Part 14

41 2 0
                                    

၁နာရီလောက် အကြာတွင် သူ၏ လေ့လာမှုတွေအရ ထိုကဲ့သို့ homosexual ဆက်ဆံရေးမျိုးတွင် seme နှင့် ukeဆိုပြီး နှစ်မျိုးရှိကြောင်း သိရသည်။ seme များသည် များသောအားဖြင့် အရပ်ရှည်ရှည် တောင့်တောင့်တင်းတင်းနှင့် Ryuလို ပုံစံမျိုး ဖြစ်ကြပြီး ukeများကတော့ များသောအားဖြင့် ပျော့ပျော့နွဲ့နွဲ့ သေးသေးသွယ်သွယ်နှင့် မိမိလို ပုံစံမျိုး ဖြစ်ကြသည်။ ရှာရင်းဖွေရင်းနှင့် dark website တွေထဲရောက်ပြီး မမြင်သင့်တာများ မြင်ကာ စားထားသမျှတွေ အကုန်ပြန်ထွက်အောင် အန်လိုက်ရသေးသည်။ လိင်ဆက်ဆံသည်ဆိုတာ ဒါကိုပြောတာ ဖြစ်ရမည်ဟု Naoသဘောပေါက်သွားသည်။ ဒါပေမဲ့ လူအချင်းချင်း အဲဒီလို ပြင်းပြင်းထန်ထန် နာနာကျင်ကျင်တွေလုပ်ပြီး ခံစားလို့ ကောင်းတယ်ဆိုတာရော ဖြစ်နိုင်ပါ့မလား သူပဟေဋိဖြစ်နေသည်။......မဖြစ်သေးပါဘူး။.....ဒီတိုင်းဆိုရင် သူukeမဖြစ်ချင်ပါ။ topနေရာရဖို့အတွက် တိုက်ပွဲဝင်မှ ဖြစ်တော့မည်။ လူကောင်သေးသော်လည်း topဖြစ်နိုင်ချေရှိသည်ဟု သိရတာ သူ့အတွက် စိတ်ပူပန်မှုတွေ အနည်းငယ် လျော့သွားစေသည်။
.
.
.
.
.
"Nao။"
"....."
"Nao။"
"....."
"ဟဲ့ Nao!"
"အောင်မယ်လေး။ လန့်လိုက်တာ။ ဖြည်းဖြည်းအော်ပါဟ။"
"ငါနင့်ကို ဖြည်းဖြည်းအော်နေတာ ကြာပြီ။ နင့်စိတ်က ဘယ်ပြိတ္တာမနဲ့ ခိုးပြေးသွားလဲမှမသိတာ။"
"ငါစဉ်းစားစရာ ရှိလို့ပါ။"
"စပျစ်သီးအရွယ်ဦးနှောက်နဲ့ Naoက ဘာတွေ စဉ်းစားနေတာလဲ။"
Naoသည် လူတွေကြားထဲမှာ တန်းစီပြီး သူတို့သုံးယောက်အတွက် အသားညှပ်ပေါင်မုန့် ဝယ်နေသော Ryuကို ငူငိုင်စွာ ငေးကြည့်နေသည်။
"Hagumi၊ အတွဲတွေ ချိန်းတွေ့ရင် ဘာတွေလုပ်လေ့ရှိလဲ။"
Hagumiပါးစပ်ကနေ ပဲနို့တွေ ပြန်မှုတ်ထုတ်လိုက်မိသည်။ သူကြားလိုက်တဲ့ စကားကို Hagumiမယုံနိုင်ဖြစ်နေသည်။ ဒိတ်တဲ့....။ ဒိတ်တဲ့....။ ထိုစကားက Nao၏ပါးစပ်မှ ထွက်လာသည်တဲ့လား။
"နင်ရည်းစားရနေတာ ငါ့ကိုတောင် မပြောပါလား။"
