Part 24

34 2 0
                                    

"ငါတိရစ္ဆာန်မဟုတ်ဘူး။ လာမပွတ်သပ်နဲ့။"
"နမ်းရအောင်။"
"....ဟာ...နမ်းလို့မရဘူး။"
"ဘာဖြစ်လို့လဲ။"
Ryuသည် Nao၏ ခါးအား ဖက်၍ သူ့ခေါင်းအား Nao၏ ပခုံးပေါ်၌ မှေးတင်လိုက်သည်။
"တစ်နေ့နေ့ ဒီလို ဖြစ်လာလိမ့်မယ်လို့ ငါအိမ်မက်တောင် မမက်ခဲ့ဖူးဘူး Nao။ တစ်သက်လုံး မင်းမသိအောင် ဖုံးကွယ်သွားရမယ်ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ မင်းက ငါပိုင်ဆိုင်တဲ့လူတစ်ယောက် ဖြစ်လာပြီး ငါတို့ကြားက အကွာအဝေးတွေကို နီးသထက်နီးအောင် ချုံ့ပစ်နိုင်ခဲ့ပြီ။ ငါအရမ်းပျော်တာပဲ။"
"....."
Nao တောင့်တောင့်ကြီးသာ နေနေမိသည်။ သူဘာပြန်ပြောရမလဲ စဉ်းစားလို့မရ။ Ryu သူ့ကို အချိန်ကြာကြီး ချစ်ခဲ့ပေးသည်အား ကျေးဇူးတင်ချင်သည်။ ဝမ်းသာကြောင်းလည်း ပြောချင်သည်။ ဒါပေမဲ့ ဘယ်လိုပြောရမလဲမသိ။
"ကဲ၊ ဒါဆို ငါပြန်တော့မယ်။ ရေချိုးပြီးသွားတာနဲ့ မင်းကို လာခေါ်မယ်။ အဆင်သင့်လုပ်ပြီးစောင့်နေ။ ဟုတ်ပြီလား။"
".....အင်း။"
Ryu တစ်ဖက်သို့ လှည့်သွားချိန်မှာတော့ Nao သူ့ကို လှမ်းခေါ်လိုက်သည်။
"Ryu!"
"ဘာလဲ။"
"...နမ်း...နမ်းလို့ရပါတယ်။"
"တကယ်လား။"
"တကယ်။"

