေးမှ မတွေးချင်ပါ။

ထိုစဉ် တံခါးခေါက်သံနှစ်ချက်ထွက်လာသည်။
"အမေ၊ သမီးနေမကောင်းလို့ အပြင်မထွက်ချင်ဘူး။"
"ငါပါ။"
"နင်ဘာလာလုပ်တာလဲ။"
"နင်ငါ့ကို မတွေ့ချင်လည်း ကိစ္စမရှိပါဘူး။ ငါအပြင်ကပဲ နင့်ကို စကားပြောပါမယ်။.......ငါဒီတစ်ခေါက်ပြန်လာတာ အလည်အတွက် ပြန်လာရုံပဲမဟုတ်ဘူး။ အခြားကိစ္စတစ်ခု ရှိသေးတယ်။"
"ငါနင့်ရဲ့ဘာကိစ္စမှ မသိချင်ဘူး။"
"တကယ်တော့ ငါတို့နှစ်ယောက် ကိစ္စပါ။"
".......ဘာအဓိပ္ပာယ်လဲ။"
"ငါပြန်လာတဲ့ အဓိက အကြောင်းအရင်းက ငါတို့နှစ်ယောက် စေ့စပ်ပွဲအတွက်ပဲ။"
"ဘာ!"
Hagumi လန့်ဖျပ်ပြီး ထရပ်လိုက်မိသည်။
"နင့်အမေနဲ့ ငါ့အမေက အရင်တည်းက ဒီကိစ္စကို စီစဉ်ချင်နေခဲ့တာ နင်သိတယ်မဟုတ်လား။"
အမှန်ပင်။ Hikariနှင့် Hagumiတို့၏ မိခင်တွေဟာ ငယ်သူငယ်ချင်းတွေ ဖြစ်ကြပြီး သူတို့နှစ်ယောက်ကို စီစဉ်ပေးချင်နေခဲ့တာ Hagumiလည်း သိသည်။
"သူတို့စီစဉ်ပြီးခဲ့တာကြာပြီ။ နင့်ကို ဘယ်လိုပြောရမလဲမသိ ဖြစ်နေကြတာ။"
"ငါသူတို့ကို ပြန်ဖျက်ခိုင်းမယ်။"
"Hagumi၊ လူကြီးတွေ လက်နဲ့ရေးထားတာကို ခြေနဲ့ မဖျက်ချင်စမ်းပါနဲ့။ ငါလည်း နင့်ကို သဘောကျပါတယ်။ ငါနင့်ကို တစ်သက်လုံး စိတ်ချမ်းသာအောင်ထား....."
"ငါဂရုမစိုက်ဘူး။ ငါမကြိုက်တဲ့ လူတစ်ယောက်ကို လက်မထပ်နိုင်ဘူး။"
"ဒါဆိုရင် နင့်မှာ အခြားကြိုက်တဲ့လူ ရှိနေတာလား။"
"နင်နဲ့မဆိုင်ဘူး။ အဲဒီကိစ္စကို ငါမရရအောင် ဖျက်ခိုင်းမယ်။"
"အေး။ ငါလည်း အပျက်မခံနိုင်ဘူး။ ငါနင့်ကို အရမ်းချစ်တာ။ နင့်ကို မရရအောင် ယူမှာပဲ။"
"နင်...."
"ငါ ပြန်တော့မယ်။"
"ဟာ၊ လူယုတ်မာကောင်။.....ကဲဟာ....။"
Hagumiသည် ဒေါသဖြစ်စွာဖြင့် ခေါင်းအုံးကို တံခါးသို့ ပစ်ပေါက်လိုက်သည်။
.
.
.
.
.
