Part 119(unicode)

2.3K 514 10
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 119;

မျက်မှန်တပ်ထားသောလူက သူတစ်ခါဆုံဖူးသောကျောက်ကျင့်၏စီနီယာဖြစ်ကြောင်းကို သတိရသော်လည်း၊သူ့နာမည်ကိုမူ ကျန်ချန်မမှတ်မိတော့ပေ။

ကျန်ချန်သည် ကျောက်ခယ်ကိုအသံတိုးတိုးဖြင့်အမြန်မေးလိုက်၏။
"ကျောက်ခယ်,ဒီစီနီယာရဲ့မျိုးရိုးအမည်က.."

သို့သော် ကျောက်ခယ်ကပြောသည်။
"ငါက ကျန်းတန်းထုံလည်းအတူတူလာမယ်ထင်တာ။ဘာလို့မလာသေးတာလဲ။"

ကျန်ချန် ဆက်မေးလိုက်တယ်။
"ချိန်းထားတဲ့အချိန်မရောက်သေးလို့ပါ။စီနီယာရဲ့အမည်..."

"ငါ သူ့ကိုဖုန်းဆက်မေးသင့်လား။တကယ်
တော့,သူနဲ့အတူတူလာလို့ရအောင်ငါသူ့ကိုစောင့်လိုက်သင့်တယ်။သူ ငါနဲ့ အတူမလာချင်တာကြောင့်လား။"

ကျန်ချန်သက်ပြင်းချလိုက်တယ်။
"ကိစ္စတစ်ခုခုဖြစ်ရင် သူပြောပါလိမ့်မယ်။အဲ့ဒီစီနီယာ.....ယီးပဲ,မမေးတော့ဘူး။"

ထိုအခါ ကျောက်ခယ်ကပြောလာ၏။
"ရွှီရှင်းကျီ။"

"အို..."
ကျန်ချန်ခေါင်းညိတ်လိုက်တယ်။
"ငါက မင်းမကြားဘူးလို့ ထင်တာ။"

"ငါနည်းနည်းစိတ်လှုပ်ရှားနေလို့။ငါ အထက်
တန်းဒုတိယနှစ်ကတည်းက ကျန်းတန်းထုံ နဲ့ အတူမစားရတော့ဘူး။ငါ့အစ်မက သူအပြင်ထွက်တဲ့အချိန်တိုင်း ငါ့ကို မခေါ်ဘူး။"

ကျန်ချန် သက်ပြင်းထပ်ချလိုက်တယ်။
"မိန်းကလေးနှစ်ယောက် ဈေးဝယ်ထွက်ကြတာလေ။မင်းကိုခေါ်သွားလည်းအနှောက်အ
ယှက်ဖြစ်တာကလွဲလို့ဘာမှအကျိုးမရှိဘူး။"

ကျောက်ကျင့်ကသူတို့ဆီလျှောက်လာသည်။
"တန်းထုံက ငါ့ဆီဖုန်းဆက်တယ်။ဆယ်မိနစ်နေရင်ရောက်လာလိမ့်မယ်။"

ကျောက်ခယ်ကပြန်ပြောလိုက်၏။
"သူ မလာလည်း အဆင်ပြေပါတယ်။"

ကျန်ချန် သူ့ကိုကြည့်ဖို့ရန်ခေါင်းကိုဆတ်ခနဲ လှည့်လိုက်ပြီး အသံနိမ့်၍ပြောလိုက်တယ်။
"မင်းရဲ့ ဦးနှောက်ချောင်ချောင်ထဲကအရည်တွေသွားယူခဲ့ဦး။ "
[TN; ဦးနှောက်ထဲမှာ ဦးနှောက်မရှိဘဲ ရေတွေပဲရှိတယ်။]

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now