Extra -3 (unicode)

1.7K 318 31
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ 

Chapter; 148

ကုဖေးသည် နေ့လည်တွင်အတန်းချိန်တစ်ချိန်သာရှိပေမယ့်လက်ထောက်ဆရာတစ်ယောက်အနေနှင့်အလုပ်ရှုပ်နေဆဲဖြစ်၏။ယနေ့မွန်းလွဲပိုင်း၌ကျောင်း
အုပ်ကြီးကဗျူရိုကိုသွားခဲ့သည်။သူသည်ရင်းနှီးပွင့်လင်းစွာစကားပြောဖို့ ကျောင်းသားနှစ်ယောက်အား ခေါ်သွားကာ၊ကျောင်းသားမိဘတစ်ဦးကိုပင်လက်ခံ
ခဲ့၏။

နောက်ဆုံး ကိုယ်ပိုင်စာကြည့်ချိန်တန်းအတွက်
ကုဖေးက စာသင်ခန်း၏အနောက်တံခါးပေါက်
ကြားမှ တိတ်တဆိတ်ထွက်ပေါ်လာလေ့ရှိသော
လူအိုကြီးရွှီ ကဲ့သို့ပင် စာသင်ခန်းသို့သွားကြည့်
ရမည်ဖြစ်သည်။

သူသည်အခန်းတံခါးဝမှာရပ်ရင်းတစ်ခါတစ်ရံ
ရယ်ချင်လာ၏။

သူသည်အတန်းထဲတွင် အိပ်မောကျနေသော၊
လေးလုံးထွားနေသော၊ဝတ္ထုများဖတ်နေသော
အလယ်တန်းကျောင်းသားများအား ကြည့်ပြီး
မကြာသေးခင်က သူ့​ရဲ့ အထက်တန်းကျောင်း
သားဘဝအကြောင်းအားတွေးပြီး အိပ်မက်ကဲ့
သို့ ခံစားလိုက်ရသည်။

သူ စာသင်ခန်းနောက်တံခါးအားတွန်းဖွင့်လိုက်သည်နှင့်တံခါးမှ"ကျွီခနဲမြည်သံ"ထွက်ပေါ်လာ
ပြီး စာသင်ခန်းအတွင်းကြွက်ကြွက်ညံနေသော
ဆူညံသံများက တံခါးချပ်တစ်ဝက်ပွင့်လာချိန်
ချက်ချင်းတိတ်ဆိတ်သွားသည်။

အလယ်တန်းကျောင်းသားလေးများသည်ငယ်
ရွယ်သေး၏။ ကျောင်းသားအများစု၏ အမြင်
တွင်ဆရာရဲ့အခွင့်အာဏာကရှိနေဆဲဖြစ်သည်
ထိုအရာက အထက်တန်းကျောင်းနှင့် မတူပေ။
လောင်ရွွှီတစ်ယောက် တံခါးပေါက်မှ ထွက်ပေါ်
လာချိန်တိုင်းကိုယ်ပျောက်အဓိပ္ပါယ်သက်ရောက်
မှုရှိပုံရသည်။

ထို့အပြင်,လက်ထောက်ဆရာသည် သံမဏိစက်ရုံ၏ဂန္ထဝင်ဘော့စ်တစ်ယောက် ဖြစ်နေ
သောကြောင့်လည်း ဖြစ်နိုင်၏။

ကျောင်းသားများကြားတွင်သူ၏ဂုဏ်သတင်းမည်သို့ပျံ့နှံ့သွားကြောင့်ကုဖေးမသိဘူး။ယင်း
ကိုကြားသောအချိန်တွင် သူ လူသတ်ချင်စိတ်
အပြည့်ခံစားခဲ့ရသေးသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now