Part 108 (zawgyi)

889 92 15
                                    

Chapter 108; ချန်ကော, ငါမင်းကိုအရမ်းလွမ်းတယ် ,ဒီနေရာ,ဒီအချိန်လေးတောင်ပဲ။

ဝင်ခွင့်ပေးစာတွင် နာမည်စာရင်းသွင်းရမည့်
ရက်စွဲကို ၉ရက်နေ့ဟုဖော်ပြထားသည်။
ပတ်ဝန်းကျင်နှင့်ရင်းနှီးကျွမ်းကျင်အောင်လို့ ရက်အနည်းငယ်စောကြိုသွားရှိသင့်ကြောင်း ကုဖေးအကြံပြုခဲ့သော်လည်း ကျန်ချန်သည်သဘောတူခြင်းလည်းမရှိ,သဘောမတူခြင်း
လည်းမရှိချေ။ကျန်ချန်က သူလက်မှတ်ဝယ်မယ်လို့ပြောပြီးကတည်းက ကုဖေးလည်းထိုအကြောင်းကို ထပ်မပြောပဲနေလိုက်တယ်။

ကျန်ချန်သည် လက်မှတ်ချက်ချင်းမဝယ်ရင် မရနိုင်တော့သည်အထိ အချိန်ဆွဲနေခဲ့သည်။  အချိန်သတ်မှတ်ထားသောနောက်ဆုံးရက်ရဲ့ခြိမ်းခြောက်မှုအောက်၌ သူသည် ၈ရက်နေ့အတွက်လက်မှတ်ကိုဝယ်ယူခဲ့၏။

သူ့ဖုန်းသို့ပေးပို့ထားတဲ့ကြိုတင်စာရင်းသွင်းအချက်အလက်ကိုကြည့်ရင်း၊ ကျန်ချန်တစ်ယောက်အနည်းငယ်စိတ်ဓာတ်ကျနေလျှက်
ရှိ၏။ဤအချိန်တွင် သူ့အာရုံကို စိုးမိုးလျက်
ရှိသောထွက်ခွာခြင်းအတွက်နာကျင်မှုသည် တစ်ကိုယ်လုံးလွှမ်းခြုံသွားခဲ့ပြီး ,နောက်ဆုံးတွင် သူဆန္ဒရှိသည့်ကျောင်းတက်ရခြင်း၏ ပျော်ရွှင်မှုမှန်သမျှကိုအကြွင်းမဲ့အနိုင်ယူသွား
၏။

"ချန်ကော,"
ကုဖေးသည် ဗီရိုရှေ့တွင်ရပ်ပြီး ကျန်ချန်၏
အဝတ်အစားများကိုတစ်ထည်ပြီးတစ်ထည်ထုတ်ပေးရင်းနှင့်ပြောလိုက်သည်။
"မင်း တကယ် ကိုယ့်အဝတ်အစားကိုယ်
မထုပ်ပိုးတော့ဘူးလား။ငါ မင်းမကြိုက်
တဲ့အရာ ထည့်မိရင်ဘယ်လိုလုပ်မလဲ။"

"ငါ ဂရုမစိုက်ဘူး။" 
ကျန်ချန်က ကုတင်ပေါ်တွင်တင်ပျဉ်ခွေထိုင်နေပြီးကုဖေး၏ဖုန်းထဲမှ Aixiaochuဂိမ်းကို
ကစားနေ၏။ကုဖေးကဒီဂိမ်းကိုအချိန်အတန်
ကြာအောင်မကစားနိုင်ခဲ့တာကြောင့် လီယန်က သူ့ထက်အဆင့်အနည်းငယ်ကျော်တက်သွားခဲ့သည်။ ဂိမ်းသည် အဆင့်သုံးဆင့်ထိအဆင့်မြှင့်တင်ထားပြီးဖြစ်၏။

"ဒါဆို မင်းဆီပါသွားတဲ့အဝတ်အစားတွေကို မကြိုက်ရင် နောက်မှ ငါ့ကိုလာမအော်နဲ့။"

“အင်း။” 
ကျန်ချန်က သူ့ကို လှမ်းကြည့်လာသည်။  "မင်းရဲ့တီရှပ်အင်္ကျီပေါ်မှာ 'F U C K' ဆိုပြီး ပြောထားတဲ့တစ်ထည်ကိုဘာလို့မထည့်ပေးသေးတာလဲ။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now