Part 31(The End)

123 4 0
                                    

Ryuကတော့ Rohito Naoအား ပေးသော လက်ဆောင်ကို ကိုင်ပြီး အနောက်တွင် ရပ်နေသည်။

"ကဲ၊ နှုတ်ဆက်ဖို့ အချိန်ကျပြီ။"
Rohito ကပဲ အပြုံးလေးနှင့် စပြောလိုက်သည်။
"အရင်ကလိုပဲ ပြန်နေရမှာပေါ့။"
"အမေ၊ အဖေ့ကို ခွင့်လွှတ်ပေးလို့ မရဘူးလား။ အဖေလည်း သားလိုပဲလေ။ ရွေးချယ်ခဲ့တာမှ မဟုတ်တာ။"
"Nao၊ မင်းအမေကို အခက်တွေ့အောင် မလုပ်ပါနဲ့။ အဖေ သူ့ကို တွန်းအား မပေးသလို သားကိုလည်း မပေးစေချင်ဘူး။ သူ ခွင့်လွှတ်ဖို့ အသင့်ဖြစ်ပြီဆိုတဲ့ အချိန်အထိ စိတ်ရှည်လက်ရှည်စောင့်ရမှာပဲ။"
"ဒါပေမဲ့....သားအဖေနဲ့ မခွဲချင်ဘူး။....အဖေနဲ့ ပြောစရာတွေ အများကြီးပဲ ရှိတာကို။"
"တစ်ပတ်တစ်ခါလောက်တော့....လာတွေ့လို့ရပါတယ်။"
Michiko ၏ စကားကြောင့် Naoရော၊ Rohito ရော အံ့ဩသွားကြသည်။
"Chiko၊ တကယ်ပြောနေတာလား။"
"တကယ်။"
"ဝမ်းသာလိုက်တာ။"
"ဒါဆိုရင် အဖေနဲ့သားနဲ့ အပတ်တိုင်း တွေ့ရတော့မှာပေါ့။ ဝမ်းသာလိုက်တာ။"
"သားစားချင်တာတွေ စာရင်းလုပ်ထားတော့။ အဖေ အကုန် ဝယ်ကျွေးမယ်။"
သားဖနှစ်ယောက် ပျော်နေပုံကို ကြည့်ပြီး Michiko ရော၊ Ryuရော ပြုံးလိုက်မိကြသည်။ သူတို့နှစ်ယောက်၏ အပျော်ကူးစက်အောင် လုပ်နိုင်စွမ်းသည်ကား အံ့မခမ်းပင်။
.
.
.
.
.
"အောင်မယ်လေး! နှစ်ယောက်စလုံး ဘေးကင်းတယ်ဆိုလို့ တော်သေးတာပေါ့ဟယ်။ငါ့မှာတော့ စိတ်ပူလိုက်ရတာ။"
Hagumiက Ryuနှင့် Naoတို့ကို ဖက်ပြီး ငိုသံကြီးနှင့် ပြောလိုက်သည်။ သူမစိတ်ပူနေသော ပုံမှာ ရယ်စရာလည်း ကောင်းသလို၊ ချစ်စရာလည်း ကောင်းသည်။ အခုလို သူငယ်ချင်းမိန်းကလေးတစ်ယောက် ရထားတာ တော်တော် ကံကောင်းတာပဲလို့ Nao ရုတ်တရက် တွေးလိုက်မိသည်။

