Part 141(zawgyi)

588 44 9
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter ; 141

ကုဖေးသည်လက်နှစ်ဖက်ကိုလွှဲယမ်း၍ရှေ့သို့
ခြေလှမ်းကျဲကျဲ လျှောက်​နေသော ကျန်ချန်ကို
ကြည့်ပြီးသူ့နောက်သို့အမှီလိုက်ကာတင်ပါးကို
ဆိတ်လိုက်၏။

"ဖာ့ခ်!"
ကျန်ချန်ကလန့်ဖျပ်သွားပြီး ရှေ့သို့ခြေတစ်လှမ်း
တိုးကာ သူ့ကိုပြန်ကြည့်လာသည်။

ဤလုပ်ရပ်သည်အနည်းငယ်အရှက်မရှိဗြောင်
ကျလွန်း၏။အနီးတစ်ဝိုက်မှာ တခြားခရီးသွား
များမရှိပေမယ့်၊သူတို့ထဲမှလူတချို့ရှိနေဆဲပင်။
သူ့အနောက်တွင် မြင်းများအပေါ်ဈာန်ဝင်နေတဲ့
ကုမြောင်နှင့်သူ့ဘေးတွင်ကျောက်ခယ်လည်းရှိ
ေ၏။

ကုမြောင်ကတုံ့ပြန်မှုမရှိပေမယ့်၊ကျောက်ခယ်က
သူတို့ကိုကြည့်လာပြီး လည်ချောင်းရှင်းလိုက်၏။
"ငါ ဘာလုပ်သင့်လဲ?။"

ကုဖေး ပြုံးလိုက်တယ်။
"ရှေ့ကိုဆက်သွားသင့်တယ်။"

"အရင်ဆုံးသွားလေ့ကျင့်ရအောင်။သူတို့အား
လုံးလေ့ကျင့်ကွင်းမှာကစားနေကြတာ။"
ကျောက်ခယ်က ပြောလာသည်။
"နောက်နာရီဝက်နေရင်အဲ့မှာပြိုင်ပွဲတစ်ခုလုပ်မှာ
လို့ဘော့စ်ကပြောတယ်။အရင်ကပြိုင်ခဲ့တဲ့ပြိုင်ပွဲ
မှာပထမကသုံးမှတ်ကိုထိတယ်။ နောက်အချီရဲ့အဆင့်ကိုတော့ငါ​မသိဘူး။"

"ငါ နောက်တစ်ချီဝင်ပြိုင်ရင်, "
ကျန်ချန်က ပြောလာသည်။
"အဆင့်သတ်မှတ်ချက် အရမ်းမြင့်လိမ့်မယ်။"

လောက်လေးခွကစားရာတွင်ကျန်ချန်၏တိကျမှု
နှင့်ပတ်သက်၍ကုဖေးသံသယမရှိခဲ့​​ချေ။ ၎င်းကိုသံသယမရှိရုံသာမကဘဲ၊အခြေခံအားဖြင့်သူရည်
ညွှန်းထားတဲ့ပစ်ချင်သောနေရာကိုအကြွင်းမဲ့ပစ်နိုင်သည်။

သို့သော်, လေးပစ်ခြင်းသည်..... ဘာပဲဖြစ်ဖြစ်,
သူကလေးဘယ်လိုကိုင်ရမှန်းတောင်မသိသလို
ကျန်ချန်ရဲ့ဆိုလိုရင်းကိုကြည့်ပြီးဆုံးဖြတ်လျှင်
အရင်က မကစားဖူးတာ ဖြစ်နိုင်သည်။

လေ့ကျင့်ရေးကွင်းတွင်လေ့ကျင့်နေကြသော လူ
အများအပြားရှိပြီး ၊ပစ်မှတ်တစ်နေရာကိုသူတို့ရဲ့
လူများက နေရာယူထားသည်။လူတော်တော်များ
များက ပစ်မှတ်အားအလှည့်ကျ သည်းကြီးမည်း
ကြီးပစ်ခတ်နေပြီးကွင်းဘေးမှာစီးကရက်သောက်
ရင်း သူတို့ကိုသင်ပေးနေတဲ့ဦးလေးသည် "မင်းတို့ပျော်နေသရွေ့ ပျော်ပါတယ်" ဆို​သောမျက်နှာဖြင့်
ပြုံးနေလျှက်ရှိ၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now