Part 113(unicode)

2.6K 614 63
                                    

Note; MTLကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 113;

"ဘယ်မှ မသွားရဘူးလို့ ပြောနေတယ်လေ!"
ကုဖေး အော်လိုက်ပြီး ငွေရှင်းကောင်တာကို ကန်လိုက်တယ်။
"နေ့လည်ကျ ဆိုင်ကြည့်။ နားလည်လား!"

သူ့အမေက နေရာမှာတင်တောင့်တင်းစွာဖြင့် သူ့ကို စိုက်ကြည့်လာသည်။

"နောက်ဆုံးအကြိမ်ထပ်ပြောမယ်။"
ကုဖေး မတ်တပ်ထရပ်ပြီး သူမကိုလက်ညှိုး
ငေါက်ငေါက်ထိုးပြီးပြောလိုက်တယ်။
"ခင်ဗျားဘယ်မှသွားခွင့်မရှိဘူး၊နေ့လည်ခင်း ဆိုင်ကိုကြည့်ရမယ်။"

"မင်း ဘာလုပ်နေတာလဲ။ ငါကြောက်တယ်။ အော်ကြီးဟစ်ကျယ်နဲ့။မင်းစဥ်းစားကြည့်ဖူးရဲ့လား။မင်း ငါ့ကို အခုလေးတင်အော်လိုက်တယ်။ ဘယ်သားက သူ့အမေကို ဒီလိုအော်
လို့လဲ။"

ကုဖေး ငွေရှင်းကောင်တာကိုထပ်ပြီးဆောင့်ကန်လိုက်တယ်။
"ခင်ဗျားလိုမျိုးအမေ ဘယ်သူရှိလဲ!။ "

ဤကန်ချက်မှာအရမ်းပြင်း၏။သူ့ခန္ဓာကိုယ်ထဲမှဘယ်ညာအတင်းတိုးထွက်နေခဲ့ပြီးထွက်လမ်းရှာမရသောမချင့်မရဲဖြစ်မှုနှင့်မျှော်လင့်
ချက်မဲ့အားလုံးသည် ကန်ထုတ်လိုက်တဲ့ကန်ချက်ထဲမှာနစ်မြှုပ်နေခဲ့သည်။

ငွေရှင်းကောင်တာသည်ကျယ်လောင်သော ဆူညံသံနှင့်အတူ မြေပေါ်သို့ ပြိုကျကာပြီး၊ကောင်တင်ပေါ်ရှိ ပစ္စည်းအားလုံး ကုမြောင်
၏ရှေ့ရှိစားပွဲငယ်ပေါ်ပြုတ်ကျလာသည်။

ကုမြောင်က ခေါင်းမော့၍ မျက်လုံးပြူးကျယ်လျက်သူတို့ကိုကြည့်လာ၏။ သူမ၏မျက်နှာ
ပေါ်မှာစိတ်ဝင်စားမှုအလျဥ်းကင်းမဲ့လျှက်။

ကုဖေး သူမကိုလှည့်ကြည့်လိုက်ပြီး၊သူမ၏
မျက်လုံးများကိုသူ့လက်ဖြင့်အုပ်လိုက်သည့်
အခါ၊ကုမြောင်က မျက်လုံးမှိတ်လိုက်သည်။
သူမသည်အသံတွေနှင့်ပတ်သတ်၍ထင်ဟပ်တုံ့ပြန်လွယ်ခြင်းမရှိချေ။အဘယ့်ကြောင့်ဆိုသော်,အချိန်အများစုတွင် သူမက တခြားသူတွေ၏စကားဝိုင်းအကြောင်းအရင်းကိုနားမလည်နိုင်သောကြောင့်ဖြစ်၏။သူမမြင်သောအရာကို ပို၍နားလည်ပေလိမ့်မည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now