Part 4

74 7 1
                                    

သူ့ကြောင့် Nao ဒီလို ဖြစ်နေတာ တွေ့တော့ Ryu စိတ်မကောင်းဖြစ်မိသည်။
"Nao။"
"Ryu!?"
Naoထပြေးဖို့လုပ်တော့ Ryuက ပြေးပြီး သူလက်ကို ဖမ်းဆွဲလိုက်သည်။
"ဘာလုပ်တာလဲ။ လွှတ်!"
Nao အားကုန်သုံးပြီး ရုန်းသော်ငြား Ryu၏ လက်တစ်ဖက်ဆီက မလွတ်နိုင်ပါ။
"ငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်းပါ!"
"ဘာကိုလဲ?!"
"မနေ့ညက ကိစ္စကြောင့် မင်း ငါ့ကို စိတ်ဆိုးနေတာ မဟုတ်လား။"
"ငါမဆိုးပါဘူး။"
"ဆိုးပါတယ်။"
"မဆိုးပါဘူးလို့ဆိုနေ။"
"ဒါဆိုငါ့ကို ဘာလို့ ရှောင်နေတာလဲ။"
"..ငါ......လွှတ်ပေးတော့။"
Ryuသည် ခဏတာ ငြိမ်သက်သွားပြီးနောက် Nao၏ လက်ကို လွှတ်ပေးလိုက်သည်။
"ငါ ဘယ်လိုလုပ်ပေးမှ မင်းစိတ်ဆိုးပြေမှာလဲ။ ကြိုက်တာသာပြော။ အကုန် လုပ်ပေးမယ်။"
"ငါစိတ်မဆိုးဘူးလို့...."
"အကယ်၍ မင်းဒီတိုင်း ငါ့ကို ဆက်ပြီး ဥပေက္ခာ ပြုနေရင် ငါ ကျောင်းခေါင်မိုးပေါ်က ခုန်ချမယ်။"
"ဘာ?! မင်း ရူးနေလား။"
"ဒီလိုကိစ္စတွေ ဖြစ်ပြီးပြီဆိုတော့ ငါမင်းကို မလိမ်တော့ပါဘူး။ Nao၊....ငါမင်းကို ချစ်တယ်။ သူငယ်ချင်းအချစ်ထက် ပိုတယ်။ မင်း ငါ့ကို အခုလို ရှောင်နေရင် ငါဘယ်လိုမှ မနေနိုင်ဘူး။ အဲဒါကြောင့်....."
"ဆက်မပြောနဲ့။"
"..."
"..."
"ကောင်းပြီ။"
Ryu ထွက်သွားဖို့လုပ်တော့ Naoက ပြန်လှမ်းဆွဲလိုက်သည်။ Ryuသည် သူပြောထားသည့် စကားအတိုင်း လုပ်တတ်သူမျိုးဖြစ်ရာ ခုနက ခေါင်မိုးပေါ်က ခုန်ချမည်ဆိုသော စကားကြောင့် Naoစိတ်ပူနေမိသည်။ Ryuကတော့ သူ့ကို ကျောပေးထားတုန်း။
"မင်းဘယ်သွားမလို့လဲ။"
"ခေါင်မိုး။"
"......ငါ စကားမပြောတာနဲ့ အဲဒီလိုလုပ်ရအောင် မင်းဦးနှောက်က အကျိုးသင့်အကြောင်းသင့် မတွေးတတ်တော့ဘူးလား!"
"မင်းနဲ့ပတ်သက်လာရင် အဲဒီလို မတွေးနိုင်လောက်အောင် အရူးအမူး ချစ်နေမိလို့ပဲ။"
သူ့မျက်နှာကို စေ့စေ့လှည့်ကြည့်ရင်း Ryuပြောလိုက်သော စကားများသည် Nao၏ ရင်ထဲသို့ တည့်မတ်စွာ ဝင်ရောက်သွားကြသည်။ နှလုံးခုန်သံ မြန်လာသည်။ ကြောက်လန့်ခြင်းကြောင့်မဟုတ်၊ စိုးရိမ်ခြင်းကြောင့်မဟုတ်၊ ဒေါသထွက်ခြင်းကြောင့်မဟုတ်ဘဲ Naoရင်တွေ ခုန်နေခဲ့သည်။ Nao တစ်ခါမှ မခံစားဖူးသော ခံစားချက်ကြီး။ နေရောင်ဆည်းဆာအောက်မှာ Nao၏ မျက်နှာဟာ ရဲလို့လာခဲ့သည်။
"ငါ....တကယ်....စိတ်မဆိုးပါဘူး။"
Nao၏ နှုတ်ခမ်းမှ ထွက်ကျလာသော တိုးတိုးငယ်ငယ်စကားသံများကို Ryuသည် ဂရုတစိုက် နားထောင်နေခဲ့သည်။
"...ရှက်လို့ပါ။....မင်းမျက်နှာကိုတွေ့တိုင်း.....မနေ့ညက ဖြစ်ထားတာတွေ ပြန်မြင်လာမိပြီး နှလုံးခုန်အရမ်းမြန်လာတယ်။ ဒီလိုခံစားချက်ကြီးကို သဘောမကျဘူး။ ကြောက်တယ်။ အဲဒါတွေကြောင့်ပါ။ စိတ်ဆိုးတာ မဟုတ်မပါဘူးဆို။ ဘာလို့မယုံရတာလဲ။.....ငါ့ကိုပဲ ခြိမ်းခြောက်နေတယ်။ အကျင့်မကောင်းဘူး။"
Naoသည် ပြောရင်းနှင့် မျက်ရည်ဝဲလာသဖြင့် Ryuသည် သူ့ဘက်သို့လှည့်ပြီး ပါးနှစ်ဖက်ကို လက်ဖြင့် ယုယစွာ ကိုင်လိုက်သည်။
"မငိုနဲ့။ ငါ့ဘဝမှာ မင်းငိုတာ မလိုချင်ဆုံးပဲ။ ငါနောက်ဆို အဲဒီလို ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်။ ဟုတ်ပြီလား။"
"....အင်း...။"
Naoသည် နှာရှုံ့ပြီး ပြန်ဖြေပြန်ဖြေလိုက်သည်။ Ryuက Nao၏ ရဲလာသော နှာသီးထိပ်လေးအား ဖြတ်ခနဲ နမ်းပြီး နွေးထွေးစွာ ပွေ့ဖက်လိုက်သည်။ Nao၏ ရင်ထဲ၌ လှုပ်လှုပ်ရှားရှား နွေးထွေးသွားသည်။ Ryu၏ ရင်ခွင်ထဲ၌ ရှိနေသော အချိန်ခဏလေးသည် သူ့အတွက် အလုံခြုံဆုံးလို့ ခံစားရစမြဲ။ Nao၏ လက်များက Ryu၏ ကျောကို ပြန်ရစ်ပတ်လိုက်သည်။

