Part 105 (unicode)

3.2K 630 105
                                    

Part 105 ....

သူသည်တခြားလူတွေကိုနှစ်သိမ့်ပေးရာတွင်မတော်သည့်အပြင်တခြားလူတွေကိုဂရုစိုက်
ရာတွင်လည်း ကျွမ်းကျွမ်းကျင်ကျင် မရှိဘူးလို့ ကျန်ချန် တွေးမိလာသည်။

ဤကား ငယ်စဉ်ကလေးဘဝ တစ်လျှောက်လုံးတွင် သူ့မွေးစားမိဘတွေလက်တွေ့ပြသခဲ့သည့် ပုံမှန်မဟုတ်သောဂရုစိုက်ပုံစိုက်နည်းတွေကြောင့်ဖြစ်နိုင်၏.သူ့အတွက်,သူတို့ဆီမှလာသည့်ချစ်ခင်မှုမှန်သမျှဟာ တောင်းဆိုမှုများ ,ယဥ်ကျေးသိမ်မွေ့မှု အမျိုးမျိုး,ကျိုးကြောင့်ဆီလျော်တဲ့မျှော်လင့်ချက်မျိုးကဲ့သို့ ပိုခံစားခဲ့ရသည်။

ထိုကြောင့်ပေလား ဒါမှမဟုတ် သူ့အသွေးထဲ
ရှိလီပေါင်ကော်ရဲ့မျိုးစေ့ဗီဇကြောင့်ပေလား
သူ,မသိပေမယ့်၊ အဆုံးသတ်တွင်မူ သူသည်
'ဂရုစိုက်ခြင်း' အရည်အချင်းကို ကိုင်စွဲ ထား
သည့်ကျွမ်းကျင်သူတစ်ယောက်မဟုတ်ချေ။သူ့ကိုအပြည့်အဝထောက်ခံသေသူငယ်ချင်းကောင်း၊သူ့တစ်ဦးတည်းသော အရင်းနှီးဆုံးသူငယ်ချင်းအဖြစ်သတ်မှတ်ခံရသူ,ဖန်းကျိသည်ပင် အတိတ်တုန်းက နေမကောင်းဖြစ်ချိန် သို့မဟုတ် ဒဏ်ရာရသည့်အခါများတွင် စာနာနားလည်မှုဆိုင်ရာ စောင့်ရှောက်မှုပေးမှုမျိုး ကျန်ချန်ထံမှ အများကြီးမရရှိခဲ့ပေ။ ကျန်ချန်၏နှစ်သိမ့်မှုကအမြဲတမ်း မာဆတ်
ဆတ်ဖြစ်နေလိမ့်မည်။ဖန်းကျိက"မင်းမမေးရင်ပိုကောင်းလိမ့်မယ်။မင်းမေးတာက ဘယ်
လောက်တောင်အချိုးမပြေလဲဆိုရင် လူတွေ
က ငါတို့ကြားမှာ ပြောမပြနိုင်တဲ့ သမိုင်းတွေ ရှိနေတယ်လို့ ထင်သွားနိုင်တယ်" လို့ပြောခဲ့ဖူး
သည်။

ဒါပေမယ့် ,ကုဖေးနှင့် စတွေ့စဥ်ကတည်းက ကိစ္စတွေအများကြီးပြောင်းလဲသွားခဲ့၏။

သူသည် အခြားလူတစ်ယောက်ကိုဂရုစိုက်ဖို့
သင်ယူတတ်လာပြီး၊ တခြားလူတစ်ယောက်အတွက် သူ့နှလုံးသားကအတိုင်းအတာတစ်
ခုအထိ နာကျင်တတ်ကြောင်း၊ နည်းနည်းမျှ တောင့်ဆတ်မှု သို့မဟုတ် အနေခက်မှု မရှိပဲသူ့နှလုံးသားထဲမှလာတဲ့ ချစ်ခြင်းမေတ္တာကို
မကွယ်မဝှက် လိုလိုလားလားဖော်ပြတတ်ဖို့
သင်ယူတတ်လာခဲ့သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now