"ရည်းစားမဖြစ်သေးပါဘူး။"
"ဘယ်သူက မကြိုက်ဘဲနဲ့ ဒိတ်လုပ်မှာလဲ။"
"ငါသူ့ကိုချစ်လားမချစ်လား အတည်ပြုချင်ရုံပါပဲ။"
"ဟင်း။....ငလျှိုကောင်တွေ။ နင်တို့တွေက ရည်းစားရတာဆိုငါ့ကို ဘယ်တော့မှ မပြောကြဘူး။"
"ရည်းစားမဟုတ်ပါဘူးဆို။"
"ကဲ၊ ထားပါတော့။ အတိုချုံးပြောရရင် နင်က ငါ့ဆီကနေ အကြံဉာဏ်တောင်းချင်တယ်ပေါ့။ ငါဆိုတဲ့ ဉာဏ်ကြီးရှင်မကြီး Hagumiဆီကနေလေ။"
"ပြောမှာသာ ပြောစမ်းပါ။"
"ဟင်းဟင်း။ စိတ်မပူပါနဲ့။ ငါတို့မိန်းကလေးတွေက ဒီလိုနေရာဆို ကျွမ်းကျင်တယ်။ နင်ဘယ်နေ့သွားမှာလဲ။"
"ဒီအပတ် စနေနေ့။"
"ဪ၊ နင်ဘာဝတ်မလဲ စဉ်းစားပြီးပြီလား။"
"ဟင့်အင်း။"
"ဘယ်သွားမယ်လို့ရော တွေးပြီးပြီလား။"
"ဟင့်အင်း။"
"အမ်း.....။ နင့်ချစ်သူနဲ့ ၁၁နာရီလောက် ချိန်းလိုက်။ နေ့လည်စာစားချိန်ပေါ့။ အဲဒါပြီးရင် ရုပ်ရှင်သွားကြည့်ကြ။ ထွက်လာရင် အဆာပြေမုန့်စားပြီး ကစားကွင်းထဲမှာ ဝင်ပျော်။ ညနေဆည်းဆာအမှီ ရဟတ်ဝင်စီး။ ရဟတ်စီးဖို့က အရေးကြီးတယ်နော်။ ရဟတ်ထဲမှာ နင်ပြောချင်တဲ့စကား ပြောတာပဲဖြစ်ဖြစ်၊ နမ်းတာပဲဖြစ်ဖြစ် အပြီပဲ။"
"....နမ်း....နမ်းတာ...။"
"ကစားကွင်းက ထွက်ရင် အိမ်ပြန်ရင်ပြန်။ မပြန်ချင်ရင်တော့ ....ဟီးဟီး...ဟီးဟီး...ဟားဟား....ဟားဟား...။"
"ဟီးဟီးဟားဟား မလုပ်ဘဲ ဘာလုပ်ရမလဲ ပြောစမ်းပါ။"
"နင် ဟီးဟီးဟားဟား အဓိပ္ပာယ် မသိဘူးလား။"
"ဟီးဟီးဟားဟားမှာ အဓိပ္ပာယ် ရှိတယ်လား။"
"ရှိတာပေါ့။ အကြီးကြီးရှိတာပေါ့။"
Hagumiသည် လူရှင်းလားမရှင်းလားကြည့်ပြီး Nao၏ နားသို့ ကပ်ပြောလိုက်သည်။
"ဟိုတယ်သွားပြီး ချစ်ရည်လူးတာလေ။"
Nao၏ မျက်လုံးထဲ၌ မနေ့ညက တွေ့ထားတာတွေ မြင်ယောင်လာပြီး ကြက်သီးတွေတောင် ထသွားသည်။ သူ၏ ထုံးစံအတိုင်း စိတ်လှုပ်ရှားစွာဖြင့် လက်ကစားနေပါသည်။
"ဒါက နည်းနည်း မများဘူးလား။ ငါတို့ရဲ့ ပထမဆုံးဒိတ်လေ။ ပြီးတော့ ငါတို့က တွဲတောင်တွဲရသေးတာ မဟုတ်ဘူး။"
Naoက တိုးတိုးလေး ပြန်ပြောလိုက်သည်။
