Part 109 (unicode)

3K 613 58
                                    

Chapter 109;"ဒုတိယ ကုဖေး ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး။"

ကျန်ချန်သည်သူ့လက်ဖျားဆီမှပူနွေးနေမှုကိုပြန်တွေးနေမိ၏။ ကုဖေး မျက်လုံးမှိတ်လိုက်ချိန် သူ့ မျက်လုံးထောင့်မှမျက်ရည်တစ်စက်သည် သူ့ လက်ချောင်းထိပ်ပေါ်ကျလာသော
ကြောင့် မျက်ရည်၏ပူနွေးမှုကို ခံစားမိနေဆဲဖြစ်သည်။

ကုဖေး၏ခံစားချက်တွေကိုသယ်ဆောင်လာတဲ့ အနွေးဓာတ်လေး။

ကျန်ချန်သည် သူ့နှလုံးသားကို တစ်ယောက်
ယောက်ကဖမ်းဆုပ်၍ဖျစ်ညှစ်ထားသကဲ့သို့
ခံစားနေရသည်။နှလုံးသားနာကျင်မှုကြောင့် ထွန့်ထွန့်လူးနေလျှက်ရှိ၏။

သူသည် စကားတစ်ခွန်းမှ မပြောနိုင်၊ သူဘာပြောသင့်သည်ကိုလည်း မသိချေ။ကုဖေးက သူ့ခံစားချက်တွေကို ဘယ်တော့မှ ထုတ်မပြဘူး။သူက ကျန်ချန်ရှေ့မှာတောင်သူ့ကိုယ်သူ အတတ်နိုင်ဆုံး ထိန်းချုပ်ထားနိုင်သည်။

ဤကား ဒုတိယအကြိမ်ဖြစ်၏။

ပထမဆုံးအကြိမ်,မှောင်မိုက်သောမြစ်ကြမ်း
ပြင်၌ ကုဖေးကို ကျန်ချန်မြင်ဖူးခဲ့သည်။  သူ မျက်လုံးမှိတ်လိုက်တယ်။

ဒုတိယအကြိမ်တွင်, ကုဖေးသည် သူ့လိုမျိုး ခွဲခွာခြင်းနှင့်လွမ်းဆွတ်ခြင်းကြောင့်စိတ်ထိ
ခိုက်နာကျင်နေသည်ကို တွေ့လိုက်ရသည်။

ကျန်ချန်သည် ဘာစကားမျှမပြောနိုင်ခဲ့ချေ။အကယ်၍သူပါးစပ်ဖွင့်လိုက်လျှင်ကုဖေးနှင့်
အတူ မျက်ရည်များအိုင်ထွန်းသွားလိမ့်မည်။

သူ အခုအချိန်မှာငို၍မရ။ကုဖေးရဲ့တမ်းတမှုဝန်ထုပ်ဝန်ပိုးကို ထပ်တိုးဖြည့်၍မရ။ ကုဖေး
ကိုပဲ ဖက်ထားချင်ပြီး၊ သူ့ရင်ခွင်ထဲတွင် သူ့တည်ရှိမှု,သက်ဝင်လှုပ်ရှားပြီးနွေးထွေးမှုကို ကုဖေးကိုသိခွင့်ပေးချင်မိသည်။

ယခုအချိန်တွင် သူအလိုရှိသောအရာမှာ သူ့
လက်မောင်းများကြားတွင် ကုဖေး၏ခိုင်မာတောင့်တင်းတဲ့ကိုယ်အလေးချိန်ကို ပွေ့ဖက်
ထားနိုင်ဖို့သာဖြစ်သည်။

ရေချိုးခန်းထဲတွင်အရမ်းတိတ်ဆိတ်နေ၏။ တစ်ခုတည်းသောအသံမှာ ပန်ကာ၏တဝီဝီလည်သံဖြစ်သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now