Part 9

59 3 3
                                    

Nao၏ နှလုံးသားသည် တစ်ခါမှ မရောက်ဖူးသော စံချိန်တင် ခုန်နှုန်းကြီးနဲ့ ခုန်နေပြီး မျက်နှာမှာ မီးရှို့ထားသလို ပူနွေးနေသည်။ နောက်လည်းမဆုတ်၊ ပြန်လည်းမဖက်ဘဲ တောင့်တောင့်ကြီးသာ ရပ်နေခဲ့သည်။

ထို့နောက် Ryuက သူ့ပါးနှစ်ဖက်ကို ကြင်နာစွာကိုင်ပြီး သူ့မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်သည်။
"ငါမင်းကို ရှောင်နေတာ မင်းကို ချစ်လို့ပဲ။"
Ryu၏ စကားသံက Nao၏ နားနှစ်ဖက်မှတစ်ဆင့် နှလုံးသားထဲသို့ နွေးထွေးစွာ စီးဆင်းသွားသည်။
"ငယ်ငယ်တည်းက ချစ်လာခဲ့တာ။ ဒါပေမဲ့ လူပျိုပေါက်အရွယ် ရောက်လာကတည်းက ငါ့အလိုဆန္ဒတွေကို ငါကောင်းကောင်း မထိန်းချုပ်နိုင်တော့ဘူး။ ဟိုတစ်ခါက ငါစိတ်မထိန်းနိုင်ခဲ့လို့ မင်းကို နာကျင်စေခဲ့တယ်။ မင်းကို မျက်ရည်ကျစေခဲ့တယ်။ Nao၊ ငါ့ဘဝမှာ မင်းငိုတာကို မမြင်ချင်ဆုံးပဲ။ ငါ့ကိုယ်ငါရွံတယ်။....အဲဒါကြောင့် မင်းအနားက တတ်နိုင်သမျှဖယ်ပြီး Shinobuဆီ အာရုံပြောင်းဖို့ ကြိုးစားကြည့်တာ။ ငါ့ကိုယ်ငါ အပြစ်ပေးတဲ့သဘောလည်း ပါတာပေါ့။ မထင်ထားမိတာတစ်ခုက မင်းဒီလိုတွေခံစားနေရမယ်ဆိုတာပဲ။"
"...."
"ကဲ၊ ဆေးရုံသွားကြမယ်။"
Ryuက သူ့လက်ကို ဆွဲပြီး ကျောင်းဝန်းထဲက ထွက်မလို့လုပ်တော့ Naoက တင်းခံလိုက်သည်။
"ဘာဖြစ်လို့လဲ။"
"Hagumiလွယ်အိတ်သွားယူနေတယ်။"
"ခေါင်းကွဲနေတာ မင်းလေ။ သူမှမဟုတ်တာ။ စိတ်ပူမနေပါနဲ့။ ပြီးရင် ငါသူ့ကို ဖုန်းဆက်ပြောလိုက်မယ်။"
ထိုအခါမှ Naoက ခေါင်းညိတ်ပြီး Ryuနောက်က လိုက်သွားသည်။
.
.
.
.
.
"စိတ်ပူစရာ မရှိတော့ပါဘူး။ ဆေးပေးပြီးရင်တော့ ဆေးရုံက ဆင်းလို့ရပါပြီ။"
"ကျေးဇူးပါဆရာ။"
ဆရာဝန်ကြီး စိတ်ရှည်လက်ရှည် ရှင်းပြပြီးနောက် အခန်းထဲမှ ထွက်ခွါသွားရာ Ryuက တံခါးဝအထိ လိုက်ပို့သည်။

Naoကတော့ ခေါင်းက ပတ်တီးစကို ကိုင်ရင်း နာလို့ တဆစ်ဆစ် ဖြစ်နေရသည်။
"အခုမှ နာရကောင်းမှန်း သိနေတာလား။"
"-ီးမို့လို့ ငါ့ကိုပြောနေတာလား။ ဘယ်သူ့ကို စိတ်ပူနေရလို့...."
Naoသတိဝင်ပြီး ပါးစပ် ပြန်ပိတ်လိုက်သည်။ Ryuကတော့ အပြုံးကြီးကြီးတစ်ခုနှင့် သူ့ဘေးက ခုံတန်းတွင် ဝင်ထိုင်လိုက်သည်။
"ငါ့ကို စိတ်ပူတယ်ပေါ့။"
"...ဘယ်သူက မင်းကို စိတ်ပူလို့လဲ။....ငါ့ဘာသာငါ အခြားလူတွေများ ထိသွားမလားလို့ စိုးရိမ်ပြီး လာကြည့်တာ။ အဲဒီတော့မှ ငါ့ကို အမှုပတ်နေမှာစိုးလို့။"
"ဟုတ်လို့လား။"
Ryuသည် Nao၏ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ Naoက ပြန်ဖယ်ဖို့လုပ်တော့ သူက ခွင့်မပြု။

He's mine Där berättelser lever. Upptäck nu