ထိုမြင်ကွင်းကို ကြည့်နေသော မိန်းကလေးတစ်ယောက်၏ ရင်ထဲမှာတော့ ပန်းတွေ ကြွေကျလို့နေလေသည်။
.
.
.
.
.
Hagumiက ကိစ္စလေးတွေ ရှိသေးသည်ဆို၍ သူတို့နှစ်ယောက်ကို အရင်လွှတ်လိုက်သည်။ ထုံးစံတိုင်းထက်စာရင် ဒီနေ့က ပို၍ တိတ်ဆိတ်နေသည်။ Naoသည် Ryu၏ ခါးကို မဖက်ဘဲ ထိုင်ခုံအခြေကိုသာ မြဲမြံစွာ ကိုင်ရင်း လိုက်ပါလာခဲ့သည်။
"ခါးမဖက်ရင် ပြုတ်ကျလိမ့်မယ်။"
"ရတယ်။ ငါမြဲအောင် ကိုင်ထားတယ်။"
"ရှေ့မှာ ချိုင့်တွေနဲ့နော်။"
"ရပါတယ်ဆို။"
Ryuသည် ချိုင့်ကို မရှောင်ဘဲ တည့်တည့်နင်းသွားသဖြင့် စက်ဘီးတစ်ခုလုံး လှုပ်ရှားသွားသည်။ Naoလည်း လန့်လန့်ဖျပ်ဖျပ်နဲ့ Ryu၏ ခါးကို ဖက်လိုက်သည်။
"သေနာကောင်။ အယုတ်တမာကောင်။ ဘာဖြစ်လို့ချိုင့်ကို ရှောင်မမောင်းတာလဲကွ။"
Ryuထံမှ ရယ်သံတစ်ချက်ထွက်လာသည်။
"ဘာရယ်တာလဲ မကောင်းဆိုးဝါးရဲ့။"
"ဘာမှမဟုတ်ပါဘူး။ မင်းဆဲသံလေး မကြားရတာ ကြာပြီလို့။"
"တစ်ရက်လောက်အဆဲမခံရတာနဲ့ နေမထိထိုင်မထိ ဖြစ်နေတယ်ပေါ့။ စိတ်မပူနဲ့။ ကောင်းကောင်းဆဲပေးမယ်။"
"အင်းပါ။"
Ryuသည် Naoကို ဘာမှဆက်မပြောတော့ဘဲ ပြုံးသာပြုံးနေမိသည်။ Naoလည်း မတော်မဆ ဖက်ထားသော လက်ကို မဖြုတ်ပစ်တော့ပါ။ ထူးဆန်းသည်။ နွေးထွေးမှုက ပုံမှန်ထက်ထူးခြားသည်။ ရင်တွေတဒိတ်ဒိတ် ခုန်နေသည်။
.
.
.
.
.
မနေ့ကနဲ့မတူဘဲ အိမ်ပြန်လာတော့ Ryuမျက်နှာအရိပ်အကဲ ပုံမှန်ပြန်ဖြစ်သွားသည်ကို လူတိုင်းသတိထားမိသည်။ Naoလည်းပဲ ထိုနည်းလည်းကောင်း၊ ခွကျသော အခြေနေကနေ အခုလို ပြန်ဖြစ်သွားမယ်လို့ သူမထင်မှတ်ထားပါ။ ဘာကြောင့်မသိ၊ ရင်ထဲတွင် ပျော်ရွှင်မှုတွေ ဖြာကျနေသည်။