"ဟာ၊ နင်ကလည်း။ အခုခေတ်မှာ ဒီလိုမျိုးတွေချည်းပဲလေ။ ချစ်စရာ မလိုဘူး။ နင်လည်း သူ့ကို သဘောကျတယ်၊ သူလည်း နင့်ကို သဘောကျတယ်ဆိုရင် ကိစ္စက အိုကေပြီပဲ။ တစ်ယောက်လိုအင်တစ်ယောက် ဖြည့်ဆည်းပေးတာပဲကို။"
"တကယ်ကြီးလား။"
"အင်း။ အိုကေပါတယ်ဆို။ ငါ့ကိုယုံပြီးလုပ်လိုက်။"
"မဟုတ်သေးပါဘူး။"
"ဘာက မဟုတ်သေးတာလဲ။"
သူတို့နှစ်ယောက် တိုးတိုးတိုးတိုး ပြောနေသော ကြားသို့ Ryuက ရုတ်တရက် ရောက်လာပြီး တိုးတိုးလေး ပြောလိုက်သဖြင့် နှစ်ယောက်စလုံး လန့်သွားကြသည်။
"နင် ဘယ်တုန်းက ရောက်တာလဲ။"
"ခုလေးတင်ပဲ။ နင်တို့ ဘာတွေ ပြောနေကြတာလဲ။"
"Naoက ငါ့ဆီကနေ အကြံဉာဏ်တောင်း......"
Hagumi စကားမဆုံးခင် Naoက သူ၏ ပါးစပ်ကို ဆွဲပိတ်လိုက်သည်။
"အတင်းတုပ်နေကြတာ။ မင်း ဝင်ပါစရာ မလိုဘူး။"
"ငါ ဝင်ပါစရာ မလိုဘူးတဲ့လား။ အေးပါ။ ထားပါတော့။ ဘာပဲပြောပြော ဒီမိန်းမ ပြောတဲ့ စကားတွေ မျက်စိမှိတ်ယုံမနေနဲ့။ သူက ပြည့်တာ မဟုတ်ဘူး။"
"ဘယ်သူက မပြည့်တာလဲ၊ ကာလနာ ဦးနှောက်နဲ့ anti-social ကောင်ရဲ့။"
"vagina။"
"penis။"
"နင့်မှာရှိလား။"
"အယုတ်တမာ။ လူမဝင်စားဘဲ အသင်္ချေတစ်ခုလောက် ခွေးဖြစ်နေပါစေ။"
"တော်ကြပါတော့။ လူကြားထဲမှာ မရှက်ဘူးလား လဒူတွေရဲ့။"
.
.
.
.
.
ထိုစနေနေ့ မနက်လေးမှာ ထုံးစံအတိုင်း သာယာပြီး Naoပုံမှန်အချိန်ပဲ နိုးလာခဲ့သည်။ Hagumiပြောသည့်အတိုင်း Ryuကိုတော့ ၁၁နာရီလောက်ပဲ ချိန်းထားသည်။ ကျန်တာတော့ ဘာလုပ်ရမလဲ သူဆက်မပြောသေး။ ကုတင်ပေါ်မှာ လှဲရင်းနှင့်ပဲ Naoသန်းဝေလိုက်သည်။
"နိုးပြီလားNao။"
"Ughhh!!!!"
Naoလန့်ပြီး အော်လိုက်မိသည်။ Hagumiက သူ၏ ကုတင်ဘေးတွင် ခုံနှင့်ထိုင်ပြီး သူနိုးမည့်အချိန်ကို စောင့်နေခြင်းဖြစ်သည်။
"နင်....နင်ဘယ်လို ရောက်နေတာလဲ။"
"တံခါးက ဝင်လာတာလေ။"
"စောက်ခွက်မပြောင်နဲ့ဟ။ ဘယ်လို ရောက်လာတာလဲဆို။"
"စောက်ခွက်ပြောင်နေတာ နင်လေ။ နင်ပဲ ငါ့ဆီက အကြံတောင်းထားတာလေ။"

To be continue.......

He's mine Where stories live. Discover now