Part 124 (unicode)

2.9K 548 48
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 124;

ကျန်ချန်သည်လူတွေကအမှန်တကယ်စကားပြောဖို့ရာလိုအပ်ကြောင်းယုံကြည်ရန် သူ့ကိုယ်သူအတင်း
အကြပ်တွန်းအားပေးခဲ့သည်။

သူစကားမပြောချင်ဘူး။လှုပ်လည်းမလှုပ်ချင်ဘူး။ငြီးငွေ့ဖွယ်ကောင်းလောက်အောင်ချုပ်တည်းထားချင်၏။အနည်းငယ်မျှသောလှုပ်ရှားမှုလေးတောင်မှငြိမ်သက်နေတဲ့ရေအောက်ကြမ်းပြင်မှသဲမြေတွေကိုမွှေနှောက်သွားမှာကို သူကြောက်သည်။

သို့ပေမယ့်တူညီတဲ့စကားလုံးများနှင့်အတွေးများက သူ့စိတ်ထဲမှာအဖန်တလဲလဲရစ်ဝဲနေ၏။သူတို့နှင့်နဖူး
တွေ့ဒူးတွေ့ကြုံလာရချိန်တိုင်း ခြေရာလက်ရာများကျန်ရစ်ခဲ့ပြီး၊အတွေးများဟာလူးလားပျံခတ်နေကာဖြည်းဖြည်းချင်းစုပြုံလာပြီး၊နောက်ဆုံးတွင်သူကျော်ဖြတ်၍မရနိုင်သောတောင်ကြီးသဖွယ်ပြောင်းလဲသွား
သည်။

မင်းပါးစပ်ဖွင့်၍စကားပြောလိုက်တာနှင့်ကိုယ့်အသံကိုပြန်ကြားရမယ်။စကားလုံးတိုင်းကိုပြတ်ပြတ်သားသားကြားရတယ်။မင်းနှလုံးသားထဲမှစကားလုံးတိုင်းမင်းတွေးနေတာ, မကျေနပ်ဘူး ,နစ်နာတယ် , ဒေါသ
ထွက်တယ်။ဦးနှောက်ခြောက်တယ် .........မင်းစကား
ပြောလိုက်သည့်အချိန်တိုင်းမှာစကားတစ်ခွန်းချင်းစီတိုင်းကမင်းအနက်ရှိုင်းဆုံးအပိုင်းတွင်မြှုပ်နှံထားတဲ့ ဦးတည်ချက်ဆီဆွဲခေါ်သွားလိမ့်မယ်။

ဖိုင်နယ်စာမေးပွဲမဖြေမီနောက်ဆုံးအပတ်တွင် ကျန်ချန်သည် ရွှီရှင်းကျီကိုရှာရန် သုံးကြိမ်ဆက်တိုက် B
တက္ကသိုလ်သို့သွားခဲ့သည်။

ရွှီရှင်းကျီက ပြောလာ၏။
"ဒါကစိတ်ပိုင်းဆိုင်ရာအကြံပေးဆွေးနေတာမဟုတ်
ဘူး။မင်း ငါနဲ့စကားပြောတယ်။ မင်းပြောတယ်, ငါကနားထောင်တယ်။"

သိပ်မရင်းနှီးတဲ့လူတစ်ယောက်ရဲ့မျက်နှာမှာပြောလို့ရသောစကားတချို့ရှိသည်။ရွှီရှင်းကျီကကျန်ချန်၏
ရင်ဖွင့်စကားများအတွက်ပြီးပြည့်စုံသောနားထောင်
သူဖြစ်၏။

သူကဘာအကြံဉာဏ်မျှမပေးဘဲတိတ်တိတ်လေး နားထောင်ပြီး တစ်ခွန်းနှစ်ခွန်းပြန်ဖြေတတ်သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now