Ryu ချက်ချင်း ပြန်လှည့်လာပြီး Naoကို ခုန်အုပ်၍ ကြမ်းပြင်သို့ တွန်းလှဲလိုက်သည်။ ရုတ်တရက်ကြီးမို့ Nao နည်းနည်းတော့ လန့်သွားသည်။ ပြီးသည်နှင့် Ryuသည် Nao၏ နှုတ်ခမ်းများကို စတင်နမ်းစုပ်လိုက်သည်။ Nao လည်း အလိုက်သင့် ပြန်နမ်းပေးသည်။ အရှိန်တက်လာသည်နှင့်အမျှ Nao၏ ခန္ဓာကိုယ်ဟာလည်း အလိုလို တုန့်ပြန်လာမိသည်။ Ryu၏ ကျောပြင်ကျယ်ကြီးကို ကုပ်တွယ်၍ မလွှတ်တန်း ဖက်ထားမိသည်။ ဒါပေမဲ့ များမကြာမီ Ryu က သူ့ကို လွှတ်ပေးလိုက်သည်။ လက်မလွန်ခင် ရပ်တန်းက ရပ်ထားမှ။
"Nao..။"
"ဟင်။"
"အရမ်းချစ်တယ်။"
"ငါရောပဲ။"
.
.
.
.
.
တံခါးခေါက်သံကြားရ၍ Hagumi ၏ အမေသည် တံခါးဆီသို့ လျှောက်လာပြီး ဘယ်သူလဲမကြည့်ဘဲ တံခါးဖွင့်ပေးလိုက်သည်။ Naoနှင့် Ryuတို့နှစ်ယောက်ကို တွေ့လိုက်ရချိန်တွင် သူမမျက်နှာ သိသိသာသာ မည်းသွားသည်။
"မင်္ဂလာပါအန်တီ Satou။"
"ဘာကိစ္စရှိလို့လဲ။ Hagumi က မအားဘူးနော်။ ဂိုက်နဲ့ စာသင်နေတယ်။"
"ကျွန်တော်တို့ Hagumi ကို လာရှာတာ မဟုတ်ပါဘူး။ အန်တီ့ကို မေးစရာရှိလို့ပါ။"
"ဘာမေးမလို့လဲ။"
"Hagumi စေ့စပ်လိုက်တယ်ဆိုတာ တကယ်ပဲလား။"
Ryuက တည့်တည့်ပဲ မေးလိုက်တော့ Hagumi၏ မိခင်ဖြစ်သူက မျက်ခုံးကျုံ့လိုက်သည်။
"ဟေ့ကောင်၊ ဘယ်လို ပြောလိုက်တာလဲ။ ယဉ်ယဉ်ကျေးကျေး မေးလေကွာ။"
"ဪ၊ ယဉ်ယဉ်ကျေးကျေး မေးရမှာလား။"
"ဟုတ်တယ်။ သူ့ရဲ့ သူငယ်ချင်းဖြစ်သလို အမေရိကားက အခုမှ ပြန်လာတဲ့ ကောင်လေးလေ။ နောက်လဆန်းမှာပဲ *ဟိုတယ်မှာ ကျင်းပမှာ။ မင်းတို့လည်း အားရင် လာခဲ့ကြပေါ့။"
"Hagumi မစေ့စပ်ချင်ဘူးဆိုတာရော သိလား။"
"Ryu!!"
"ငါ့သမီး စေ့စပ်ချင်တာ မစေ့စပ်ချင်တာ မင်းနဲ့ ဘာဆိုင်လဲ။"
"သူငယ်ချင်းတစ်ယောက်အနေနဲ့ ဆိုင်ပါတယ်။"
"ငါ့သမီးဘဝ ကောင်းစားဖို့ကိုပဲ ငါတို့ တွေးတယ်။ ဘာမှမဟုတ်တဲ့ ကလေကချေတွေနဲ့ ပေါင်းပြီး တစ်သက်လုံး သူ့အချိန်တွေကို အလကား မဖြစ်စေချင်ဘူး။ ဒီတော့ လုပ်သင့်တာ လုပ်ရမှာပဲ။"
"အန်တီ၊ လူကြီးဆိုရင် နည်းနည်းလေးတော့ သတိထားပြီး စကားပြောပေးပါ။"
Naoက ဝင်ပြောသည်။
"ကျွန်တော်တို့ ရိုင်းစိုင်းတဲ့ စကားတွေနဲ့ အန်တီ့အိမ်ရှေ့မှာ မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုနေတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ ကလေကချေဆိုပြီး ပြောရတာလဲ။"
Nao ထိုသို့ ဝင်ပြောပေးခြင်းမှာ Ryuအတွက်သာ။ Ryuသည် Yakuza မိသားစုမှာ မွေးဖွားခဲ့ပြီး ငယ်ငယ်ကတည်းက လူအများ လှောင်ပြောင်ကဲ့ရဲ့ခြင်းကို ခံခဲ့ရသည်။ သို့ပေမဲ့ တစောက်ကန်းဆန်သော Ryu သည် တစ်ယောက်ယောက်က သူ့အား လူမိုက်လို့ ပြောတာပဲဖြစ်ဖြစ်၊ လူဆိုးလို့ ပြောတာပဲဖြစ်ဖြစ်၊ သူဘာမှ ပြန်မလုပ်ခဲ့။ Naoကတော့ နားမလည်။ Ryuအဲသည်လို အဆက်ဆံခံရခြင်းမှာ မိခင်မရှိလို့လား၊ မိန်းကလေးတန်မဲ့ တက်တူးများစွာနှင့် ကြောက်စရာကောင်းသောအစ်မ ရှိလို့လား။ ဒါမှမဟုတ်၊ တိတ်ဆိတ်လွန်းသည့် ခြံအကျယ်ကြီးမှာ နေလို့လား။ ဘယ်တစ်ခုမှ သူ့အား ထိုသို့ ဆက်ဆံခံရစေမည့် အကြောင်းပြချက်မဟုတ်ပါ။ ထို့ကြောင့် ငယ်စဉ်ကတည်းက တစ်ယောက်ယောက်က Ryuကို ထိုသို့ ခေါ်တိုင်း Nao ကပဲ ကာကွယ်ပေးခဲ့သည်။ အခုလည်း ထိုနည်းတူစွာ။
"အမှန်ကို ပြောတော့ နာတယ်ပေါ့။ ကလေကချေကို ကလေကချေလို့ မခေါ်လို့ ဘာလို့ ခေါ်ရမှာလဲ။ တစ်ယောက်က အဖေမရှိ။ တစ်ယောက်က အမေမရှိ။ အဲဒါကြောင့် ဖြစ်ချင်တိုင်း ဖြစ်နေကြတာပေါ့။"
"အနည်းဆုံးတော့ ကျွန်တော်တို့မှာ ကိုယ်ဖြစ်ချင်တဲ့ အတ္တထက် သားသမီးရဲ့ ဆန္ဒကို ဦးစားပေးတဲ့ မိဘတွေ ရှိပါသေးတယ်။"
"ဘာဖြစ်တယ်?"

