Part 137 (unicode)

3K 540 73
                                    


ကုဖေးသည် သူ၏ Momentsတွင် "❤" အနီရောင်အသည်းနှလုံးလေးများကို တန်းစီတင်ခဲ့သော်လည်း ၎င်းတို့ကိုအုပ်စုဖွဲ့ရန်မေ့သွားခဲ့၏။ သုံးမိနစ်အတွင်း ထိုအကြောင်းအရာအောက်မှာတုံ့ပြန်မှုများ ရာနှင့်ချီ
၍ကျော်သွားခဲ့ပြီး ကျန်ချန်ကိုယ်တိုင်ကလည်း
"အဲ့အသည်းနှလုံး​တွေငါ့ကိုပေး၊ငါလက်ခံတယ်"
ဆိုပြီး ရှေ့နောက်တန်းစီနေသောလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။

ကျောက်ခယ်သည် ကျန်ချန်၏ကုတင်အစွန်းကိုပုတ်လာ၏။
"စူပါမားကတ်ကိုသွားမလား။"

ကျန်ချန် ဖုန်းထဲက notepad ကိုပိတ်ပြီးမေးလိုက်တယ်။
"ဘယ် စူပါမားကတ်လဲ။" 

“Luxury စူပါမားကတ်။ငါ အပူခံခွက်ဝယ်ချင်လို့။”

"ကောင်းပြီ။"
ကျန်ချန် ခေါင်းညိတ်ပြီး အိပ်ယာမှထလိုက်သည်။ 
"နောက်ထပ်တစ်လုံးဝယ်ဖို့လား?။မင်းရဲ့အပူခံ
ခွက်ကမကောင်းတော့ဘူးလား?။"

ထိုအခါ ကျောက်ခယ်က ​ပြောလာသည်။
"ကျန်းတန်းထုံ အတွက် ဝယ်မှာ။" 

ကျန်ချန် အနည်းငယ်လမ်းပျောက်သွားသလို
ခံစားလိုက်ရတယ်။
"ဧပရယ်တောင်ရောက်နေပြီ။မင်းကအပူခံခွက်
ဝယ်ချင်သေးတာလား။"

ကျန်းချီးချီးက သက်ပြင်းချလိုက်သည်။
"မင်းမှာချစ်သူရှိနေရဲ့နဲ့ ခွက်နဲ့ခွက်တွေက ထာဝရအတွက်ဆိုတာတောင်မင်းမသိဘူးလား။"

"ဒါဖြင့် မင်း ဘာလို့ စောင် မဝယ်တာလဲ?။"
ကျန်ချန် ပြန်​ပြောလိုက်တယ်။
" အတူတူပဲလေ ။"

ကျောက်ခယ်က သူ့ကိုကြည့်လာသည်။
"မင်းကိစ္စကို  ငါ့ကိုလာညည်းမ​ေနနဲ့။"

"သွားရအောင်။"
ကျန်ချန် အနွေးအင်္ကျီကိုယူလိုက်တယ်။
"ငါလည်း မျက်နှာသုတ်ပုဝါ နှစ်ထည်
သွားဝယ်မလို့။ "

ပိတ်ရက်တွေမှာသူတို့ဘာမှလုပ်စရာမရှိသည့်
အချိန်များတွင် စူပါမားကတ်ကို သွားချင်လျှင်
သူတို့သည်ကျောင်းအပြင်ဘက်ရှိဇိမ်ခံစူပါမား
ကတ်ကို သွားလေ့ရှိပြီးငွေရှင်းဖို့ တစ်နာရီကြာ
အောင်တန်းစီစောင့်ဆိုင်းရ​ေသာဘဝမျိုးထက်
ဆယ်မိနစ်အကြာပဲတန်းစီစောင့်ဆိုင်းရတဲ့ဘဝ
မျိုးကို နှစ်သက်ကြသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now