Part 22

40 2 0
                                    

"...ငါ့ကို ချစ်အောင် မလုပ်ခဲ့သင့်တာ။....အဲဒါဆိုရင် ငါအခုလို ခံစားနေရမှာ မဟုတ်ဘူး။....အခုတော့....အကုန်ပျက်စီးကုန်ပြီ။"
"ငါပြောတာ နားထောင်ပါဦးဆို!"
Ryuသည် Nao၏ ပခုံးကျဉ်းတွေကို ဆွဲကိုင်ရင်း အော်လိုက်သည်။
"သူက မင်းနဲ့ငါ ချိန်းတွေ့တုန်းကပုံတွေကို ရိုက်ထားတာ။ ပြီးတော့ အဲဒါတွေကိုသုံးပြီး ငါနဲ့ပြန်တွဲဖို့ ခြိမ်းခြောက်တာ။ ဘာလို့လဲဆိုတော့ အရင်တစ်ခါက ငါသူ့ကို ထားခဲ့တာ မကျေနပ်လို့လေ။ အဲဒါကြောင့် ငါမင်းကို ကြိုပြောခဲ့သားပဲ။ ငါ့ကို ယုံပေးဖို့။ ခဏလေး စောင့်ပေးဖို့လေ။ မင်းကို ဒီကိစ္စတွေ မပြောပြခဲ့တာ မင်းစိတ်ညစ်ရမှာစိုးလို့ ငါ့ဘာသာ ဖြေရှင်းဖို့ တွေးခဲ့တာ။ ဒီဓာတ်ပုံရိုက်ပြီး သိမ်းထားတာက Shinobu ကို ဒါနဲ့ ထိန်းချုပ်လို့ရအောင်ဆိုပြီး သိမ်းထားတာ။ အခြားဘာရည်ရွယ်ချက်မှ မပါဘူး။ ထပ်ပြောရရင် မင်းမဟုတ်ဘဲ အခြားဘယ်သူပဲဖြစ်ဖြစ် ငါ့ရှေ့မှာ ကိုယ်တုံးလုံးတီးနေပြရုံမကလို့ လာပြီး ပွတ်သီးပွတ်သပ် လုပ်ပြနေရင်တောင် ငါနည်းနည်းလေးမှ စိတ်မဝင်စားဘူး။ ဘာလို့လဲဆိုတော့ ငါက မင်းကလွဲပြီး ဘယ်သူ့ကိုမှ စိတ်မဝင်စားလို့ပဲ။"
Nao ဘာပြောရမလဲမသိ ဖြစ်နေသည်။ အစတည်းက Ryuသူ့ကို သတိပေးခဲ့သည်ကတော့ မှန်သည်။ ဒါတောင် Shinobu စကားကို ယုံမိတာ မိမိလွန်တာ ဖြစ်သွားပြီ။
"ငါ.....တောင်းပန်ပါတယ်။"
"ငါ အရမ်းစိတ်မကောင်းဖြစ်တယ်။ ဆက်ဆံရေးတစ်ခုမှာ ယုံကြည်မှုက အရေးကြီးဆုံးပဲ။ ယုံကြည်မှုမရှိရင် ဆက်ဆံရေးတစ်ခုက ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။"
"......ငါ တောင်းပန်ပါတယ်။"
"....."
"....."
"ထားပါတော့။ အိမ်ပြန်ကြရအောင်။ ငါ ဦးလေးHideyoshi ကို ပြောပေးထားမယ်။ မင်းကြိုက်တဲ့အချိန် အလုပ်ဝင်လို့ရတယ်။"
"အင်း။"
.
.
.
.
.
"ပြန်ရောက်ပါပြီ။"
Hagumiသည် ရေစိုနေသော ထီးကို ထီးစင်ထဲထည့်ပြီး ဖိနပ်ထိုင်ချွတ်နေစဉ် သူမအမေ သူမနားသို့ ရောက်လာသည်။
"ပြန်ရောက်ပြီလား။ ဧည့်သည် ရောက်နေတယ်။ မြန်မြန်လာ။"
"ဧည့်သည်? ဘယ်သူလဲ။"
"လာသာလာပါ။ သမီးမြင်ရင် အရမ်းအံ့ဩသွားမှာ။"
"အင်းပါ။"
Hagumiသည်ကား သူမအမေက အရင်လို အကျယ်ချဲ့နေပြီထင်၍ အရေးမစိုက်ဘဲ လုပ်စရာရှိတာသာ ပုံမှန်လုပ်နေသည်။

He's mine Where stories live. Discover now