Part 16

36 2 0
                                    

'ဘာမှမဖြစ်ဘူး Nao။ အားတင်းထား။ ယောကျ်ားမဟုတ်လား။ သူ့ကို စိုးမိုးနိုင်ဖို့အတွက် ငါကပဲ အရင် ခြေလှမ်းတွေ သွက်သွက်လှမ်းထားမှဖြစ်မယ်။ အကြည့်ချင်း ဆုံရုံပဲကို။ ဘာခက်လို့လဲ။ ပုံမှန်ဆိုလည်း စကားပြောကြရင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြောကြတာပဲကို။ ဘာခက်တာမို့လို့လဲ။ ဟုတ်တယ်။ ဘာခက်လို့လဲ။'
စိတ်ထဲမှာတိုင်ပင်ခေါ်ပြီး ခေါင်းမော့လိုက်သောအခါ Ryuက သူ့ဘက်လှည့်နေတာ မဟုတ်ဘဲ ညာဘက်က မှန်အပြင်ဘက်ကို ကြည့်နေခြင်းသာဖြစ်သည်။

ရုတ်တရက်ကြီး Naoပိုပြီး ရင်ခုန်လာသည်။ သူတို့နှစ်ယောက်စလုံး အရွယ်ရောက်နေကြပြီဖြစ်ရာ ကလေးတွေ မဟုတ်တော့မှန်း သိသော်လည်း Ryuက အခုလောက်ထိ လူကောင်ကြီးပြီး ယောကျ်ားရုပ်ပေါက်လာလိမ့်မည်ဟု သူမထင်ခဲ့။ မနေ့တစ်နေ့ကပဲ သူ့ဆီက နို့ဘူးလုသောက်နေသော Ryuက အခုလို ဖြစ်နေပြီတဲ့။ ဘယ်တုန်းကဒီလောက် ချောသွား၊ ကြည့်ကောင်းသွားပါလိမ့်။

သူငေးနေတုန်း Ryuက ခေါင်းအရင် မလှည့်သေးဘဲ မျက်စိထောင့်ကပ်ကြည့်လိုက်ရာ Nao သူ့အား သွားရည်မကျရုံတမယ် ငေးနေသည်ကို မြင်လိုက်ရသည်။ ခိုးကြည့်နေတာ လူမိသွားသော Naoလည်း ချက်ချင်း ခေါင်းပြန်ငုံ့ပြီး မျက်စိပါ စုံမှိတ်ထားမိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေသော်လည်း Nao၏ နားထဲမှာတော့ ဆူညံပွက်လောရိုက်နေသည်။
'သွားပါပြီ။ သူငါ့ကို မြင်သွားပြီ။ ငါတော့ အရှက်ကွဲပါပြီ။ တုံးလိုက်တဲ့ ငါ။ ဘယ်လိုဖြစ်လို့ အဲဒီလိုကြီး စိုက်ကြည့်နေမိပါလိမ့်။'
"Nao၊ မင်းအဆင်ပြေရဲ့လား။ ခုနကတည်းက မျက်နှာနီနေတာ။ ဖျားနေတာလား။"
"မဖျားပါဘူး။"
"မှာထားတာတွေ ရပါပြီရှင့်။"
ဆိုင်ဝန်ထမ်းက စားစရာတွေ လာချတော့မှ Nao အသက်ရှူပေါက် ရသွားသလို ခံစားရသည်။ ချိန်းတွေ့သည်ဆိုသော ခေါင်းစဉ်လေး တပ်လိုက်ရုံဖြင့် နေ့စဉ် လုပ်နေကျ အလုပ်များက တအားရှက်ဖို့ ကောင်းသွားနိုင်မှန်း Naoသဘောပေါက်သွားသည်။
.
.
.
.
.
("အဆင့်၃က ခန္ဓာကိုယ် ထိတွေ့တာပဲ။"
"ခန္ဓာကိုယ် ထိတွေ့မယ်?
အင်း။ ဥပမာ ပခုံးဖက်တာတို့။ မှီတာတို့။ ခါးဖက်တာတို့ပေါ့။ အဲဒီလို အထိအတွေ့မျိုးရှိရင် မိန်းကလေးရော၊ ယောကျ်ားလေးရော ရင်ခုန်စိတ်လှုပ်ရှားကြတာချည်းပဲ။ အကြံပေးရမယ် ဆိုရင်တော့ ဒီကိစ္စကို ရုပ်ရှင်ကြည့်နေတုန်း လုပ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။"
"ဘာလို့လဲ။"
"ဇာတ်လမ်းက ကြောက်ဖို့ကောင်းလာပြီဆိုရင် မိန်းကလေးတွေက 'kyaa!!!ကြောက်တယ်'ဆိုပြီး ယောကျ်ားလေးတွေလက်ကို ဆွဲဖက်လေ့ရှိတယ်။ အဲဒီအချိန်မှာ နင်က အခွင့်ကောင်းယူပြီး သူ့ပခုံးလေးကို ပြန်ဖက်ပေးလိုက်။ လုံးဝ အိုကေပဲ။")

He's mine Where stories live. Discover now