Part 7

62 4 1
                                    

Hagumiသည် သူ့အား ခေါင်းတညိတ်ညိတ်လုပ်ပြီး ကြည့်နေသည်။
"ငဒူ။"
"ဘာ!!!"
.
.
.
.
.
နောက်တစ်ပတ်အတောအတွင်း Naoနှင့် Ryuကြားက အကွာအဝေးသည် သိသာစွာ ကြီးလာခဲ့သည်။ စာသင်ချိန်ကလွဲပြီး Ryuနှင့် မဆုံဖြစ်သလောက် ဖြစ်လာသည်။ တစ်ယောက်မျက်နှာတစ်ယောက်သေချာကြည့်ပြီး စကားပြောဖို့ဆိုတာ ပိုလို့တောင် ခက်သေးသည်။ Ryuသည် သူ၏ အချိန်အားလုံးကို သူ၏ချစ်သူမိန်းကလေးကိုသာ ပုံအပ်ထားသည်။

သူမနာမည်က Suzue Shinobuဟု ခေါ်ပြီး တတိယနှစ်၏ အကျော်အမော်အလှပဂေးဖြစ်သည်။ ဆံမြိတ်ဘေးစောင်းနှင့် ဖြောင့်စင်းနေသော ဆံနွယ်များက တင်ပါးအထိ ရှည်သည်။  Ryuထက် အရပ်အနည်းငယ်သာပုပြီး ခန္ဓာကိုယ်က ကျော့ရှင်းလှပသည်။ အကြည့်တစ်ချက်တည်းနဲ့ ကြွေဆင်းအောင် ဖမ်းစားနိုင်သည်ဆိုသော ဂုဏ်ပုဒ်ထက် တစ်ပြားတစ်ချက်မှမလျော့။ တော်ရုံယောကျ်ားလေးတွေကိုလည်း မတွဲတတ်။

မနက်ပိုင်းကျောင်းမတက်မီအချိန်၊ နေ့လည်စာစားချိန်၊ ကျောင်းဆင်းချိန်၊ အားလပ်ချိန်၊ စသည့် သူငယ်ချင်းများနှင့် ဖြုန်းနေကျ အချိန်များကို Ryuသည် Shinobu နှင့်သာ ကုန်ဆုံးသည်။ တမင်လိုက်ချောင်းခြင်း မဟုတ်သော်လည်း သူတို့နှစ်ယောက် တပူးပူးတတွဲတွဲ ဖြစ်နေသည်ကို Nao ခဏခဏ တွေ့နေရသည်။ Shinobuသည် Ryuအား သူမ၏ ကမ္ဘာကြီးလို၊ လက်မောင်းအား ဆုပ်ကိုင်ထားသည်။ သူမနှင့် အတူရှိနေချိန်တွင် Ryu၏အပြုံးများက တောက်ပလွန်းသည်။ သူ့မျက်လုံးထဲတွင် Shinobu တစ်ယောက်တည်း ရှိသည်။ Nao သူတို့ဘေးက ဖြတ်သွားရင်တောင် သူ့ကို မမြင်ပေ။ ထိုကဲ့သို့ အပြုမူများက Nao၏ နှလုံးသားကို တစ်စစီ နင်းချေနေခဲ့သည်။ တဖြည်းဖြည်းနှင့် သူတို့နှစ်ယောက်ကို မြင်လျှင် ဝေးဝေးသို့ ထွက်ပြေးရသည်အထိ ဖြစ်လာသည်။ တစ်နေ့ထက်တစ်နေ့  စိတ်ဆင်းရဲနေရသော Naoကိုကြည့်ရင်း Hagumiသည် Ryuကို အသည်းယားလာမိသည်။ သို့သော် ဘာတတ်နိုင်မည်နည်း။ ဒီကိစ္စက တစ်စုံတစ်ယောက်၏ အမှားကြောင့် ဖြစ်လာသော ကိစ္စမှ မဟုတ်တာ။
.
.
.
.
.
"မဆော့ဘဲ သန့်ရှင်းရေးမြန်မြန်လုပ်ကြနော်။"
"ဟုတ်ကဲ့ပါဆရာ။"
"ဒါဆိုရင် ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။"
ဆရာ့စကားအဆုံးတွင် အားလုံးက ညီညာစွာ နှုတ်ဆက်လိုက်ကြသည်။

He's mine Where stories live. Discover now