Part 96 (unicode)

28.7K 978 93
                                    

Part 96 ~ ~

"ဘယ်လောက် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ဆောင်းစံပယ်လေးလဲ....ငါတို့ သိပ်ချစ်ခဲ့ကြတယ်မဟုတ်လား....."
ကုဖေးက supermarket ထဲတွင် စျေးဝယ်
တွန်းလှည်းကိုတွန်းနေရင်းနှင့် သီချင်းဆိုနေ
ခဲ့သည်။
"ကုန်းမြေပေါ် အလင်းရောင်ကို သယ်ဆောင် ဆောင်းစံပယ်လေးဟာဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်သလဲ..အိမ်တိုင်းမှာပွင့်နေတဲ့ ဆောင်းစံပယ်ပင်....."

"ပြီးခဲ့တဲ့ သံစက်ရုံရဲ့ဦးနှောက်ချို့ယွင်းနေတဲ့ပြိုင်ပွဲစဥ်၏ အတောက်ပဆုံး ကြယ်တစ်ပွင့်အဖြစ် ယခုအချိန်မှာ သီချင်းဆိုနေတဲ့သူကို
‌ခင်ဗျားတို့အားလုံး မှတ်မိမယ်ထင်ပါတယ်။"
ကျန်ချန်က ဗီဒီယိုတစ်ခုကိုမှတ်တမ်းတင်နေတာကြောင့် ဖုန်းကိုလက်တစ်ဖက်နှင့်ကိုင်၍ ကုဖေးရဲ့အနောက်မှလျှောက်နေခဲ့သည်။
"ဒီနေ့ သူရဲ့ စူပါမားကတ် လေ့လာရေးခရီး
စဥ်မှာ ကျွန်တော်တို့တွေ အတူ လိုက်ကြည့်
လိုက်ရအောင်....., အမှန်အတိုင်းပြောရရင်
ဒီတောက်ပနေတဲ့ကြယ်ပွင့်ရဲ့ ကန်တုံ အသံ
ထွက်က ကျွန်တော်တို့ရဲ့ အတွေ့အကြုံမရှိ
တဲ့နားတွေအတွက် အရမ်းအဆင်ပြေတယ်။
ဖန်ရှီကို သူ့ပိုက်ဆံ အတွက် အပြေးပြန်ပေး
လိုက်ရုံပါပဲ....."

"ဆောင်းရာသီစံပယ်ပန်းတစ်ခက်ကို ဆောင်
ကျဥ်း၍ အိမ်ခြေပေါင်းများစွာ မွှေးရနံ့သင်း
ပျံ့နေပါစေ..ဆောင်းစံပယ်ခက်ကိုယူဆောင်ငါတို့အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...."

ကုဖေးက သီချင်းဆိုနေရင်းနှင့် ကျန်ချန်ကို
လှည့်ကြည့်လာတယ်။ထိုအချိန်တွင်အသံချဲ့
စက်မှသီချင်းသံကပြောင်းလဲသွားပြီး၊စည်းချက်တစ်ချက်မျှမလွယ်စေရဘဲ၊ကုဖေးက
သူ့အသံကိုဖိ၍နောက်တစ်ဖန်စတင်လာ၏။

"ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားကငါ့တံခါးကိုလာခေါက်ပါစေ ......ငွေနတ်ဘုရားက ငါ့တံခါးကိုလာခေါက်ပါစေ...ကြီးပွားချမ်းသာခြင်းနတ်ဘုရားက ငါ့တံခါးကိုလာခေါက်ပါစေ....လာ, ကလေးတွေ..... မီးပုံးထွန်းကြရအောင်...."

"ချီး !"
ကျန်ချန် အသံထွက်ပြီးရယ်မိသွားတယ်။
"သူတို့အားလုံးကိုဘယ်လိုဆိုရမှန်း မင်းသိတယ်လို့တော့ ငါ့ကိုမပြောနဲ့နော်။ "

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now