Part 13

42 3 0
                                    

သူမကိုယ်က လာသော ဆာကူရာနံ့မှာ လေထဲ စွဲကျန်ခဲ့၏။ သူမ ထွက်သွားသည်နှင့် သူမလူတွေက Hagumiကို လွှတ်လိုက်ပြီး အသီးသီး ထွက်သွားကြပါတော့သည်။

Hagumiသည် ကြမ်းပြင်ပေါ်က သူမ၏ ကွဲကြေနေသော ဖုန်းကို ကောက်ပြီး အတန်းသို့ ပြန်လာခဲ့သည်။ သူမပါးနှစ်ဖက်မှာ အနည်းငယ် နာနေသော်လည်း အရမ်းကြီးတော့မဟုတ်။ အခြေနေ သိပ်မဆိုးဘူးလို့ပဲ မျှော်လင့်ရသည်။

"နင် ကြာလိုက်တာဟာ။ အိမ်သာထဲမှာပဲ အပင်ပေါက်နေပြီလားလို့။"
"နင့်ပါးက ဘာဖြစ်တာလဲ။"
Nao က ဦးစွာ မေးလိုက်သည်။
"ဘာမှမဖြစ်ဘူး။ လူမှားပြီး ပါးဆွဲခံလိုက်ရတာ။"
"လူမှားပြီးပါးဆွဲခံရတယ်။"
"အဆင်ရော ပြေရဲ့လား။ နီရဲနေတာပဲနော်။"
"ဘာမှမဖြစ်ပါဘူး။ ပါးဆွဲခံရတာ မသေနိုင်ပါဘူး။"
"နင်လိမ်ပြောနေတာမဟုတ်လား။"
Ryuက ခပ်တည်တည်မေးသောကြောင့် Hagumiမလုံမလဲနှင့် လန့်သွားသည်။
"ငါက ဘာလိမ်ရမှာလဲ။"
"တကယ်တန်း နင်အကြွေးယူပြီး ပြန်မဆပ်လို့ ပါးရိုက်ခံလိုက်ရတာမဟုတ်လား။"
"ရှိသမျှမြွေအမျိုးအစားတွေကိုက်ပြီး ပုပ်သွားမှ အလောင်းကို လင်းတအကြွေးခံရမယ့်ကောင်။"
ပါးစပ်ကသာ ဆဲဆိုလိုက်သော်လည်း စိတ်ထဲကတော့ စိတ်ချလက်ချ သက်ပြင်းချရင်း 'တော်သေးတာပေါ့'ဟု တွေးလိုက်မိသည်။
.
.
.
.
.
ညနေကျတော့ ထုံးစံအတိုင်း အတူတူ စက်ဘီးနှင့် အိမ်ပြန်ကြသည်။ Naoကတော့ အရင်လို Ryuနှင့် အတူတူ စီးသည်။ သူ့စက်ဘီးက ပျက်နေသည်ဆိုသော်လည်း ပြန်ပြင်ခြင်းမပြုဘဲ အိမ်မှာသာ သိမ်းထားသည်။
"Nao၊ နင့်စက်ဘီးက မပြင်ရသေးဘူးလား။"
"အေး။ အလုပ်ရှုပ်လို့ဒီတိုင်း ပစ်ထားလိုက်တာ။ ဟောင်းလည်းဟောင်းနေပြီဆိုတော့ ထပ်ပြင်ပြီးစီးလည်း ဘယ်အချိန်ပြန်ပျက်မလဲမသိဘူး။"
"မင်းအမေကို အသစ်ဝယ်ခိုင်းလေ။"
"နေပါစေ။ သူတောင် သူ့ဘာသာ အလုပ်ရှုပ်ပြီး ပင်ပန်းနေတာ။ ငါ အပိုဝန် မပေးချင်ပါဘူး။"
"မုန့်ဖိုးစုဝယ်ပေါ့။"
"အချိန်ပိုင်းအလုပ်ဆိုရင်ရော။"
Hagumiက အကြံပေးလိုက်သည်။
"အင်း။ ဟုတ်သားပဲနော်။ အမေ့ကို ခွင့်တောင်းကြည့်ရမယ်။"
"မေ့လိုက်တော့။ သူ့လို အရပ်ပုပု၊ အပေါက်ဆိုးဆိုးနဲ့ မှင်စာကို ဘယ်သူက အလုပ်ခန့်မှာလဲ။"
"ဘာပြောတယ်!"
"မလုပ်စမ်းပါနဲ့ကွ။ ပင်ပန်းတယ်။ မင်းလိုချင်ရင် ငါဝယ်ပေးမယ်။"
Ryuပြောလိုက်သော စကားကြောင့် သုံးယောက်စလုံး တိတ်ဆိတ်သွားကြသည်။
"မင်းမွေးနေ့ ရောက်​တော့မယ်လေ။ ငါမွေးနေ့လက်ဆောင်အဖြစ်ပေး....."
"ငါလုပ်မယ်။"
"ဘာ!"
"အမေခွင့်ပြုတယ်ဆိုရင် လိုက်စုံစမ်းကြည့်တော့မယ်။"
"Nao၊ မင်း နားကန်းနေလား။ ငါဝယ်ပေးမယ်လို့ ပြောနေတယ်လေ။"
"သူများပေးမှကျွေးမှ စားရအောင် ငါက တိရစ္ဆာန် မဟုတ်ဘူး။ ငါလည်း ယောကျ်ားလေးပဲ။ တစ်နေ့ကျရင် အိမ်ထောင်ဦးစီး ဖြစ်လာမယ့်လူ။ ကိုယ့်အားကိုယ်ကိုးမှ ဖြစ်မှာပေါ့။"
"အောင်မယ်လေး၊ ငါတို့ Naoလေးက ယောကျ်ားကောင်းကြီး ဖြစ်ချင်နေပါလား။ ဂုဏ်ယူပါတယ်။"
"မင်းလုပ်ရင်ငါပါလိုက်လုပ်မယ်။"
"မလုပ်နဲ့!"
"လုပ်မှာပဲ။"
"မြေနိုး!ကော်ပီကောင်။ သူများလုပ်တိုင်းလိုက်လုပ်နေပြန်ပြီ။"
"မဟုတ်ပါဘူး။ ငါ့ဘာသာအစတည်းက လုပ်ဖို့ တွေးပြီးသား။"
"Ryu!!"
Naoအော်လိုက်သည်ကို Ryuက မသိချင်ယောင်ဆောင်ပြီး လေချွန်နေလေသည်။
"ငါကတော့ လုပ်ဖြစ်မှာမဟုတ်ဘူး။ အဖေနဲ့အမေက ခွင့်ပြုမှာမဟုတ်ဘူး။"
"အေးနော်။ နင့်အဖေနဲ့အမေက လူ့ဂွစာကြီးတွေ။"
"အိုဟောင်းနေတဲ့ ရှေးထုံးတွေကို ရင်မှာပိုက်ထားတဲ့ အိုဟောင်းနေတဲ့လူတွေ။"
"နင်တို့ပြောတာ ငါ့အဖေနဲ့အမေဆိုတာရော သတိထားမိကြရဲ့လား။"
သူတို့စကားပြောရင်း လမ်းခွဲသို့ ရောက်လာကြသည်။
"မနက်ဖြန်မှ တွေ့မယ်နော်။"
"အေး။ တာ့တာ။"
"ကောင်းကောင်းသေခဲ့ပါ။"
"နင်ရောပဲ။"
သူတို့နှစ်ယောက်နေအိမ်ရှိရာ လမ်းထဲသို့ နင်းဝင်လာခဲ့သည်။

He's mine Where stories live. Discover now