Part 129 (unicode)

2.7K 507 72
                                    


Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 129;

ကျန်ချန် တိုက်ခန်းဆီပြန်ရောက်လာချိန်တွင်
ဖန်းကျိကရေခဲသေတ္တာရှေ့မှာရပ်နေလျှက်ရှိ
သည်။

ကျန်ချန်မေးလိုက်တယ်။
"စားစရာရှာနေတာလား။"

"မဟုတ်ဘူး။"
ဖန်းကျိသည်ပလတ်ခေါင်းပင်မထိုးထားသည့်ရေခဲသေတ္တာအလွတ်ကိုကြည့်လိုက်သည်။ "ရေခဲသေတ္တာရှေ့မှာရပ်နေရင်းငတ်သေသွားတဲ့အံ့ဖွယ်ဖြစ်ရပ်ကို ငါတွေ့ကြုံခဲ့တာ။"

"အပြင်ထွက်စားဖို့ နောက်ထပ် နာရီဝက်လောက်စောင့်ဦးနော်။"

"မင်းညစာကိုကုဖေးနဲ့အတူမစားဘူးလား။"
ဖန်းကျိက ရေခဲသေတ္တာတံခါးကိုပိတ်ပြီး သူ့ကို
ကြည့်လာသည်။

"မစားဘူး။မကြာခင်နှစ်သစ်ကူးအကြိုရောက်တော့မယ်။သူ့အိမ်မှာလုပ်စရာတွေအများကြီး ရှိတယ်။သူနှစ်သစ်ကူးပစ္စည်းတွေဝယ်ပြီးပြင်ဆင်ရဦးမှာ၊စကား
မစပ်..........သူက ငါတို့ကိုနှစ်သစ်ကူးညစာအတွက် သူ့အိမ်လာခဲ့ဖို့​မေးနေတယ်။"

"အင်း။"
ဖန်းကျိကဧည့်ခန်းဆီသို့ပြန်လျှောက်လာပြီး ဆိုဖာပေါ် မှာလှဲလိုက်သည်။
"မင်းသဘောတူလိုက်လား?။"

"အင်း။"
ကျန်ချန် ခေါင်းညိတ်လိုက်တယ်။

ဖန်းကျိကပြောလာသည်။
"ဒါဆို မနက်ဖြန် နှစ်သစ်ကူး ပစ္စည်းတွေသွားဝယ်ကြရအောင်။မင်းအတွက်ကိစ္စမရှိပေမယ့် ငါကျ​ေတာ့နှစ်သစ်ကူးအကြိုကိုလက်ဗလာနဲ့သွားလို့မသင့်တော်ဘူး။"

"မနက်ဖြန်.......ကုမြောင်အတွက်ကြောင်တစ်ကောင်ဝယ်ဖို့ ကုဖေးနဲ့အပြင်သွားမလို့။"

ဖန်းကျိကခဏမျှအံ့အားသင့်နေပြီးနောက်သူ့
ကိုစိုက်ကြည့်လာ၏။
"မင်းတို့နှစ်ယောက်...ပြန်အဆင်ပြေသွားပြီ
လား။"

"မဟုတ်ဘူး။"

ဖန်းကျိက "အိုး။" ဟုတုံ့ပြန်ဖြေလာသည်။

ကျန်ချန်တီဗွီကိုဖွင့်လိုက်တယ်။ဤအချိန်တွင် သူကြည့်စရာဘာမှမရှိချေ။သူသည်ပြည်တွင်းရုပ်သံလိုင်းကိုဖွင့်ထားပြီးသတင်းများကိုနားထောင်လေ့
ရှိသည်။သတင်းအများစုသည်ပျင်းရိဖွယ်ကောင်းသော်လည်းရံဖန်ရံခါတွင်စိတ်ဝင်စားစရာများအားတွေ့နိုင်သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now