Part 6

66 5 1
                                    

သူတွေးနေစဉ်မှာပဲ ခန္ဓာကိုယ်က အလိုလို လှုပ်ရှားနေမိပြီး ဖြစ်သည်။ သူတို့နှစ်ယောက်၏မျက်နှာ ကပ်နေသည်ကို မျက်လုံးမှိတ်ထားသော Naoပင် ခံစားနေရသည်။ သို့သော် ပထမအကြိမ်တုန်းကနှင့်မတူ။ သည်တစ်ခါတော့ ရှက်စိတ်နှင့် ခုန်နှုန်းမြန်နေသော နှလုံးသားတို့ကိုသာ Naoခံစားရသည်။ သို့ပေမဲ့ အသားချင်းထိတွေ့မှု မရှိလာခဲ့။ Ryu၏ နှလုံးသားထဲက Naoကို စိတ်မဆင်းရဲစေချင်သောစိတ်က အနိုင်ရသွားသည်။ သူ့လက်အား ဖက်တွယ်ထားသော Nao ၏ လက်တွေကို ဖြည်းညှင်းစွာ ခွါချလျက် ကုတင်ပေါ်က ဆင်းသွားတော့သည်။ အခန်းထဲတွင်ရှိသော လျှော်ရမည့်အဝတ်များကို စုသယ်လျက် အဝတ်လျှော်စက်ဆီ ထွက်သွားချိန်မှာ Naoခိုးကြည့်လိုက်သည်။ အခန်းထဲမှာ Ryuမရှိတော့ဘူးဆိုမှ စိတ်လွှတ်ချပြီး အသက်ဝဝ ရှူရဲတော့သည်။ ရင်ဘက်ထဲမှာတော့ မတင်မကျခံစားချက်ကြီးတစ်ခု။ စိတ်ပျက်သွားသော ခံစားချက်။ ဘာကိုမရလို့ စိတ်ပျက်သွားတာလဲလို့တော့ နားမလည်။
.
.
.
.
.
"Itadakimasu။"
Naoသည် ဦးစွာ ဟင်းအနှစ်နှင့် ထမင်းကို စားကြည့်လိုက်သည်။ ချိုစိမ့်သောအရသာထူးထူးကဲကဲက သူ့လျှာထဲသို့ စိမ့်ဝင်သွားသည်။
"ကောင်းလိုက်တာ။"
"ကောင်းမှာပေါ့။ ငါချက်တာပဲကို။"
Naoသည် Ryuအား မျက်စောင်းထိုးပြီး ဘေးက ပန်းကန်လုံးလေးထဲက မုန်လာဥတစ်စိတ်ကို ပါးစပ်ထဲ ထည့်လိုက်သည်။
"အသီးအရွက်တွေက ဒီမနက်မှ ဝယ်ထားတာတွေ။ ကုန်အောင်စား။"
"ဆရာကြီးလာလုပ်မနေနဲ့ မြေနိုး။"
Naoသည် ပလုပ်ပလောင်းနှင့် Ryuကို လှမ်းဆဲလိုက်သေးသည်။ အသားပြားအကြီးကြီးကို ကိုက်ချလိုက်ချိန်မှာတော့ သူ့လျှာတွေ ပူကုန်သည်။
"အား၊ ပူလိုက်တာ။"
"လောဘကြီးတာကို။ ပါးစပ်ဟ။"
Ryuပြောသောစကားကို Naoသည် သတိလက်လွတ် လုပ်လိုက်မိသည်။ Naoဟလိုက်တော့ Ryuက သူ့ပါးစပ်ထဲ လေမှုတ်ထုတ်ပေးရင်း သူတို့နှစ်ယောက် မျက်လုံးချင်းဆုံသွားသည်။ နှစ်ယောက်သား ဘာမှန်းမသိဘဲ ရင်တွေခုန်လာကြသည်။

အတန်ကြာတုံဏှိဘာဝေ ဖြစ်ပြီးနောက်တွင် အရင်စလှုပ်ရှားလိုက်သူမှာ Ryuသာဖြစ်သည်။ သူသည် သူ့နေရာ၌ ပြန်ထိုင်ပြီးနောက် Naoနှင့် မျက်လုံးချင်းမဆိုင်မိအောင် ကြိုးစားနေတော့သည်။
"ဖြည်းဖြည်းစားပါ။ မင်းပန်းကန်ထဲကဟာ အကုန်လုံး မင်းပဲစားရမှာ။"
"အင်းပါ။"
အခန်းထဲတွင် ပန်းကန်နှင့်တူ ထိတွေ့သံများသာ ကျန်ရစ်တော့သည်။
.
.
.
.
.
ကိစ္စတွေ ထိုသို့ ဖြစ်ပြီးနောက်တွင် သူတို့နှစ်ယောက် အရင်လို ပြန်အဆင်ပြေသွားလိမ့်မည်ဟု Naoထင်ခဲ့သော်လည်း အရင်ကလောက် ရင်းရင်းနှီးနှီးမရှိ။ သူတို့နှစ်ယောက်ကြားတွင် နံရံတစ်ခု ခြားသွားသလို Naoခံစားရသည်။ Ryuနှင့် စကားပြောနေရသော်လည်း အထီးကျန်နေရသည်။ Ryuက အရင်ကလောက် သူနှင့် နှီးနှောမနေ။ အသားချင်းထိတွေ့မှုကို သိသိသာသာ ရှောင်သည်။  အဲသလိုဆိုတော့ Nao ရင်ထဲ၌ မကောင်း။

He's mine Where stories live. Discover now