Part 8

68 5 1
                                    

"သူတို့က ငါ့သူငယ်ချင်းတွေ။ အဲ့လိုမပြောနဲ့။"
Ryu၏ စကားသံက တိုးသက်လှသဖြင့် Shinobuမကြားလိုက်။
"ဘာပြောလိုက်တာလဲ အချစ်။"
".....ငါပြောတာက ငါ့ပေါ်ကနေ နင့်ရဲ့ လက်တွေကို ဖယ်လိုက်လို့ ပြောနေတာ *သည်မရဲ့။"
Ryuပါးစပ်မှ ထွက်လာသော ရိုင်းစိုင်းသည့် စကားလုံးကြောင့် Shinobuသည် သူမ၏ လက်တွေကို အံ့ဩတကြီး ဖယ်လိုက်မိသည်။

သူမလက်က လွတ်သည်နှင့် Ryuသည် Nao၏ နောက်သို့ ပြေးလိုက်သွားသည်။ Ryuထွက်သွားပြီးနောက် ဘေးနားက ကြည့်နေသော လူအုပ်ဆီမှ တီးတိုးစကားသံများ မြင့်တက်လာခဲ့သည်။ လူပုံအလယ်မှာ သူမဟာ Ryuထားရစ်ခံထားရသော သနားစရာ မိန်းကလေးတစ်ယောက်အသွင် ဖြစ်သွားသည်။ အံ့ဩမှုကနေ ဒေါသနှင့် အရှက်တရားသို့ ရုတ်ချည်း​ပြောင်းလဲသွားသည်။ လူတစ်ယောက်ချင်းစီတိုင်းက ထွက်လာသော စကားလုံးများက သူမကို ဒေါသထွက်စေသည်။ သူမဘဝတွင် အခုလို အရှက်ကွဲမှုမျိုး တစ်ခါမှ မဖြစ်ဖူးခဲ့သလို ဖြစ်မယ်လို့လည်း မတွေးခဲ့ပါ။ အရှက်တရားနှင့် မာနကို ဦးထိပ်ထားသည့် သူမသည် ငယ်စဉ်ကတည်းက အိန္ဒြေကြီးစွာ ခပ်ချေချေနေသော မိန်းကလေးတစ်ယောက်ပင်ဖြစ်သည်။ တော်ရုံတန်ရုံ ယောကျ်ားလေးများနှင့် မတွဲတတ်ဘဲ မိသားစုနောက်ခံ မြင့်မားသော ယောကျ်ားလေးများကိုသာ တွဲခဲ့ဖူးသည်။ ချစ်သူဖြစ်ရန်အတွက်လည်း သူမဘယ်တုန်းကမှ စဝန်ခံခြင်း မပြုခဲ့။ ယောကျ်ားလေးများကသာ စလိုက်မှ သူမ ရွေးချယ်ဖို့ လက်ခံသည်။ တွဲပြီးနောက်တွင် သူမ ဘယ်တော့မှ တစ်လထက်ပိုမထား။

Ryuကိုတော့ သူမအရင် သတိထားမိခဲ့ခြင်းဖြစ်သည်။ တောင့်တင်းသော ခန္ဓာကိုယ်၊ မော်ဒယ်တစ်ယောက်လို ဖြောင့်သော မျက်နှာ၊ တစ်မြို့နယ်လုံး ရှိန်ရသော မိသားစုနောက်ခံ၊ အသင့်အတင့် ပညာအရည်အချင်း၊ အားလုံးမှာ ငြင်းရက်စရာမရှိ။ ထိုအချိန်မှာပဲ Ryuက သူမကို တွဲရအောင်ဟု ပြောခဲ့သည်။ Shinobuလည်း အခွင့်ရေးကို လက်လွှတ်မခံ။ ထုံးစံအတိုင်း Ryuကိုလည်း အခြားသူများနှင့်မခြား တစ်လပြည့်သည်နှင့် ဖြတ်ရန် တွေးပြီးဖြစ်သော်လည်း အခုတော့ Ryuက သူမကို နှစ်ပတ်လောက်နှင့် အရင်စဖြတ်သွားခဲ့သည်။ အံ့ဩစရာ ကောင်းလောက်အောင် ရှက်ဖို့ကောင်းလွန်သည်။ သူမ အချိန်ကြာကြီး ထိန်းသိမ်းခဲ့ရသော သိက္ခာဂုဏ်ပုဒ်တို့ကို Ryuက မွမွကြေအောင် တက်နင်းသွားပြီဖြစ်သည်။

He's mine Where stories live. Discover now