Part 120(unicode)

2.3K 489 27
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 120;

ရွှီရှင်းကျီသည် အလွန်ဖော်ရွေမှုရှိပြီး သူနှင့် စကားပြောရန်လွယ်ကူ၏။အကြောင်းအရာ
မအေးစက်ချင်လျှင်ကြောင်အကြောင်းပြော
ရုံပင်။မင်းကမြောင်ဖြစ်နေလျှင်၊သူသုံးမိနစ်လောက်ထိစကားပြောနိုင်သည်။

ကျန်ချန်ကဲ့သို့ သူစိမ်းများ နှင့်အတူတူရှိစဉ် စကားအလွယ်အတူပြောရန်ရှက်ရွံ့တတ်သူအတွက်၊ရွှီရှင်းကျီကဲ့သို့သောကြောင်များ၏
ကျေးကျွန်များကအလွန်အဆင်ပြေ၏။

ရွှီရှင်းကျီကပြောလာသည်။
"မင်းအခုပြောသွားသမျှကိုငါရေးထားတယ် ငါပြန်ရောက်ရင် ၊အဖြေရှာကြည့်လိုက်မယ်။ငါ့မှာအကြံဉာဏ်ရှိလာရင်မင်းကိုဆက်သွယ်လိုက်မယ်။ တကယ်တော့, ငါတို့အခုလုပ်နေတာကသိပ်ကိုပုံမှန်မဟုတ်တဲ့အတွက် အမှားလုပ်မိဖို့လွယ်တယ်......ဒါပေမယ့်,အရင်လုပ်ကြည့်ရအောင်။ မင်း ထင်တာမှန်သမျှ ငါ့ကို ပြောပြလို့ရတယ်။"

"ကောင်းပြီ။"
ကျန်ချန်ခေါင်းညိတ်လိုက်ပြီးခဏမျှစဉ်းစားပြီးနောက် သူ့ပါးစပ်ကို မဝံ့မရဲဖွင့်လိုက်၏။ "ဟို...ကုန်ကျစရိတ်က....."

ရွီရှင်းကျီက သူ့ကိုကြည့်လာသည်။
"ကုန်ကျစရိတ်?။"

ကျန်ချန်မေးလိုက်တယ်။
"အဲ့ဒါကို ကုသလို့ရရင် ကုသစရိတ် ဘယ်
လောက်ကုန်ကျမှာလဲ....ခန့်မှန်းခြေဘယ်
လောက်,လောက်ရှိနိုင်မလဲ။"

"အရမ်းစျေးကြီးတယ်။"

ကျန်ချန်  "အာ။"  ဟုအာမေဍိတ်သံပြုလိုက်
တယ်။

ရွှီရှင်းကျီက ပြုံးလိုက်သည်။
"နောက်တာပါ။ ငါကူညီနိုင်တယ်ဆိုရင် ,ငါမင်းကိုအခကြေးငွေမယူပါဘူး။ ဒါပေမယ့်, တခြား ကုသမှုတွေရဲ့ကုန်ကျစရိတ်တွေက မနည်းဘူး။တစ်ရက်နှစ်ရက်နဲ့ ပြီးသွားမယ်
လို့ငါမထင်ဘူး။ရေရှည်အတွက်ဆိုရင်တော့တကယ်စျေးမနည်းဘူး။"

"အိုး။"
ကျန်ချန်သည် ရုတ်တရက် ဖိအားများစွာကိုခံစားလိုက်ရပြီး၊သူ့ဦးနှောက်အရှိန်ပြင်းပြင်းဖြင့်လည်ပတ်နေ၏။ ကျူရှင်ပြသောပိုက်ဆံဖြင့်မလောက်ဘူးဆိုတာသေချာတယ်။သူ့မှာ ကျောင်းလခနှင့်နေထိုင်မှုအသုံးစရိတ်တွေရှိသေးသည်။သူ ၎င်းအားလုံးပေးချေပြီးလျှင်
အကြမ်းဖျင်းခန့်မှန်းခြင်းအားဖြင့် စုဆောင်းရန်မဖြစ်နိုင်ချေ။ ကြည့်ရတာ တခြားအလုပ်ရှာဖို့လိုအပ်နေပေမယ့်၊အချိန်ကအရမ်းကြပ်နေသည်။သူလှည့်ကြည့်ရင်းနှင့်မေးလိုက်၏။
"စီနီယာ အကြမ်းဖျင်းခန့်မှန်းပေးလို့ရလား။ ဒါမှပိုက်ဆံကိုဘယ်လိုစီစဉ်ရမလဲဆိုတာကိုကျွန်တော် စဉ်းစားလို့......."

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now