Part 118 (zawgyi)

782 71 3
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 118;

ကုမြောင်က စာသင်ခန်းထဲမှထွက်လာချိန်၌
သူမနှင့်စကားပြောချင်နေသောကလေးတစ်ယောက်ကိုတွန်းလွှတ်ပြီးတော့၊လမ်းမြန်မြန်လျှောက်လာသည်။

သူမကိုအပြင်မှာစောင့်နေသောကုဖေးသည်
သူမမျက်လုံးနှင့်တစ်တန်းတည်းဖြစ်အောင်
ဆောင့်ကြောင့်ထိုင်၍ သူမကိုတားလိုက်၏။
"အားမြောင်,အခုချက်ချင်းအဲဒီညီမလေးကိုနှုတ်ဆက်လိုက်ပါ"

ကုမြောင်က သူ့ကိုကြည့်လာသည်။ သူမက ကုဖေး၏ဆိုလိုရင်းကိုနားလည်သင့်ပေမယ့် သူ့တောင်းဆိုမှုအကောင်အထည်ဖော်လိုတဲ့
ဆန္ဒမရှိခဲ့ပါချေ။

ကုဖေး ပြောလိုက်တယ်။
"သူ(မ)က မင်းနဲ့စကားပြောချင်ပေမယ့်၊ မင်းသူ့ကိုလျစ်လျူရှုခဲ့တယ်။ မင်း သူ့ကိုကြိုက်ဖို့မလိုဘူး။ဒါပေမယ့်,ယဉ်ကျေးရမယ်။တခြားသူတွေကိုမတွန်းထုတ်ရဘူး။"

ကုမြောင်က အနောက်သို့လှည့်သွားပြီး သူတို့ဆီလျှောက်လာနေသည့်ကလေးကို လက်ဝှေ့
ယမ်းပြပြီးနောက် အေးစက်သောမျက်နှာနှင့် လှည့်ထွက်သွားသည်။

ကုဖေးသက်ပြင်းချလိုက်ပြီး မတ်တပ်ရပ်၍
သူမနောက်သို့လိုက်သွားလိုက်တယ်။

ယခုအခါတွင်ကလေးမလေးသည်အဖွဲ့လိုက်လှုပ်ရှားမှုများ၌ ပါဝင်ရန်တွန့်ဆုတ်နေလျှက်ရှိသည်။သူမဒီနေရာကိုလာသည့်အချိန်တိုင်းကုဖေးသည် သူမကိုဒီနေရာခေါ်လာဖို့အချိန်အကြာကြီးစကားပြောရလိမ့်မည်။

ဤတစ်ကြိမ်တွင်ပါဝင်သောကလေးဆယ်ဦးကျော်မှာငယ်ရွယ်လွန်း၏။ကုမြောင်က သူမ
၏ရွယ်တူချင်းများနှင့် မနှိုင်းယှဉ်နိုင်ပေမယ့် သူမကအရာများစွာကိုနားလည်၏။ကျောင်း
တက်တုန်းကတော့ သူမကလုံးဝလိုက်လျော
ညီထွေအောင်မနေနိုင်ခဲ့ဘူး။

ယခုတွင်မူ ငါးနှစ်ခြောက်နှစ်အရွယ်ပဲရှိသေးသည့်ကလေးငယ်များ၊ထို့ထက်ပင်ငယ်သေး
သည့်ကလေးများဖြစ်၍ သူမနှင့်အတူကစားလို့မရချေ။

ဒါပေမယ့် သူ ဘာလုပ်နိုင်မှာမလို့လဲ။

ကုဖေး ဆိုင်ကယ်နားသို့လျှောက်သွားလျှင်ကုမြောင်က သူမရဲ့စကိတ်ကိုပိုက်ပြီး ဆိုင်ကယ်ဘေးမှာသူ့ကိုစောင့်နေသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now