"Hagumi။"
"ဟင်။"
"ငါတို့နင့်ကို ပြောစရာရှိတယ်။"
"ဘာပြောမှာလဲ။"
"Ryuနဲ့ ငါ့အကြောင်းပါ။"
Nao Ryuကို လှည့်ကြည့်လိုက်တော့ သူဘာပြောချင်တာလဲဆိုတာ Ryu သဘောပေါက်ပြီး ခေါင်းညိတ်ခွင့်ပြုလိုက်သည်။
"အဲဒါမတိုင်ခင် နင့်ကို ကြိုအသိပေးစရာရှိတယ်။ အခုငါပြောမယ့် အကြောင်းကြောင့် ငါတို့သုံးယောက်ကြားက ဆက်ဆံရေးကို မပျက်စီးစေချင်ဘူး။ သေချာတာပေါ့။ ငါတို့ဘက်ကတော့ အခုလိုပဲ ဆက်ရှိနေမှာပါ။"
"ဘာလဲ။ နင်တို့ တွဲနေတယ်ဆိုတဲ့ အကြောင်းလား။"
"ဟမ်?"
"ဟမ်?"
Naoရော၊ Ryuရော ပြိုင်တူ အာမေဋိတ်သံ ထွက်သွားကြသည်။
"နင်....."
"ဟုတ်တယ်။ ငါအစတည်းက သိပြီးပြီ။ နင်တို့တွေ ငါ့ကို ဘယ်လောက်တောင် တုံးမယ်လို့ မျှော်လင့်ထားတာလဲ။"
"ဒါဆိုရင် နင်...."
"စိတ်မပူပါနဲ့။ gayတာက ဂြိုလ်သားဖြစ်တာမှ မဟုတ်တာ။ ငါဘယ်လိုမှ မခံစားရပါဘူး။"
"တော်သေးတာပေါ့။"
Nao Hagumi ကို ပွေ့ဖက်လိုက်သည်။
"နင်က ငါ့အတွက် အရမ်းအရေးကြီးတဲ့ သူငယ်ချင်းပါ Hagumi ရယ်။"
"Nao။"
"ဟမ်?"
"ငါလည်း နင့်ကို ဝန်ခံစရာရှိတယ်။"
"ဘာလဲ။ နင်လည်း လိင်တူချစ်သူပဲလား။"
"မဟုတ်ပါဘူးဟ!....ငါ...ငါနင့်ကို ပြောချင်တာက ငါ့မှာ သဘောကျတဲ့လူ ရှိနေတယ်ဆိုတဲ့ အကြောင်းပါ။ ပြီးတော့ အဲဒီလူက အခြားလူ မဟုတ်ဘူး။....Ryuပဲ။"
Nao တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ Hagumiပြောလိုက်သော စကားက သူ့ကို နာကျင်စေသည်။ ဘာကြောင့်မှန်းတော့ သူလည်း အဖြေရှာမရပါ။ ဒါပေမဲ့ ဒီလို ခံစားချက်မျိုးက မဖြစ်သင့်ဘူးဟု ခံစားရသည်။
"တောင်းပန်ပါတယ်။ အကြာကြီး လျှို့ဝှက်ထားမိလို့။"
"ငါ....ငါ...ငါလည်း မသိတော့ဘူး။ ဒီလိုကိစ္စမျိုးက ငါ့အတွက် အရမ်း နားလည်ရခက်လွန်းတယ်။ ဒါပေမဲ့ သေချာတာကတော့ ဒါ နင့်အပြစ် မဟုတ်ပါဘူး Hagumi။ ဘာလို့လဲဆိုတော့ ငါတောင် သူ့ကို သဘောကျမိသွားတာပဲလေ။....ဒီတော့ ဒီကိစ္စက မထူးဆန်းပါဘူး။"
"Nao....."
"ဒါပေမဲ့ ငါ Ryu ကို နင့်ကို မပေးနိုင်ဘူး။ ငါတစ်ကိုယ်ကောင်းဆန်မှန်း သိပါတယ်။ ဒါပေမဲ့ Ryu ကို ငါ့အပိုင်ပဲ ဖြစ်စေချင်တယ်။"
"ငါသိပါတယ် ငတုံးလေးရယ်။ ငါလည်း အဲဒီကောင်ကို နင့်ဆီကနေ လုဖို့ စိတ်ကူး မရှိပါဘူး။ Hagumi က Nao ကို  ထပ်ပြီး ပွေ့ဖက်လိုက်သည်။ Ryu လည်း သူတို့နှစ်ယောက်စလုံးကို သူ၏ လက်မောင်းကျယ်ကြီးများဖြင့် ထွေးပွေ့လိုက်လေသည်။
.
.
.
.
.
ထိုကိစ္စတွေ ပြီးသွားပြီးနောက်တွင် Naoတို့၏ ဘဝသည် အရင်လို ပြန်ပြီး အေးချမ်းသွားခဲ့သည်။ အရင်ကထက်တောင်ပိုပြီး ပျော်ရွှင်စရာ ကောင်းနေခဲ့သည်။ ဒီလိုနဲ့ပဲ တစ်နှစ်တာ၏ တစ်ရက်တည်းသောရက်ဖြစ်သည့် ချစ်သူများနေ့သို့ ရောက်လာခဲ့သည်။

He's mine Onde as histórias ganham vida. Descobre agora