"အမေ၊ သမီး သူနဲ့ မစေ့စပ်ချင်ဘူး။"
"Hagumi၊ ငါတို့အကုန် စီစဉ်ပြီးပြီ။ လူကြီးတွေ မျက်နှာပျက်အောင် မလုပ်စမ်းပါနဲ့။"
"အမေတို့က သမီးကို မတိုင်ပင်ပဲ စီစဉ်ထားရအောင် သမီးက သက်မဲ့မှ မဟုတ်တာ။ သမီးဆန္ဒကိုလည်း မေးကြပါဦးလား။"
"ဘယ်လို စကားတွေလာပြောနေတာလဲ။ Hikariက လူရည်မွန်တစ်ယောက်။ ရုပ်လည်းချောတယ်။ ပညာလည်းရှိတယ်။ ဥစ္စာလည်း ပေါတယ်။ ဘယ်လောက်တောင် ပြည့်စုံလှသလဲ။ သူက နင့်ကို တင့်တောင်းတင့်တယ် ထားပေးနိုင်တယ်။ မိဘတွေက နင့်ပျော်ရွှင်မှုအတွက် စီစဉ်ပေးနေတာကို ကျေးဇူးမကန်းစမ်းပါနဲ့။"
"သမီးပျော်ရွှင်မှုအတွက်? သမီးက သူ့ကို ကြိုက်ပါတယ်၊ ယူချင်လှပါတယ်လို့ အော်နေလို့လား။ အခုပဲ ကြည့်ပါဦး။ မလိုချင်ဘူးပြောနေတာတောင် အတင်းအကြပ်မရမက စီစဉ်နေပြီးတော့ သမီးပျော်ရွှင်မှုအတွက်လား။...."
"ရေတိုကို မကြည့်ဘဲ ရေရှည်ကို ကြည့်ရတယ်ဟဲ့။"
"ရေရှည် စိတ်ဆင်းရဲဖို့လား။ အမေတို့ ဘာပဲပြောပြော သမီးသူ့ကို လက်မခံနိုင်ဘူး။ မချစ်တဲ့လူနဲ့ လက်ထပ်ပြီး သမီးဘဝကို တစ်သက်လုံး စိတ်ဆင်းရဲမခံနိုင်ဘူး။"
"အရေးမပါတဲ့ဟာကြီးကို မပြောစမ်းပါနဲ့ဟယ်။ အချစ်ဆိုတဲ့ ဟာကြီးက ယူပြီးသွားရင် အလိုလို ဖြစ်လာလိမ့်မယ်။"
"သမီးဂရုမစိုက်ဘူး။ သမီးမှာ ကြိုက်နေတဲ့လူရှိတယ်။"
"ကြိုက်နေတဲ့လူ? ညည်းက ဘယ်သူ့ကို ကြိုက်လဲ ပြောကြည့်စမ်းပါဦး။"
"Ryu။"
"ဘာ။"
အဖေဖြစ်သူကပင် ကြားက ပါလာသည်။
"နင့်ကို လွှတ်ပေးထားတာ တော်တော်များသွားပြီနဲ့တူတယ်။ အချစ်ရဆုံး သမီးလေးမို့ ဘယ်သူနဲ့ပေါင်းပေါင်း ပေါင်းပါစေဆိုပြီး လွှတ်ပေးထားတာ နောက်ဆုံးတော့ အောက်တန်းကျတဲ့ အချိုးချိုးပြီပေါ့။ သူက သာမန်လူမဟုတ်ဘူးဟဲ့။ Yakuzaမိသားစုရဲ့ ဆက်ခံမယ့်သူ ဖြစ်လာမယ့်လူ။ နင် သူ့ကို မှန်းရင် တစ်သက်လုံး ဒူးနဲ့မျက်ရည်သုတ်နေရရုံပဲရှိမယ်။ အခုကစပြီး သူနဲ့Naoကို နည်းနည်းလေးမှ မပေါင်းနဲ့တော့။ ပြောစကားနားမထောင်ရင် အိမ်ထဲမှာ အကျယ်ချုပ် ချုပ်ခံရမယ်။ ပြောတာ ကြားလား။"
"အဖေ!"
"ပါးစပ်ပိတ်။ အခန်းထဲသွားတော့။"
ဘာမှ ပြန်ပြောလို့ မရသောအခါ Hagumi အခန်းထဲ ပြန်ဝင်ရရုံသာ တတ်နိုင်တော့သည်။
.
