Extra - 2 (unicode)

1.7K 313 48
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 147;

ဖန်းကျိကပြောခဲ့သည့်အတိုင်းတကယ်ရောက်
လာခဲ့သည်။ကျန်ချန်ဘူတာရုံမှာသူ့ကိုသွားကြို
တဲ့အချိန်ဖန်းကျိမျက်နှာကို သေသေချာချာစစ်
ဆေးကြည့်လျှင်မထိမခိုက်ထားချေ။အိမ်မှာ​နေ
စဥ်အတွင်းသူသည်သူ့အမေဆီမှအရိုက်ခံထား
ရပုံမပေါ်ပေ။

သူကမ်းပေးလာတဲ့အိတ်ကို ကျန်ချန်ယူလိုက်တယ်။
"မင်းအမေက မင်းကို နေ့တိုင်း စိုက်ကြည့်နေတယ်
လို့ ပြောခဲ့တာမဟုတ်ဘူးလား?။"

ဖန်းကျိက ပြောလာ၏။
"ငါ ဖဲကစားတာကိုဆက်ပြီးသည်းမခံနိုင်တော့
ဘူး။တကယ်တော့ငါ့ကိုနေ့တိုင်းစောင့်ကြပ်နေ
တဲ့ငါ့အမေအတွက်တော​့ စိတ်မကောင်းပါဘူး။
နောက်ထပ်ဖဲရိုက်ဖို့မလိုတော့ဘူး။လူတွေ
နေ့တိုင်းလာကစားမှာကိုလည်းခွင့်မပြုနိုင်ဘူး။"

"အခုချိန်လောက်ဆို သူ(မ)သိသွားလောက်ပြီ
မဟုတ်လား။"

"အင်း, ဒါပေမယ့် ငါ သူ့ဖုန်းနံပါတ်ကို blacklist (နာမည်ပျက်စာရင်း)သွင်းထားတယ်။သူ(မ)က
လောလောဆယ်တော့ဖုန်းမခေါ်နိုင်ဘူး။"
ဖန်းကျိက သူ့ပုခုံးပေါ်လက်တင်လာသည်။
"သွားစို့, ကုဖေးကအလုပ်ပိတ်ရက်လား?။နေ့လည်ကျရင် အသားကင်သွားစားဖို့ ​သူ့ကိုမေးလိုက်မယ်။"

ကျန်ချန် အံ့အားသင့်သွား၏။
"နေ့လည်လား?။"

"ညဘက်ကျ သိုးသားစွတ်ပြုတ်။"
ဖန်းကျိကဆက်ပြောလာသည်။
"ငါစီစဉ်ထားပြီးသား။"

"မင်းရဲ့ ခရီးဆောင်အိတ်ကို ထား...."
ကျန်ချန်သည်ဖုန်းအားကိုင်ထားသောဖန်းကျိကို
တစ်ချက်ကြည့်လိုက်လျှင် အိတ်သေးသေးတစ်
အိတ်ပဲကိုင်ထားတာ တွေ့လိုက်ရ၏။
"မင်းဘာမှမယူလာဘူးလား?။"

"ငါ တစ်ခုခုနဲ့ ဘယ်လိုပြေးနိုင်မလဲ?။ ငါ ဘာမှ
မယူလာတာတော့ မဟုတ်ဘူး။"
ဖန်းကျိက သူ့လက်ထဲမှအိတ်ကို လက်ညှိုးထိုး
ပြလာသည်။
"ငါ ယူလာတဲ့အိတ်က၊မြောင်မြောင် အတွက်။"

"မင်း အားမြောင် အတွက်တစ်ခုခုဝယ်ခဲ့တာလား?။"
ကျန်ချန် အံ့ဩသွား၏။
"မင်း ဘာလို့ ဒီလောက်ယဉ်ကျေးနေတာလဲ?။
မင်းဘာဝယ်ခဲ့တာလဲ?။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now