Part 106 (unicode)

2.8K 597 92
                                    

Chapter 106;ချန်ကော,မင်းကိုယ်တိုင်တကယ်လာမကြည့်တော့ဘူးလား။

ဤနှုတ်ဆက်ပွဲညစာသည် ကျန်ချန်အတွက် အနည်းငယ် လွမ်းဆွေးဖွယ်ရာ ဖြစ်ခဲ့သည်။

လောင်ရွှိ၏မိန့်ခွန်းစကားပြောမှုအဆုံးသတ် သွားပြီးနောက်တွင် တခန်းလုံးစာအပြည့်လူတွေက စိတ်ပိုင်းဆိုင်ရာရောထွေးနောက်ကျိသောအခြေအနေသို့သက်ဆင်းသွားကြ၏။
အတော်များများက ထမင်းစားလက်စလမ်းတစ်ဝက်လောက်မှာစတင်ငိုယိုလာကြပြီး--
အစပိုင်းတွင်,ငိုနေတဲ့သူများကမိန်းကလေးတွေ ဖြစ်သော်လည်း,ယောက်ျားလေးတွေလည်း သူတို့နှင့်အတူ မျက်ရည်ကျသူက,
ကျလာသည်။

အရက်ကိုတစ်ကျိုက်မော့သောက်ပြီးနောက်
တွင် အချင်းချင်းတို့ဝှေ့ပူးကပ်၍ ကုန်းအော်
ငိုနေကြ၏.ထိုသူတွေဟာစကားများထားပြီး
သဘောထားကွဲလွဲ၍ငြင်းခုန်ရန်ဖြစ်ထားကြ
သူများဖြစ်သော်လည်း -- ဤအခိုက်အတန့်လေး၌သူတို့၏သဘောထားကွဲလွဲမှုအားလုံး
ကရေခဲကဲ့သို့ အရည်ပျော်သွားခဲ့၏။ ထမင်း
လက်ဆုံစားပြီးသည့်နောက်ဤတံခါးပေါက်
မှထွက်သွားပြီးနောက်တွင် အငြင်းပွားမှုတွေဆက်ရှိနေအုံးမည်ဖြစ်ပေမယ့်,အခုအချိန်၌ သူတို့အားလုံးဟာအတန်း-၈၏အတန်းသားတွေသာဖြစ်လေ.သည်။

အစားအသောက်ကိုများများစားစားမစားရသေးသော်လည်း,အရက်ကိုဖြင့်နှစ်ခါမျှမက ပြည့်အောင်ဖြည့်ပြီးပြီဖြစ်နေသည်။အခြား ဘာသာရပ်ဆိုင်ရာ ဆရာတွေ အချို့က ဝင်ရောက်တားဆီးဖို့ ကြိုးစားကြပေမယ့်လည်းလောင်လုဆီမှစကားတစ်ခွန်းဖြင့် အားလုံး
ကမျိုသိပ်လိုက်ကြတယ်။လောင်လုကပြောလာ၏။
"ဒါက နောက်ဆုံးအကြိမ်ပဲ,သူတို့ကို သောက်ခွင့်ပြုလိုက်ပါ။ ဘာပဲဖြစ်ဖြစ်,အရက်တွေက မျက်ရည်တွေအဖြစ်ပြန်ထွက်လာတာပဲကို။"

ကျန်ချန်က ဘီယာနှစ်ခွက်မျှသာသောက်ခဲ့
တာဖြစ်သည်။လွမ်းဆွေးဖွယ်ရာခံစားချက်
မှလွဲ၍ ကျန်အတန်းဖော်များကဲ့သို့ နက်ရှိုင်း
သောခံစားချက်မျိုး မခံစားခဲ့ရချေ။

အဆုံးသတ်တွင်မူ ,သူ ဒီလူတွေနှင့် အတူတူနေခဲ့ရတဲ့အချိန်ကမကြာလိုက်ပေ။သူတို့ထဲမှ တော်တော်များများ၏နာမည်ကို သူ,မခေါ်ခဲ့ဖြစ်ဘူး။အတန်း-၈နှင့်ပတ်သတ်၍ နက်ရှိုင်း
သောခံစားချက်များကိုမခံစားခဲ့ရခြင်းသည်လွမ်းဆွေးရခြင်းအကြောင်းရင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်၏။အရင်အထက်တန်းကျောင်း မှအတန်းဖော်ဟောင်းများကိုပြန်တွေးကြည့် လျှင်လည်း,ဖန်းကျိမှလွဲ၍အနည်းနှင့်အများ အတူတူပင်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now