Nao ရေချိုးခန်းထဲက ထွက်လာလို့ ဖုန်းကို စစ်ကြည့်ရာ Ryuဆီမှ message ဝင်ထားသည်ကို တွေ့ရသည်။ Naoသည် စိုနေသော ဆံပင်များကို တဘတ်ဖြင့်သုတ်ရင်း ကုတင်ပေါ်သို့ လှဲချလိုက်ကာ ဖုန်းဖွင့်ကြည့်လိုက်သည်။
(ရေချိုးပြီးပြီလား။)
(ဘာလုပ်မလို့မေးတာလဲ။ ငါ့အမေလား။)
Naoစာပို့ပြီးလို့ ၂မိနစ်မပြည့်ခင်မှာပဲ Ryuဆီက reply ပြန်လာသည်။
(မင်းအမေအိမ်မှာရှိလား)
(မရှိဘူး)
ဒီတစ်ခါတော့ Ryuဆီက replyပြန်ရန် နည်းနည်းကြာနေသည်။
(ငါမင်းအိမ်လာခဲ့လို့ရလား)
Naoလန့်ပြီး ကုတင်ပေါ်တွင် ထထိုင်မိသည်။
(ဘာလို့လာမှာလဲ)
(မင်းညစာဘာစားဖို့ ကြံစည်ထားလဲ)
"ဪ...."

To be continue.......

He's mine Where stories live. Discover now