Part 25

29 2 0
                                    

နှုတ်ခမ်းနီပါးနီများ ရေးဆွဲထားပြီး လှပနေသော်လည်း သူမမျက်လုံးထဲမှာတော့ လှပမှုကို မမြင်ဘဲ စိတ်ဆင်းရဲမှုကိုသာ မြင်နေခဲ့သည်။ ဒီနေ့တောင် ဒီလောက် စိတ်ညစ်နေရရင် တကယ်လက်ထပ်သည့်နေ့ဆိုပါက ဘယ်လောက်တောင် စိတ်ဆင်းရဲရမလဲ သူမ မတွေးချင်တော့။

ထိုအချိိန်မှာပဲ သူမမိခင် အထဲသို့ ဝင်လာခဲ့သည်။ မိခင်ဖြစ်သူကတော့ Hagumi ကို ကြည့်ပြီး ပီတိမဆုံး ဖြစ်နေတော့သည်။
"အမေ့သမီးလေး လှလိုက်တာကွယ်။ တစ်နေ့ကမှ အမေ့လက်ထဲက အူဝဲသေးသေးလေးပဲ ရှိသေးတာကို။ အခုတော့ အခြားလူတစ်ယောက်နဲ့တောင် စေ့စပ်တော့မယ်တဲ့။  အချိန်တွေ ကုန်တာ မြန်လိုက်တာကွယ်။"
"အချိန်တွေ ကုန်တာ အရေးမပါပါဘူး။ အရေးပါတာ အမေတို့ စိတ်ချမ်းသာဖို့ပဲ မဟုတ်လား။"
"Hagumi၊ မင်္ဂလာရှိတဲ့ အချိိန်ကြီးမှာ အမေကို ဒေါသဖြစ်အောင် မလုပ်နဲ့လေ။"
"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ သမီးက အခုကိစ္စကို ကိုယ့်သဘောနဲ့ကိုယ် စီစဉ်ထားတယ်ဆိုတော့လေ။"
Hagumi ထိုမျှသာပြောပြီး အခန်းအပြင်ဘက်သို့ ထွက်သွားတော့လေသည်။

အပြင်တွင်တော့ သူတို့ဖိတ်ထားသော လူပေါင်း၁၀၀လောက် ရှိသည်။ အကုန်လုံးက အဝတ်ကောင်းစားကောင်းတွေနဲ့။ Hikari က သူ့ကို တွေ့တော့ ပြုံးပြရင်း သူ့ရှေ့သို့ လျှောက်လာသည်။
"Hagumi ၊ နင့်ကြည့်ရတာ လှနေတယ်။"
"ဟုတ်လား။ နင့်ကြည့်ရတာတော့ ကျက်သရေမရှိဘူး။"
ထိုသို့ ပြောပြီးသည်နှင့် Hagumi သည် သူ့နားကနေ ရှောင်ထွက်သွားတော့သည်။ Hikari ကတော့ ပြုံးနေဆဲ။ သူတို့နှစ်ယောက် စေ့စပ်နေရပြီဖြစ်ရာ သူ Hagumi ဘယ်လိုပြောပြော စိတ်မဆိုးနိုင်ပါ။

ဒါပေမဲ့လည်း Hagumi သိပ်ကြာကြာ မပြေးနိုင်ပါ။ စေ့စပ်လက်စွပ် ဝတ်ရတော့မည့် အချိန်မှာတော့ Hikari နှင့် မျက်နှာချင်းဆိုင်ရတာပါပဲ။ ထိုအချိန်အခါသည် သူမဘဝတွင် အဆိုးဝါးဆုံး အခိုက်အတံ့ဖြစ်သည်။ လူတွေအားလုံးက သူတို့နှစ်ယောက်အား ကြည်နူးဖွယ်ရာ ကြည့်နေကြသော်လည်း အတွင်းမှာတော့ ဘယ်လောက်ပူလောင်နေလဲဆိုတာ Hagumi ပဲ သိသည်။ သူမ မျက်လုံးစုံမှိတ်ပြီး အရာရာကို လက်လျှော့လိုက်တော့မယ်လို့ တွေးနေချိန်မှာပဲ ခန်းမတံခါးဟာ ဝုန်းခနဲ ပွင့်သွားသည်။

He's mine Where stories live. Discover now