Part 98 (unicode)

3.2K 637 108
                                    

Part 98...

ချစ်သူများနေ့နှင့်ပတ်သတ်၍အဓိပ္ပါယ်တစ်
ခုခု ဒါမှမဟုတ် အခြားတစ်ခုခုကို ကျန်ချန် ဘယ်တုန်းကမျှ မခံစားခဲ့ရဘူး။ ဒါပေမယ့်
ဒီတစ်နှစ်တော့ သူ့ဆီမှာ အဓိပ္ပါယ်တစ်ချို့
ခံစားဖို့ရန်အခွင့်အရေးရှိလာချိန်တွင်လည်း
ထိုအကြောင်းနှင့်ပတ်သတ်၍ အချိန်မရှိမှု
နှင့်သာ အဆုံးသတ်သွား၏။

ဤကဲ့သို့သော ဓလေ့ထုံးတမ်းများပေါ်တွင်
သူအများကြီး အရေးတယူ မထားတတ်ပေ။
သူတစ်ယောက်တည်းစာကျက်၊မေးခွန်းတွေ
ကိုဖြေရှင်းလိုက်၊ စာပိုဒ်တွေအလွတ်ကျက်
မှတ်လိုက်နှင့်အလုပ်ရှုပ်နေခဲ့၏။သူ့မြင်ကွင်း
ဟာ အမျိုးမျိုးသောဘာသာရပ်တွေ၏ သင်ထောက်ကူစာအုပ်များနှင့်ပြည့်နေပေမဲ့၊ သူ့
မျက်လုံးထောင့်စွန်းတွင် အိပ်ယာပေါ်မှာဖုန်း
သုံးနေသည့် သူ့ကောင်လေးရှိနေခဲ့သည်။

ချစ်သူများနေ့သည် မိနစ်အနည်းငယ်သာလို
တော့၏။

အပြင်ဘက်တွင်နှင်းကျနေလျှက်ရှိသည်။သူ့
ပြတင်းပေါက်ကို ဖြတ်တိုက်သွားတဲ့မြောက်
ပြန်လေညင်း၏ တဝူးဝူးတိုက်ခတ်သံကိုပင်
သူ ကြားနေရသည်။အသံနှင့်တင် သူ့ကို အေးစိမ့်သလို ခံစားလိုက်ရ၏။

သို့သော် အခန်းထဲတွင်မူတိတ်ဆိတ်နေလျှက်ရှိသည်။ အပူပေးစနစ်ရယ်၊ညလယ်စာမုန့်၊သူ့ဘာသူ တိတ်တိတ်လေး စာပိုဒ်တွေရွတ်ကျက်နေသည့်အသံနှင့်စာရွက်ပေါ်တွင်ခဲတံရေးခြစ်နေသည့်အသံတွေသာရှိ၏။ပြီးလျှင် သူ့ကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ ငြိမ်းချမ်းမှုပေးစွမ်းနိုင်သည့် .....ကုဖေးလည်းရှိတယ်။

လက်ဆောင်တွေ၊ဓလေ့ထုံးစံတွေနှင့်နှိုင်းပြီး
ယှဉ်ကြည့်လျှင်,ဤကဲ့သို့ လက်တွေ့ဘဝနှင့်
နီးစပ်သောမြင်ကွင်းကမှ သူ တကယ်အလိုရှိဆုံးဖြစ်သည်။

ငါ့ရဲ့ဘယ်ဘက်ပခုံးပေါ်မှာ စာမေးပွဲရှိနေပြီး,ညာလက်ပခုံးပေါ်မှာ အချစ်ရှိနေတယ်။

အို့..ယို့ ယို့.....

အားလုံးပဲမင်္ဂလာပါဗျာ,ပြိုင်ပွဲဝင်ကျန်ချန်ရဲ့ စိတ်ဖြင့်တိုက်ရိုက်ထုတ်လွှင့်မှုပထမပိုင်းမှ ကြိုဆိုပါတယ်။ မကြာသေးမီက,ပြိုင်ပွဲဝင် ကျန်ချန်ဟာ သူ့ရဲ့အန်နာဂျီတွေအားလုံးကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြိုင်ပွဲရဲ့ပြန်နွှေးခြင်းကဏ္ဍတွင် ထားခဲ့ပါတယ်။ နည်းပြ X ရော,ခင်ဗျားရဲ့အတွေ့အကြုံပေါ် မူတည်ပြီး သူ့လက်ရှိအခြေအနေကို ခင်ဗျားဘယ်လို
ထင်လဲ....

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now