Part 140 (unicode)

2.5K 420 73
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ 

Chapter;140

မင်းကိုချစ်တယ်။

ဤစကားလုံးသုံးလုံးကကျန်ချန်၏နှလုံးသား
ထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တောက်လောင်နေပြီး တမ်းတမှု၊ရှက်ကိုးရှက်
ကန်းဖြစ်မှုများနှင့်အတူပေါ်ပေါက်ကာထိန်းမ
နိုင်သိမ်းမရလွတ်ထွက်သွား၏။

ကလေးဘဝမှအရွယ်ရောက်သည်အထိမင်းကို
ချစ်တယ်လို့သူပြောခဲ့သည်၊နီးစပ်သော ခန့်မှန်း
အရေအတွက်ကိုတောင်မရေတွက်နိုင်လောက်
ဘူးထင်သည်။ငါမင်းကိုသောက်ရမ်းချစ်တယ်
လို့တောင် နှစ်သက်သောပုံစံဖြင့်ဖန်းကျိတောင်
ပြောခဲ့သည်။

ဒါပေမယ့် သူ့အတွက်,ထိုစကားလုံးသုံးလုံးဟာ ဟာသပြက်လုံးများနှင့်အတူ အမြဲပေါ်လာလိမ့်
မည်။ကုဖေးကိုအဆက်မပြတ်လွမ်းဆွတ်တမ်း
တခဲ့ရတဲ့နေ့ကစပြီး သူ့နှလုံးသားကိုပြောင်းလဲ
ခဲ့ကာသူပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင်
အတည်ယူနေခဲ့ပြီဖြစ်သည်။

ပြီးတော့ လေးနက်တယ်။

မင်းကိုချစ်တယ်!

ဤစကားလုံးသုံးလုံးအားဘယ်အချိန်နှင့်ဘယ်
လိုအခြေအနေမျိုးမှာ သေသေချာချာ ပြောနိုင်
မည်မှန်း သူမသိပေ။

ထိုစကားလုံးသုံးခွန်းအားလုံးဝပြောစရာမလိုပဲ
နှင့်တောင်မင်းအပေါ်မှာထားတဲ့ငါ့ရဲ့ခံစားချက်
မင်းငါ့အပေါ်မှာထားခဲ့တဲ့ ချစ်ခင်ကြင်နာမှုများ
သည် သူတို့တစ်ယောက်ချင်းစီ၏နှလုံးသားထဲ
မှာ သိဖို့လုံလောက်တယ်လို့ သူ ေတွးခဲ့သည်။

ဒါပေမယ့်,

မင်းကိုချစ်တယ် !

တောက်ပသောနေအလင်းရောင် ,ကျယ်ပြန့်
သောမြက်ခင်းပြင် နှင့်ကြည်လင်ရွှင်ပြသော
ကမ္ဘာကြီး

သူသဘောကျဖို့အရမ်းကြိုးစားခဲ့ရတဲ့ကြည့်
ကောင်းတဲ့အမျိုးသားသည်ရွှေအိုရောင်လွှမ်း
ခြုံနေကာ မြင်းနက်ကြီးကိုစီးပြီး  ဒီစကားလုံး
သုံးလုံးသူ့အားပြောလာတာကိုကြည့်မိသည်။

ပိုကောင်းတဲ့အချိန်ဆိုတာဘယ်တုန်းကမှမရှိခဲ့
သလိုပိုကောင်းတဲ့နေရာဆိုတာလည်းမရှိချေ။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now