Part 136 (unicode)

3.3K 558 56
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 136;

ခရီးဆောင်အိတ်မပါဘဲနှင့်အပြင်ထွက်ခြင်းသည်
ကောင်းမှန်းကျန်ချန်ခံစားမိ၏။အဘယ်ကြောင့်ဆိုသော်သိမ်းဆည်းထုပ်ပိုးစရာဘာတစ်ခုမျှမရှိသော
ကြောင့်ခွဲခွာခြင်းရဲ့အငွေ့အသက်ကို ကြိုပြီးခံစား
မိ​လိမ့်မည်မဟုတ်ချေ။

ကုဖေးကအိတ်အလွတ်တစ်လုံးတောင်းဖို့ဧည့်
ကြိုကောင်တာဆီ ထွက်သွားသည်။ ထို့နောက်
ဖန်ပုလင်းကိုထုပ်ပြီးအိတ်ထဲမှာထည့်ပြီနောက်
ဘာမှသိမ်းဆည်းထုပ်ပိုးစရာမရှိတော့ချေ။

ကျန်ချန်အိမ်သာထဲသို့ဝင်၍ကြည့်လိုက်တယ်။  မနေ့ကသူလျှော်ဖွပ်ပြီးအခြောက်ခံထားသည့် အတွင်းခံဘောင်းဘီကပျောက်နေ၏။
"ငါ့အတွင်းခံ ဘယ်မှာလဲ?။" 

"ငါ့အိတ်ထဲမှာ, အတွင်းခံကခြောက်သွားပြီ။"

"ဖန်ပုလင်းနဲ့အတူသိမ်းလိုက်တာလား။"
ကျန်ချန် ဆက်ပြောလိုက်တယ်။
"​ပြီးမှ ယူဖို့မမေ့ခဲ့နဲ့။"

ကုဖေးက သူ့ကိုကြည့်လာသည်။
"စုတ်ပြတ်နေတဲ့အတွင်းခံလေးတစ်ထည်ပဲကို။"

ကု​ဖေးကို ကျန်ချန် ​ပြန်ကြည့်လိုက်တယ်။
"မစုတ်သေးပါဘူး။"

ကုဖေးကစကားမပြောဘဲကျစ်သပ်လိုက်၏။

ကျန်ချန်လည်း ကျစ်ခနဲစုပ်သပ်လိုက်တယ်။
"မင်း ဖြစ်ချင်တာကို ပြောလိုက်။ "

"မင်းငါ့ဟာဝတ်ထားတာ​ေလ။" 

"အိုး...."
ကျန်ချန် ခေါင်းငုံ့၍ခါးထက်ရှိဘောင်းဘီရှည်
ကိုအသာဟပြီးတစ်ချက်ငုံ့ကြည့်လိုက်တယ်။
"မင်းမှာဒီအတွင်းခံတစ်စုံပဲရှိတာမဟုတ်လား၊ မင်း
ငါ့ကို ပေးလိုက်ရင်၊ဝတ်စရာမရှိတော့ဘူးမ​လား။"

ကုဖေးက ခေါင်းညိတ်ပြသည်။
"အင်း။" 

ကျန်ချန် မျက်နှာမကောင်းစွာဖြင့်ပြောလိုက်တယ်။
"နောက်ကျရင်ဝက်သုံးထပ်သားဝယ်ဖို့ သူများဆီမှာကတ်တစ်ကတ်ကိုယွမ်တစ်ထောင်လောက်မသွင်းခဲ့နဲ့။အတွင်းခံအရင်ဝယ်သင့်တယ်။"

ကုဖေးက ပြုံးလာသည်။
"မင်း အဲ့ဒီယွမ်တစ်ထောင်ကိုဘာလို့မှတ်မိနေ
သေးတာလဲ။" 

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now