အန်တီ Satouသည် ဒေါသထွက်စွာဖြင့် Naoကို ပါးလှမ်းရိုက်ဖို့ ရွယ်လိုက်သော်လည်း Ryuကသာ အရှေ့က ဝင်ကာပေးလိုက်သည်။
"Ryu!"
"အမေ။"
Hagumi အသံ ကြားလိုက်ရသဖြင့် အိမ်ထဲကို လှမ်းကြည့်လိုက်ကြရာ Hagumi က သူတို့ဆီသို့ လျှောက်လာနေသည်။
"Hagumi...."
"နင်တို့ ဒီမှာ ဘာလာလုပ်နေကြတာလဲ။"
"ငါတို့ နင့်စေ့စပ်ပွဲအကြောင်း လာမေးတာပါ။"
"မလိုဘူး။ နင်တို့ ပြန်လို့ရပြီ။ ငါ့အမေရဲ့ အပြုမူတွေအတွက် တောင်းပန်ပါတယ်။"
Hagumi သည် Nao တို့ ဘာမှ ပြန်မပြောရသေးခင် တံခါးကို ဆွဲပိတ်သွားသည်။

"Hagumi ငါတို့ကို တော်တော် စိတ်ဆိုးနေတာပဲ။"
"အင်း။ ဘယ်လိုလုပ်ရင် ကောင်းမလဲမသိဘူး။"
"မင်းပါးက အဆင်ပြေရဲ့လား။"
"ငါဘာမှ မဖြစ်ပါဘူး။"
"တောင်းပန်ပါတယ်။ ငါမဆင်မခြင် ပြောလိုက်မိလို့ အခုလို ဖြစ်သွားရတာပါ။"
"ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ငါဘာမှ မဖြစ်ပါဘူးဆို။"
"ငါတို့ ဘယ်လို လုပ်ကြမလဲ။"
"ငါ.....သူနဲ့ စေ့စပ်မယ့်ကောင်ကို တစ်ခုခု လုပ်လိုက်ရင် ကောင်းမလား။"
Ryu က ကြောက်စရာ မျက်နှာထားကြီးနှင့် မေးသောအခါ Naoက သူ့ခေါင်းကို ရိုက်ချလိုက်သည်။
"ယုတ်မာတာတွေ လုပ်ဖို့လောက်ပဲ တွေးအနေနဲ့။ အခြားတစ်ခုကြံဦး သုဘရာဇာရဲ့။"
"ဆောရီးပါ။"
.
.
.
.
.
နောက်နေ့တွေမှာလည်း Hagumi သည် သူတို့အား ဘာစကားတစ်ခွန်းမှ မပြောဘဲ ဥက္ခောသာ ပြုနေခဲ့သည်။ Naoတို့ ဘယ်လို ကြိုးစားကြိုးစား သူနဲ့စကားပြောဖို့ အခွင့်ရေးမရ။ ဒီလိုနဲ့ စေ့စပ်မယ့်နေ့သာ ရောက်လာခဲ့သည်။

Hagumi သည်ကား မှန်ရှေ့က သူမရုပ်လွှာကို ကြည့်ပြီး ငိုင်နေခဲ့သည်။

To be continue.......

He's mine Where stories live. Discover now