Part 117(unicode)

2.7K 515 30
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 117;

သူသည် ခွဲခွာမှုနှင့်စတင်အသားကျလာသောကြောင့်ဖြစ်ကောင်းဖြစ်နိုင်၏၊သို့မဟုတ်လျှင်ဒီရက်ပိုင်းအရမ်းပင််ပန်းသွားတာကြောင့်ဖြစ်နိုင်သည်။ပြီးခဲ့သောညကလည်းမအိပ်ရသေးချေ။ဖန်းကျိထံမက်ဆေ့ချ်တစ်စောင်ပြန်ပို့ပြီးကုဖေးနှင့် စကားအနည်းငယ် ပြောပြီးနောက်ကျန်ချန် အိတ်ကိုပိုက်ထားရင်းအိပ်ပျော်သွားခဲ့သည်။

သူသည် သူနံဘေးမှာထိုင်သောအသက်ကြီးကြီးအမျိုးသမီးက သူ့ကိုအကြိမ်ပေါင်းများစွာလှုပ်နှိုးလာတဲ့တိုင် နှစ်နှစ်ခြိုက်ခြိုက်အိပ်
ပျော်နေခဲ့ပြီးနောက်သူ့လွယ်အိတ်ကိုပိုက်ပြီး အလန့်တကြားထခုန်၍မတ်တပ်ရပ်လိုက်၏။

"အိုး!"
အသက်ကြီးကြီးအမျိုးသမီးက သူ့တုံ့ပြန်မှုကြောင့်ထိတ်လန့်သွားပြီးပလက်ဖောင်းပေါ် ခုန်ဆင်းလုနီးနီး။
"ကောင်လေး,မင်းက လူတွေကို သေအောင်
ခြောက်နေတာလား။"

"တောင်းပန်ပါတယ် ကျွန်တော်နှစ်နှစ်ခြိုက်
ခြိုက်အိပ်ပျော်သွားလို့။"
ကျန်ချန် မျက်နှာကိုအလျင်အမြန်ပုတ်လိုက်ပြီး၊ထိုင်ခုံမှာပြန်မထိုင်ခင် သူ့မျက်နှာပေါ်မှာသွားရည်အကြွင်းအကျန်မရှိမှန်းသေချာသိအောင် ပွတ်သပ်လိုက်သည်။

အသက်ကြီးကြီးအမျိုးသမီးကပြောလာ၏။
"ဟုတ်​တယ်​,ဘူတာကမကြာခင်​​ရောက်​​တော့မှာ။ငါ မင်းကိုမ​နှိုးရင်​၊ ဆက်ပြီးထိုင်နေအုံးမှာမလား။"

"ဟုတ်တယ်။"
ကျန်ချန် ပြုံးလိုက်တယ်။

ထိုင်ခုံမှာပြန်ထိုင်ပြီး၊မျက်လုံးဖွင့်လိုက်သည်
နှင့်သေချာပေါက်အံ့အားသင့်သွားရ၏....

ဖုန်းထဲမှာ မက်ဆေ့ချ်တွေ အများကြီးရှိခဲ့ပြီး ကုဖေးဆီမှစာတစ်စောင်ဝင်ထားသည်။
- ချစ်သူလေး အိပ်နေပြီလား။

သူအချိန်ကိုကြည့်လိုက်လျှင်ရထားထွက်ပြီး နှစ်နာရီခန့်အကြာတွင်ပို့ထားခြင်းဖြစ်သည်။ကုဖေးကဘူတာမှပြန်သွားပြီးနောက်တွင်ကုမြောင်ကို အရင်ဆုံးအဖော်ပြုပေးပြီးတော့မှ အိပ်ပျော်သွားတာဖြစ်နိုင်ကြောင်း ကျန်ချန်မှန်းဆကြည့်လိုက်၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now