.
.
.
.
နောက်နေ့မနက်မှာတော့ကျောင်းသို့ အစောကြီးလာပြီး ခွေနေခဲ့သူမှာ Hagumi ဖြစ်သည်။
"Hagumi၊ နေမကောင်းဘူးလား။"
"ဪ၊ ရောက်လာပြီလား။"
"အင်း။"
"ငါနင်တို့ကို ပြောစရာရှိတယ်။"
"ဘာလဲ။"
"ငါမကြာခင် စေ့စပ်ရတော့မယ်။"
သုံးယောက်သား ခဏတာ တိတ်ဆိတ်သွားကြသည်။
"နင်ပြောတဲ့ဟာကြီးကလည်း ယုတ္တိမရှိလွန်းလို့ ရယ်တောင်မရယ်ချင်တော့ဘူး။"
"အေးလေ။"
"သေနာတွေ။ ဒီမှာ အတည်ပြောနေတာဟဲ့။ နည်းနည်းလေးလောက် ဂရုစိုက်ကြပါလား။"
"တကယ်ကြီးလား။"
"ဘယ်သူနဲ့လဲ။"
"ငါ့အမေ သူငယ်ချင်းရဲ့သားနဲ့။"
"သူက နင့်ကို တကယ်ကြီး ကြိုက်တယ်တဲ့လား။"
"ကောင်းတာပေါ့။ အဲဒီလိုလးမျိုး တွေ့တုန်းလေး ယူထားလိုက်။"
သူပြောနေသည်များကို ပြောင်ချော်ပျက်ချော်လုပ်နေသော Ryuနှင့် Naoတို့ကို Hagumi ကြည့်ရင်း အတော်စိတ်မကောင်းဖြစ်မိသည်။
"ထားပါတော့။ အဖေနဲ့အမေပြောတာ တကယ်မှန်တာပဲ။ ငါ့ကို နည်းနည်းလေးတောင် ဂရုမစိုက်တဲ့ လူတွေနဲ့ အချိန်ဖြုန်းနေလည်း အလကားပါပဲ။"
Hagumi စိတ်ဆိုးသွားပြီး တစ်ဖက်သို့ လှည့်သွား၏။
"Hagumi၊ ငါတို့က နောက်နေတာပါ။"
"ဟုတ်တယ်။ စိတ်မဆိုးပါနဲ့။"
"ထားလိုက်တော့။"
"အဲ..."

ထိုအချိန်မှစ၍ Hagumiသည် Naoတို့အား တစ်နေကုန် စကားမပြောတော့။ ထမင်းလည်း အတူမစားချေ။ အိမ်ပြန်တော့လည်း မပြောမဆိုနဲ့ တစ်ယောက်တည်း ပြန်သွားသည်။ ထိုအရာတွေကို ကြည့်ပြီး အခုကိစ္စဟာ ပြင်းထန်ကြောင်း Ryuနှင့် Naoတို့ သတိထားမိကြသည်။ ပြီးတော့ သူတို့ လွန်သွားကြောင်းကိုရောပဲပေါ့။
.
.
.
.
.
"Hagumi တော်တော် စိတ်​မကောင်း ဖြစ်သွားတာပဲ။"
"အေး။ ငါတို့လွန်တာပါ။ သူ့ကြည့်ရတာ မစေ့စပ်ချင်ဘူးထင်တယ်။"
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ ဒီတိုင်းကြည့်နေလို့တော့ မဖြစ်သေးဘူး။ Hagumi က ငါတို့ အကူညီလိုတိုင်း အမြဲရှိခဲ့တာ။ သူအကူညီလိုချိန်မှာလည်း ငါတို့ကူညီမှဖြစ်မယ်။"
"အင်းပါ။ သေချာပေါက် ကူညီရမှာပေါ့။"
Ryuသည် Nao၏ ခေါင်းကို ပွတ်သပ်ပြီး ပြောလိုက်သည်။

To be continue........

He's mine Where stories live. Discover now